ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘေဘီလေးကို ချီလိုက်သူတိုင်းကမွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကိုရေချိုးပြီးတိုင်း ပေါင်ဒါလူးပေးတယ်။ ရှုးရှုးပေါက်လို့ သန့်ရှင်းရေးလုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းပေါင်ဒါရိုက်ပေးနေမိပြီလား။မွှေးနေတာကောင်းပေမယ့်ပေါင်ဒါအရမ်းအများကြီး သုံးတာကဘေဘီပိစိလေးအဖို့ သိပ်တော့မကောင်းလှပါဘူးနော်။

ပေါင်ဒါဆိုတာ

ပေါင်ဒါဆိုတာက သဘာဝကရတဲ့ အမွှေးနံ့သာပစ္စည်းတွေကို အသုံးပြုပြီးလုပ်ထားတဲ့ အမှုန်သေးသေးလေးတွေပါ။ ကလေးပေါင်ဒါမှုန့်လေးတွေက ဓါတုပစ္စည်းပါဝင်မှုမရှိတာကြောင့် ကလေးအသားအရေကို ထိခိုက်တာမျိုးဖြစ်မှာကိုတော့ စိုးရိမ်စရာမရှိပေမယ့်သေးငယ်တဲ့ အမှုန်လေးတွေက ကလေး အသက်ရှုစနစ်အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်နော်။

ပေါင်ဒါမှုန့်ကြောင့်ဘေဘီလေးမှာ ဘာတွေများထိခိုက်သွားနိုင်လဲ

လေထဲမှာ လွယ်တကူပြန့်လွှင့်လွယ်တဲ့ပေါင်ဒါမှုန့်လေးတွေက ကလေးကိုမွှေးစေတာမှန်ပေမယ့် အခုလိုမျိုး ထိခိုက်တာတွေတော့ဖြစ်စေနိုင်ပါတယ်။

အဆုတ်ထိခိုက်စေနိုင်တယ်

ပေါင်ဒါလူးပေးချိန်မှာပေါင်ဒါမှုန့်လေးတွေက ကလေးရဲ့ နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းထဲကိုရောက်သွားပြီး ဖွံ့ဖြိုးဆဲ ကလေးအဆုတ်ထဲက နုနယ်လှတဲ့လေအိတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေနဲ့တော့ ကလေးကို အသက်ရှုရခက်စေပြီး အရမ်းပြင်းထန်ရင်သေဆု့းတဲ့ အထိဖြစ်စေနိုင်တာပါ။

အသက်ရှုလမ်းကြောင်းပြဿနာတွေခံစားရစေနိုင်တယ်

ကလေးကိုပေါင်ဒါလူးပေးတာက ကလေးကိုပေါင်ဒါတွေကို ရှုရှိုက်မိနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီလိုရှုရှိုက်မိတာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာတော့ အပေါ်မှာလည်းပြောပြီးသားပါနော်။ ဒါပေမယ့် ထပ်ပြောပြချင်တာက ကလေးကပေါင်ဒါမှုန့်တွေကို ရှုရှိုက်လိုက်တဲ့အခါချောင်းဆိုးမယ်။ အသက်ရှုကြပ်မယ်၊ ကြက်ညှာချောင်းဆိုးဖြစ်မယ်စတဲ့ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကလေးကထိခိုက်လွယ်မယ်ဆိုရင် ပန်းနာရင်ကြပ်ေရာဂါဖြစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။

အသားအရေဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်

ဓါတုပစ္စည်းမပါဘူးဆိုပေမယ့် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေကတော့ ဓါတ်မည့်တာမျိုးတွေခံစားရနိုင်ပါတယ်နော်။ အသားအရေမှာ နီမြန်းရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ ကလေးကိုပေါင်ဒါဆက်မလူးပေးပါနဲ့တော့။

ကင်ဆြာဖစ်စေနိုင်တယ်
ဒီအချက်ကဘေဘီမီးမီးလေးတွေအတွက်ပါနော်။ ရှုးရှုးပေါက်၊ အင်းအင်းပါပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ပေးပြီးပေါင်ဒါရိုက်ပေးတာက ကလေးဆီးလမ်းကြောင်းထဲကိုပေါင်ဒါမှုန့်တွေရောက်ရှိသွားပြီး အချိန်ကြာမြင့်လာတဲ့အခါ သားဥအိမ်ကိုထိခိုက်တာမျိုး မျိုးပွားလမ်းကြောင်းကို ထိခိုက်တာမျိုးဖြစ်စေပြီး အရွယ်ရလာတဲ့ အခါ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။လေ့လာမှုတွေလုပ်ဖို့ လိုသေးတယ်ဆိုပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါနော်။

ဘေဘီလေးကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပေါင်ဒါလူးပေးမလဲ

အကောင်းဆုံးကတော့ မလိုအပ်ဘူးဆိုရင် ကလေးကိုပေါင်ဒါမလူးပေးဖို့ပါ။ ကလေးကိုမွှေးစေချင်တယ်ဆိုရင် baby lotionလေးလူးပေးပါနော်။ သမီးမိန်းကလေးမေါးထားတာဆိုရင်တော့ ပိုသတိထားဖို့လိုပါမယ်။ ကလေးကိုပေါင်ဒါလူးပေးတော့မယ်ဆိုရင် လက်ဖဝါးထဲကို အရင်ထည့်ပြီးမှာ ကလေးကိုနောက်လက်တစ်ဖက်နဲ့နည်းနည်းချင်စီယူလူးပေးပါ။ နှာခေါင်းနားမှာပေါင်ဒါမှုန့်ကိုထည့်တာမျိုး မလုပ်မိဖို့ သတိထားပေးပါ။ မျက်လုံးနားမှာလည်းမလုပ်မိပါစေနဲ့။နောက်ဆုံးတစ်ချက်ကဘေဘီမီးမီးလေးတွေရဲ့ မိန်းမကိုယ်ကိုပေါင်ဒါမှုန့်ထည့်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကိုပေါင်ဒါထည့်ပေးတဲ့အခါ လည်ပင်း၊ခြေထောက်၊ချိုင်းကြားနဲ့ ခန္ဓါကိုယ်တို့မှာသာလူးပေးပါနော်။ မျက်နှာကိုပေါင်ဒါလူးပေးတာမျိုး မလုပ်ပါနဲ့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဧပြီ 25, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။