ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား.......

အရင်က တံထွေးတွေ အဲ့လောက် များများ ထွက်တာမျိုး မရှိပါဘူး။ ခုမှ တံထွေးတွေ အများကြီး ထွက်နေတယ်။ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုရယ်ဆိုလို့ ကိုယ်ဝန်ဆောင်တာတော့ ရှိတယ်။ ဒါဆို ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား............. ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် တံထွေးပိုထွက်နိုင်ပါတယ်။ ဒါက ဘယ်အချိန် ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့ မရဘဲ ရုတ်တရက် ဖြစ်လာတာမျိုးပါ။ ကိုယ်ဝန် ရစမှာ ဖြစ်တာ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ကာလ ၂ ပတ် ကနေ ၃ ပတ်လောက်မှာ စဖြစ်တာပါ။ ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီးထွက်နေရတာလဲ....... ကိုယ်ဝတ်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ဝန်ဆောင် ဟော်မုန်း ပြောင်းလဲတာကြောင့် တံထွေးဂလင်း အလုပ်လုပ်ပုံ ပြောင်းလဲပြီး တံထွေးတွေ အများကြီး ထွက်လာရတာပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်ဆောင်ဆိုတာ အမြဲတမ်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အထဲမှာ နုနယ်တဲ့ သန္ဓေသားလေးရှိနေတဲ့အတွက် တစ်ခုခုကို သူ့ကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က တခြားတစ်ယောက်လို ပြောင်းလဲသွားတဲ့အတွက်  အရင်က မကြုံဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်လအလိုက် ဘာပြဿနာတွေ ကြုံရနိုင်လဲ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ ပထမ ၃လပတ် ပထမ၃လပတ်မှာ ကြုံရတဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေက မိခင်ထက် ကလေးကို ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေမှားတည်တာ၊ စပျစ်သီးကိုယ်ဝန် စတာတွေ ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ပျက်တာ ကိုယ်ဝန်ပျက်တာက လနုချိန်မှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် ၅ယောက်မှာ ၁ယောက်လောက်က အပတ် ၂၀မတိုင်ခင်မှာ ကိုယ်ဝန်ပျက်တတ်ပါတယ်။ အထူးသဖြင့် ပထမ ၁၂ပတ်မှာပါ။ ပျက်ရတဲ့ အဓိကအကြောင်းရင်းကတော့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အလက်ဂျီ ဖြစ်တာက ဘေဘီလေးကိုပါ ကူးစက်နိုင်သတဲ့။

ဓာတ်မတည့်တာ က အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဒီ အလက်ဂျီ ပြဿနာက အရွယ်ရောက်မှ ဖြစ်တာလား။ မွေးရာပါ တတ်လား ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားမယ်နော်။ လေ့လာမှု အသစ်ရဲ့ တွေ့ရှိချက် လေ့လာမှုတွေ အရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာကို ခံစားရမယ် ဆိုရင် မွေးလာမယ့် ဘေဘီလေး မှာလည်း ဓာတ်မတည့်မှု ခံစားရနိုင်ခြေ ရှိပါတယ် လို့ Agency for Science, Technology and Research က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ မေမေ့ဆီကနေ ဘေဘီလေးဆီကို အလက်ဂျီ ကူးစက်နိုင်ပါတယ်။ လေ့လာမှု အရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ခုခုကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ တင်းတိပ် ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ် ထွက်နိုင်ခြေ အများဆုံးကာလပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်နေတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ ဟော်မုန်းမျှခြေဟာ တည်ငြိမ်ခြင်းမရှိသလို မဟော်မုန်းတွေကိုလည်း ခန္ဓာကိုယ်က အမြောက်အများ ထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။ တင်းတိပ် ဆိုတာ ဘာလဲ။ တင်းတိပ်ဆိုတာ အရေပြားရောင်ခြယ်ဆဲလ်လို့ ခေါ်တဲ့ မယ်လနင်ဓာတ်တွေကို ခန္ဓာကိုယ်က အလွန်အမင်းထုတ်လုပ်တဲ့အခါမှာ ဖြစ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မယ်လနင်ဓာတ်ကို ပိုမိုထုတ်လုပ်တဲ့အခါ ထိုလူရဲ့ အသားအရေဟာ ပုံမှန်ထက် နက်မှောင်တဲ့ဘက်ကို ရောက်သွားပါတယ်။ တချို့နေရာမှာပဲ ကွက်ပြီး မယ်လနင်ဓာတ် အများအပြားထုတ်လုပ်တဲ့အခါ တင်းတိပ်လိုမျိုး အမည်းကွက်၊ အညိုကွက် အကွက်များဖြစ်ပေါ်လာပါတယ်။ တင်းတိပ်က ဘယ်နေရာမှာ အဖြစ်များတာလဲ။ မျက်နှာတစ်ဝိုက် အထူးသဖြင့် နဖူး၊ ပါးပြင်၊ နှာခေါင်းပတ်လည်မှာ တင်းတိပ်အဖြစ်များပါတယ်။ လည်ပင်း၊ မေးစေ့တွေမှာလည်း တင်းတိပ်ပေါက်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အပြင် တခြားဘာကြောင့်ရော တင်းတိပ်ဖြစ်နိုင်လဲ။ ၁။ အာရှလူမျိုးများရဲ့ အသားအရေသည် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ အန္တရာယ်ရှိ၊ မရှိ

ကိုယ်ဝန်ဆောင်ချိန်မှာမှ စိတ်ဆန္ဒပိုပြင်းပြလာတတ်တဲ့ အမျိုးသမီးတချို့အတွက် တစ်ကိုယ်ရေ အာသာဖြေခြင်း နဲ့ပတ်သက်ပြီး သိသင့်တာတွေကိုပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ခံစားချက်အများကြီးအပြောင်းအလဲဖြစ်နိုင်ပါတယ်။ တချို့ ကျတော့ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ကိစ္စကိုလုံးဝစိတ်မဝင်စားတဲ့သူတွေရှိသလို ပိုပြီးဆန္ဒပြင်းထန်လာသူတွေလည်း ရှိတာပါပဲ။ ကိုယ်ဘယ်လိုပဲခံစားရ ခံစားရ လိင်စိတ်ပိုပြင်းထန်လာတဲ့ အမျိုးသမီးတွေကို ပြောချင်တာက ကိုယ့်ရဲ့ကိုယ်ဝန်ကိုဆရာဝန်နဲ့သေချာပြသထားတယ်၊ လိုအပ်တဲ့အားဆေးတွေလည်း သောက်သုံးနေတယ်၊ ကိုယ်ဝန်အခြေအနေလည်းကောင်းတယ်ဆိုရင် အမျိုးသားနဲ့အတူနေလို့ရသလို တကိုယ်ရည်အာသာဖြေရင်လည်း ပြဿနာမရှိဘူးဆိုတာပါပဲ။ တကိုယ်ရည်အာသာဖြေလိုက်တာကြောင့် လိင်စိတ်လျော့ကျသွားပြီး စိတ်ဖိစီးမှုတွေတောင်သက်သာသွားနိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန် တစ်ကိုယ်ရေ အာသာဖြေရင် ဘယ်လိုကောင်းကျိုးတွေခံစားရနိုင်သလဲ ကိုယ်ဝန်ဆောင်တွေ တစ်ကိုယ်ရေ အာသာဖြေရင် ကျန်းမာရေးအရဒီလိုကောင်းကျိုးတွေခံစားရနိုင်ပါတယ် -         စိတ်ဖိစီးမှုလျော့ကျသွားမယ် -         ပိုပြီးအိပ်ရေး၀၀အိပ်ပျော်မယ် -         ကိုယ်ဝန်ဆောင်ချိန်မှာခံစားရတတ်တဲ့ ကြွက်သားနာကျင်ခြင်း၊ ကိုက်ခဲခြင်းတွေကိုသက်သာစေတယ် -         နေလို့ထိုင်လို့ကောင်းပြီး စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်လာစေတယ် တစ်ကိုယ်ရေ အာသာဖြေတာကို ဘယ်အချိန်မှာရှောင်သင့်သလဲ အောက်ပါအခြေအနေတစ်ခုခုရှိနေရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ (ဒါမှမဟုတ်) လိင်ဆက်ဆံတာကိုရှောင်ရှားသင့်ပါတယ် -         […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ကာလက ခက်ခဲတဲ့ အခိုက်အတန့်ပါ။ မိခင်ဖြစ်ရတာ  အဖိုးမဖြတ်နိုင်တဲ့ အရာဆိုပေမယ့် မိခင်တစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ ရင်ပူတာကနေစလို့ ခါးနာတာ၊ ခြေလက်တွေ ကိုက်တာ၊ မအီမသာဖြစ်တာတွေကို ခံစားကြရပါတယ်။ ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ အခြားသူတွေလို အလွယ်တကူ ဆေးသောက်ဖို့လည်း မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် နာကျင်ကိုက်ခဲရတာလဲ........... ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြောင်းလဲလာမှုတွေက အများကြီးပါ။ ဒီအချက်တွေကြောင့် ကိုက်ခဲတာတွေကို ခံစားရတာပါ။ များသောအားဖြင့်ကတော့ သွေးစီးဆင်းမှုပြောင်းလဲတာ ဟော်မုန်း ပြောင်းလဲတာ ရေသောက်နည်းတာ ကိုယ်အလေးချိန် တက်လာတာ လှုပ်ရှားမှု နည်းတာ ကယ်လ်ဆီယမ် နည်းတာ မဂ္ဂနီဆီယမ် နည်းတာတွေကြောင့်  ကိုက်ခဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာ သက်သာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီဆီးချိုအမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင် ဆီးချို ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင် မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို ဘယ်အချိန်မှာ ခံစားရနိုင်လဲ ကိုယ်ဝန်ဆောင် ဆီးချို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ အချို့သော ပြောင်းလဲမှုတွေက ထူးထူးခြားခြား သိပ်မဖြစ်လှပေမယ့် အချို့သောပြောင်းလဲမှုတွေကတော့ တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။ ဒီပြောင်းလဲမှုမှာက ဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။ ဒီတော့ ဘာတွေက ဖြစ်ရိုးဖြစ်စဉ် ဖြစ်လို့ ဘာတွေက အချက်ပြ လက္ခဏာတွေလဲ။ စိုးရိမ်ဖို့ လိုမလား၊ မလိုဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ပြောင်းလဲမှု အစုစု ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ပြောင်းလဲမှုကို ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပေမယ့် အများစုကတော့ ဒီပြောင်းလဲမှုတွေကို တွေ့ကြုံရစမြဲပါ။ ဝမ်းချုပ်ခြင်း ဒါက ကိုယ်ဝန်ဆောင် မေမေတိုင်းလိုလို ကျော်သွားလို့ မရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပေါ့။ ကိုယ်ဝန် အစောပိုင်းကာလမှာ ခံစားကြရတာ များပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် မေမေ ဘာတွေ ခံစားရနိုင်လဲ။

မေမေ တစ်ယောက် ဖြစ်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ပြောကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်တင် ဆင်ခြင်ရတာမဟုတ်ဘဲ အစစအရာရာ သတိထားရတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေး ပြန်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ သတိထားပေမယ့်လည်း မလွှဲမရှောင်သာ ခံစားရတဲ့ ပြဿနာတွေ အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ကိုယ်ဝန်ဆောင်မေမေ ဘာတွေ ခံစားရနိုင်လဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မပြင်းထန်ပေမယ့် သေချာ ဂရုစိုက်ဖို့ လိုအပ်မယ့် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ကြွက်တက်တာ မကြာခဏ ဆီးသွားတာ ဆီးမထိန်းနိုင်တာ အစာမကြေတာ ရင်ပူတာ နှာခေါင်းပိတ်တာ ခြေထောက်က သွေးကြောတွေ ရောင်တာကြောင့် ခြေထောက်တွေ ဖောတာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ရှိတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ရတာ လွယ်ကူတဲ့ အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ သွေးတိုးရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဒီကိစ္စက စိတ်ပူရမယ့် အရာတစ်ခုဖြစ်သလို မိခင်တွေကို တော်တော်လေး နေရကသိကအောင့် ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ခံစားရနိုင်တဲ့ သွေးတိုးရောဂါ ကိုယ်ဝန်ဆောင်မေမေတိုင်းလိုလို ခံစားရနိုင်တဲ့ သွေးတိုးရောဂါက ဒီအခြေအနေ (၂) ခုပါ။ နာတာရှည် သွေးတိုးရောဂါ ( အရင်ကတည်းက ရှိနေတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ကိုယ်ဝန်မဆောင်ခင်ကတည်က ရှိနေတဲ့ သွေးတိုးရောဂါ)။ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဒါကို ကိုယ်ဝန်ဆောင် သွေးတိုးလို့ သိကြပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ သွေးတိုးက ကျသွားတတ်ပြီး ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်