backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြာင်းအလဲတွေ၊ စားသောက်နေထိုင်ပုံတွေကြောင့် တချို့သော သွားပြဿနာများ ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် မိခင်အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဂရုစိုက်ကြတာဖြစ်လို့ သွားကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ မေ့တတ်ကြပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ နဲ့ ဖြေရှင်းနည်းများ

    ကိုယ်ဝန်နုချိန်မှာ အန်တာရော၊ ခဏခဏ စားတာကြောင့်ရော သွားကြွေလွှာတွေက အက်စစ်နဲ့ မကြာခဏ ထိတွေ့ရတတ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ရင့်လာတဲ့အခါ စားချဉ့်ရည်ဆန်တက်တဲ့ ပြဿနာလည်း ဖြစ်လာတာကြောင့် သွားကြွေလွှာက အက်စစ်နဲ့ ထပ်ထိတွေ့ရပြန်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာ သွားကြွေလွှာတွေက အက်စစ်နဲ့ ဆက်တိုက် ထိတွေ့နေရမှာပါ။

    ဖြေရှင်းနည်း – ဒါကိုဖြေရှင်းဖို့ဆိုရင် စားသောက်တဲ့ ပုံစံကို ပြောင်းဖို့ လိုပါတယ်။ ခဏခဏ အန်နေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အအန်သက်သာဆေးတွေ မှီဝဲနိုင်ပါတယ်။ အန်ပြီးသွားတဲ့အခါမှာလည်း အက်စစ် ဓာတ်ပြယ်အောင် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ ဖျော်ပြီး အာလုပ်ကျင်းပေးရပါတယ်။ သွားတွေ မပျက်စီးအောင် အန်ပြီးပြီးချင်းမှာ သွားမတိုက်ဖို့၊ သွားပွတ်တံကို အနုစားတွေပဲ သုံးဖို့ လိုပါတယ်။ သွားကြွေလွှာတွေ ပျက်စီးတာ သက်သာဖို့ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို တိုက်ပေးနိုင်ပါတယ်။

    အရွယ်ရောက်ပြီး အမျိုးသမီး ၄ယောက်မှာ ၁ယောက်က သွားပိုးပေါက်ရှိပါတယ်။ ထမင်းကို အဓိကထားစားတဲ့ မြန်မာနိုင်ငံမှာဆို ပိုတောင် များပါသေးတယ်။ ကာဘိုဟိုက်ဒရိတ်ကို ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားက အချဉ်ဖောက်လိုက်တဲ့အခါ အက်စစ်ဓာတ်ထွက်လာပြီး သွားပေါက်တွေ ဖြစ်စေလို့ပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားပိုးပေါက် ဖြစ်နိုင်ခြေက ပိုတောင်များပါသေးတယ်။ ခံတွင်းထဲမှာ အက်စစ်ဓာတ်များတာ၊ အချိုတွေ ခဏခဏ စားမိတာ၊ သွားကျန်းမာရေးကို လျစ်လျူရှုမိတာ စတာတွေ အားလုံးက သွားပိုးပေါက်ဖြစ်ဖို့ ဦးတည်နေပါတယ်။

    ဖြေရှင်းနည်း – သွားပိုးပေါက်တွေက မကုသရင် နောက်ပိုင်းမှာ ပြည်တည်နာတွေ၊ ပိုးဝင်ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့နှစ်ကြိမ် ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။ အချိုလျှော့စားပါ။ သွားပိုးပေါက်တွေ ပိုဆိုးပြီး ပိုးဝင်တဲ့အထိ ဖြစ်လာရင် သွားဆရာဝန်နဲ့ မဖြစ်မနေ ပြသဖို့ လိုပါတယ်။

    ခံတွင်းအကျိတ်က ကိုယ်ဝန်ဆောင်တွေရဲ့ ၅ရာခိုင်နှုန်းမှာ ဖြစ်တတ်ပြီး ပြည်တည်နာနဲ့ ဆင်တူပါတယ်။ ဒီသွေးကြောကျိတ်က ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာတဲ့ ပရိုဂျက်စတုန်းဟော်မုန်း၊ ခံတွင်းထဲမှာရှိတဲ့ စားတတ်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။

    အကျိတ်ပုံစံက အနီရောင် အဖုအလုံးအနေနဲ့ ရှိတတ်ပြီး သွားဖုံးမှာ အတွေ့ရများပါတယ်။ ဒါ့ပြင် လျှာ၊ အာခေါင်၊ ပါးစောင် စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။

    ဖြေရှင်းနည်း – ဒီလိုအကျိတ်တွေက ကိုယ်ဝန်နုစဉ်ဆို စထွက်တတ်ပြီး အကြီးလည်း မြန်ပါတယ်။ ကံကောင်းတာက ကလေးမွေးပြီးသွားရင် အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာမှဒုက္ခမပေးဘူးဆိုရင် ဒီတိုင်း စောင့်ကြည့်လို့ရပါတယ်။ အကျိတ်က သွေးထွက်တာ၊ အစာဝါးလို့ မရတာ၊ ကလေးမွေးပြီးတာတောင် ပျောက်မသွားဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ဒီအကျိတ်ကို ခွဲပြီး ဖယ်လို့ရပေမယ့် ဟော်မုန်းရှိနေတာကြောင့် ပြန်တော့ ထွက်တတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောဂါ မရှိသည့်တိုင် သွားနဲ့တာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာ ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာတဲ့ ပရိုဂျက်စတုန်းနဲ့ အီစထရိုဂျင် ဟော်မုန်းက သွားပတ်လည်က တစ်ရှူးတွေကို လျော့ရဲ့စေလို့ပါ။

    ဖြေရှင်းနည်း– သွားဖုံးရောဂါ မရှိဘဲ ကိုယ်ဝန်ကြောင့် သွားနဲ့တာဆိုရင် သိပ်စိုးရိမ်စရာတော့ မလိုပါဘူး။ ဒါက ကလေးမွေးပြီးရင် ပြန်သက်သာသွားမှာပဲ ဖြစ်ပါတယ်။ သွားကျွတ်ထွက်တဲ့အထိ အခြေအနေဆိုးမှာ မဟုတ်ပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံး သွားနဲ့ ခံတွင်း ပြဿနာပါ။ ကိုယ်ဝန်ဆောင်တွေရဲ့ ၆၀-၇၅ ရာခိုင်နှုန်းအထိ ဖြစ်တတ်ပါတယ်။ နဂိုတည်းက သွားဖုံးရောင်တတ်တဲ့ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ဝက်လောက်က သိသိသာသာ ပိုဆိုးတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောင်ရတာက အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့်ရယ်၊ ခံတွင်းထဲက ဘက်တီးရီးယားတွေ အပြောင်းအလဲရယ်၊ ကိုယ်ခံအား နည်းလာတာရယ်ကြောင့်ပါ။

    ဖြေရှင်းနည်း – သာမန်သွားဖုံးရောင်တာကို ပုံမှန်လုပ်နေကြ သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာနဲ့ ဖြေရှင်းလို့ရပါတယ်။ အခြေအနေဆိုးတဲ့ သွားဖုံးရောင်ခြင်းမျိုးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသပြီး ကုသတာ၊ chlorhexidine ပါဝင်တဲ့ အာလုပ်ကျင်းဆေးတွေ သုံးတာ လုပ်ပေးနိုင်ပါတယ်။

    အရွယ်ရောက်ပြီးသား အမျိုးသမီးတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်မှာ ဒီပြဿနာတွေ့ရတတ်ပါတယ်။ သွားဖုံးတစ်ရှူးတွေကို ဘက်တီးရီးယားတွေ ဝင်လာပြီး အဆိပ်အတောက်တွေ ထုတ်တဲ့အခါ နာတာရှည်ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သွားဖုံးတစ်ရှူးတွေ ပျက်စီးပြီး ရောင်ရမ်းလာတာပဲ ဖြစ်ပါတယ်။

    ဒီလိုမျိုး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ များလာတာက သွေးထဲမှာပါ လိုက်များစေပြီး ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို ထွက်စေပါတယ်။ ဒီဓာတ်ပစ္စည်းတွေက ရေမြွာရည်ထဲကို ရောက်ပြီး လမစေ့ဘဲ ကလေးမွေးတာကို ဖြစ်စေပါတယ်။

    ဖြေရှင်းနည်း – အကောင်းဆုံးကတော့ သွားဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူတာပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားပြဿနာများ ကင်းစေဖို့

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားရောဂါတွေ ကင်းစေဖို့ဆိုရင်
    • တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်ပါ။
    • သွားပွတ်ကြိုးသုံးပါ။
    • အစာစားပြီးတိုင်း အာလုပ်ကျင်းပါ။
    • သွားနဲ့ ခံတွင်း ပြဿနာတွေကို လျစ်လျူမရှုပါနဲ့။
    • သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement