backup og meta

ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်

ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်

ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ မွေးမယ့်ရက်ကို ဂျုးဒိတ်ကနေတဆင့် သိနိုင်ပါတယ်။ ရာသီလာမယ့်ရက်ကနေ တွက်တာနဲ့ အယ်ထွာဆောင်းကနေ တွက်တာ နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဂျူးဒိတ်နီးလာပြီဆို မေမေတို့ မွေးဖို့ ပြင်ဆင်ကြရပါပြီ။ ဒါပေမယ့် ဂျူးဒိတ်ကျော် တဲ့အထိ မမွေးသေးဘူးဆိုရင်ရော ဘာလုပ်ကြမလဲ။

ဂျူးဒိတ်ကျော်  တဲ့ ကိုယ်ဝန်ဆိုတာ

ကိုယ်ဝန်ဆောင်တဲ့ ကာလက အများအားဖြင့် ရက်ပေါင်း ၂၈၀၊ အပတ်အားဖြင့် ၄၀ ကြာပါတယ်။ ဒါကိုယ်ဝန်မရခင် နောက်ဆုံး ရာသီလာခဲ့တဲ့ ပထမရက်က စတွက်တာပါ။ ဒါကြောင့် ပုံမှန်ကိုယ်ဝန်က အပတ်၄၀ပြည့်ရင် မွေးပါပြီ။ အပတ် ၄၀ကျော်လို့ ၄၁ပတ်နဲ့ ၄၂ပတ်ကြားကို late term လို့ ခေါ်ပါတယ်။ မွေးဖို့ နောက်ကျတဲ့ ကိုယ်ဝန်ပေါ့။ ၄၂ပတ်ပါ ကျော်သွားရင်တော့ post term ပါ။ မွေးချိန်ကျော်နေတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။

ဘာကြောင့် ဂျူးဒိတ်ကျော် တဲ့အထိ မမွေးသေးရတာလဲ။

ဘာကြောင့် သူတို့က သူများနဲ့ မတူဘဲ ဒီလိုနောက်ကျနေရတာလဲဆိုတာ တိတိကျကျ မသိကြသေးပါဘူး။ အဖြစ်အများဆုံးကတော့ ဂျူးဒိတ်မှားတွက်မိတာပါ။ ကိုယ်ဝန်ဆောင်က မိမိရာသီရက်ကို အတိအကျ မမှတ်မိတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နောက်ပြီး

  • သားဦးကိုယ်ဝန်
  • အရင်က မွေးချိန်ကျော်တဲ့ ကိုယ်ဝန်ဆောင်ဖူးတာ
  • အဝလွန်တာ
  • ယောကျာ်းလေး ကိုယ်ဝန်ဖြစ်တာ စတာတွေမှာလည်း ဂျူးဒိတ်ကျော်မှ မွေးတာ တွေ့ရတတ်ပါတယ်။

ဂျူးဒိတ်ကျော်တဲ့ ကိုယ်ဝန်ရဲ့ ထူးခြားတဲ့ လက္ခဏာက

ဒီလို ကိုယ်ဝန်တွေမှာ ရက်ကျော်တာက လွဲပြီး ထူးခြားတဲ့ လက္ခဏာ မရှိတတ်ပါဘူး။

ဂျူးဒိတ်ကျော်နေတာ အန္တရာယ်များလား။

ဂျူးဒိတ်ကျော်နေတဲ့ ကိုယ်ဝန်တွေက အောက်ပါပြဿနာတွေ ကြုံရနိုင်ပါတယ်။

  • ကလေးရဲ့ ပုံမှန်မဟုတ်တဲ့ ကြီးထွားမှု (ဥပမာ ခေါင်းကြီးတာ)
  • ရေမြွာရည် နည်းသွားတာ
  • ရေမြွာရည်မှာ ကလေးဝမ်းတွေ ပါနေတာ
  • ကလေးရဲ့ ကျန်းမာရေး စစ်ဆေးချက် အဖြေတွေ မကောင်းတာ
  • ကလေး သေဆုံးတာ
  • မွေးလာခဲ့ရင် အထူးကြပ်မတ်ဆောင်မှာ ကုသဖို့ လိုတာ
  • ကလေးမွေးရခက်တာ
  • ခွဲမွေး ဒါမှမဟုတ် ညှပ်ဆွဲလေစုပ် မွေးရနိုင်တာ
  • ကလေးကြီးနေတဲ့အတွက် မွေးလမ်းကြောင်း စုတ်ပြဲတာ
  • မွေးပြီး သွေးသွန်တာတွေ ဖြစ်တတ်ပါတယ်။

လရင့်လာလေလေ ကလေးက ကြီးလာလေလေ၊ ရေမြွာရေက နည်းလာလေလေပါ။ နေ့စေ့လစေ့ မွေးတဲ့ ကိုယ်ဝန်ဆို ပြဿနာ မရှိပေမယ့် မွေးရက်ကျော်တဲ့ ကိုယ်ဝန်ကျတော့ ဒါတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ခံစားရပါတယ်။

ဂျူးဒိတ်ကျော်နေတဲ့ ကိုယ်ဝန်ကို ဘယ်လို ဖြေရှင်းကြမလဲ။

ဂျူးဒိတ်ကျာ်နေတဲ့ ကိုယ်ဝန်ကို ကုသတဲ့အခါ အရေးကြီးဆုံးက အမေရော၊ ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးနိုင်ဖို့ပါပဲ။ ဒီအတွက် ကိုယ်ဝန်၊ မိခင်ရဲ့ အသက်၊ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ပြင်ဆင်ရတာတွေ ရှိပါတယ်။

လိုအပ်တဲ့ ဆေးစစ်တာ၊ စမ်းသပ်တာတွေလည်း လုပ်ရမှာပါ။ ဥပမာ

  • ကလေး လှုပ်မလှုပ် စစ်ဆေးတာ။  ၂၄နာရီအတွင်းမှာ ကလေးက အနည်းဆုံး ၁၀ကြိမ်လှုပ်ရပါမယ်။ မေမေတို့ ကလေးလှုပ်တဲ့အကြိမ်ကို ဖတ်ထားဖို့ လိုပါတယ်။
  • Non-stress testing – ဒါကတော့ ကလေးလှုပ်ရင် နှလုံးခုန်နှုန်းရော မြန်သလားဆိုတာ စမ်းသပ်တာပဲ ဖြစ်ပါတယ်။
  • အယ်ထွာဆောင်း ရိုက်တာ
  • Doppler flow studies – ဒါကတော့ သားအိမ်ဆီကို သွေးကောင်းကောင်း သွားရဲ့လားလို့ စစ်ဆေးတာပါ။ အထူးသဖြင့် ကလေးက ပုံမှန်အတိုင်း မထွားလာတဲ့အခါမှာ စစ်လေ့ရှိပါတယ်။

ရေမြွာရည် နည်းနေတယ်ဆိုရင်လည်း ရေမြွာရည် ပြန်ဖြည့်ပေးရပါတယ်။ မဟုတ်ရင် ကလေးက ချက်ကြိုးကို ဖိမိပြီး သွေးကောင်းကောင်း မသွားမှာ စိုးလို့ပါ။ ဆေးရည်တစ်မျိုးကို မိန်းမကိုယ်ကနေတဆင့် ပိုက်နဲ့ ထည့်ပေးရတာပဲ ဖြစ်ပါတယ်။

အခြေအနေကို ကြည့်ပြီး ကလေးက မိခင်ရဲ့ သားအိမ်ထဲမှာ နေဖို့ မသင့်တော်တော့ဘူးဆိုရင် ကလေးကို မွေးထုတ်ဖို့ စီစဉ်ရပါတယ်။ ဗိုက်နာအောင် ဆေးတွေပေးပြီး မွေးတာ၊ ခွဲမွေးတာ စတဲ့ နည်းလမ်းတွေနဲ့ မွေးပေးရပါတယ်။

မေမေတို့အတွက် အကြံပေးချက်

မေမေတို့ကတော့ ကိုယ်ဝန်ကို နေ့စေ့လစေ့နဲ့ မွေးချင်ကြတာပါပဲ။ ဒီလို ဂျူးဒိတ်ကျော်တဲ့ ကိစ္စက ကြိုတင်ကာကွယ်ထားလို့ ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကြောင့် မေမေတို့ အနေနဲ့ ဂျူးဒိတ်တွက်တာ မှန်အောင် ရာသီရက်ကို သေသေချာချာ မှတ်ထားကြပါ။ မွေးဖို့ ရက်ကျော်လာရင် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။ ကလေးလှုပ်တာကိုလည်း မှတ်ထားပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.acog.org/womens-health/faqs/when-pregnancy-goes-past-your-due-date

https://www.stanfordchildrens.org/en/topic/default?id=post-term-pregnancy-90-P02487

https://www.msdmanuals.com/professional/gynecology-and-obstetrics/abnormalities-and-complications-of-labor-and-delivery/postterm-pregnancy

 

ယခုပုံစံ

20/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာထွာဆောင်း ဂျူးဒိတ် နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement