- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း နေ့စဉ် မိနစ် ၃၀ ထက်မနည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပေးမယ်ဆိုရင် ဆီးချိုရှိတဲ့ မေမေကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။
ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရလဲဆိုတော့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂ ဆော့ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

- ဆေးကို ညွှန်ကြားထားတဲ့အတိုင်း သောက်ပေးပါ
ဆီးချိုရှိနေမယ်ဆိုရင် ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးတွေကို အချိန်မှန်မှန် အချိုးအစား မှန်မှန် သောက်ဖို့ လိုပါမယ်။ ဒါမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။
- သွေးချို အရမ်းမကျသွားအောင် ထိန်းပါ
သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်တာက သွေးချိုကျစေနိုင်ပါတယ်။ ဒါကြောင့် သွေးချိုကို ပုံမှန်စစ်ပေးပြီး သွေးတွင်းသကြားဓာတ် အရမ်းကျနေချိန်မှာ စားဖို့ သကြားလုံးလေးတွေ ဆောင်ထားတာမျိုးက အဆင်ပြေပါတယ်။
နောက်တစ်ချက် သတိထားရမှာက မူးဝေတာ၊ ကတုန်ကယင်ဖြစ်တာလိုမျိုး သွေးချိုကျတဲ့ လက္ခဏာတွေကို သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။
- သွေးချို မကြာခဏ တိုင်းပေးပါ
ကိုယ်ဝန်ဆောင်နေချိန်မှာ ခန္ဓာကိုယ်က အင်အားတွေ ပိုမို လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကလည်း အလျင်အမြန်ဆိုသလို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ မကြာခဏဆိုသလို သွေးချို တိုင်းဖို့ လိုပါမယ်။ ဒါကြောင့် အစားအစာကို ဂရုစိုက်တာ၊ လေ့ကျင့်ခန်း အတိုင်းအတာ၊ အင်ဆူလင် ပမာဏတွေကို တိုင်းတာချင့်ချိန်ဖို့ လိုသလို မကြာခဏဆိုသလို သွေးချိုတိုင်းဖို့လည်း လိုပါမယ်။
ဆီးချိုရှိတဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ရရှိဖို့ ကြိုးစားနေချိန်မှာ ဖောလစ်အက်ဆစ် သောက်သုံးဖို့ လိုသလို ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါမလာစေဖို့အတွက် ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးဖို့ လိုပါမယ်။
ကဲ … ဆီးချိုရှိနေပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ ဒီအချက်လေးတွေက ထောက်ကူပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်မေမေတွေ သိထားဖို့လိုမယ့် သွေးချိုပမာဏ အတိုင်းအတာ
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ အိမ်မှာ ပုံမှန် သွေးချိုတိုင်းတာ စစ်ဆေးဖို့ လိုပါမယ်။ ဒီလိုစစ်ဆေးတဲ့အခါ
- မနက်ခင်း အိပ်ရာနိုးနိုးပြီးချင်း ဘာမှ မစားရသေးခင်မှာ – 5 to 7mmol/l (90-126 mg/dl)
- တစ်နေ့တာရဲ့ အခြားအချိန်တွေမှာ အစားမစားခင်မှာ – 4 to 7mmol/l (72-126 mg/dl)
- အစားစားပြီး ၁ နာရီခွဲ အကြာမှာ – 5 to 9mmol/l (90-162 mg/dl) ရှိရမှာ ဖြစ်ပါတယ်။
ဒီဂဏန်းတွေက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီဂဏန်းတွေနဲ့ ထပ်တူညီမှ မဟုတ်ပါဘူး။
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကလေးရော မေမေပါ ကျန်းမာစေဖို့ အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။