ငှက်ပျောသီးက သဘာဝ အိပ်ဆေး တစ်မျိုးပါ။ ငှက်ပျော်သီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ခန္ဓာကိုယ်မှာ အိပ်ပျော်စေတဲ့ ဟော်မုန်းဖြစ်တဲ့ မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ tryptophan ကို ထုတ်လွှတ်ပေးပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ညဘက်အိပ်ပျော်စေဖို့ဆိုရင် ငှက်ပျောသီး စားပေးလို့ ရပါတယ်။
သစ်ကြားသီးမှာ tryptophan လို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ အိပ်ပျော်စေတဲ့ ဟော်မုန်းဖြစ်တဲ့ မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေပါတယ်။ Omega-3 essential fatty acids ပါဝင်နေတာကြောင့် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
အစိမ်းရင့်ရောင် ရှိတဲ့ ကိုက်လန်က ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သလို ကယ်လ်ဆီယမ် ချို့တဲ့မှုကြောင့် အိပ်မပျော်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ကိုက်လန်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို သံဓာတ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အစာခြေစနစ်ကို အားဖြည့်ပေးပါတယ်။
ချာမိုမိုင်း ရေနွေးကြမ်း နွေးနွေးလေးကို အိပ်ရာမဝင်ခင် သောက်သုံးပေးတာက စိတ်ကို တည်ငြိမ်စေပြီး အာရုံကြောတွေကို ပြေလျော့စေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။
ဘယ်ရီသီးတွေက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ အသီးတွေက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ကဲ…… ကိုယ်ဝန်ဆောင်မှပဲ တစ်ညတစ်ည အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုတဲ့ လေဒီတို့ရေ နေ့စဉ် စားသုံးမှုမှာ ဒါလေးတွေ ပါအောင် စားသုံးပေးပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။