home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးအတွက် နို့မှုန့်ရွေးချယ်တဲ့အခါ စစ်ဆေးရမယ့် ဘေးကင်းစိတ်ချရမှုစံနှုန်း

ကလေးအတွက် နို့မှုန့်ရွေးချယ်တဲ့အခါ စစ်ဆေးရမယ့် ဘေးကင်းစိတ်ချရမှုစံနှုန်း

ကလေးတွေကို အားပြည့်ကျန်းမာအောင်၊ ဉာဏ်ရည်ထက်မြက်အောင် အထောက်အကူပေးနိုင်တဲ့ အာဟာရနို့မှုန့်တွေ၊အစာအာဟာရ မျိုးစုံကို ကြိုးစားတိုက်ကျွေးကြပါတယ်။ကောင်းတယ်ဆိုလို့တော့ ဝယ်တိုက်တာပဲ။ ဒါပေမယ့် ဘေးအန္တရာယ်ကင်းရေးဆိုတဲ့ အရေးကြီးဆုံးအချက်တစ်ချက်ကိုမေ့ထားလို့မဖြစ်ပါဘူး။

မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ အတွက်တင်မကဘဲ မိခင်နို့သောက်သုံးနေတဲ့ကလေးတွေအတွက်ပါ အာဟာရနို့မှုန့်တွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုအတွက်ထောက်ပံ့ပေးနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးပြုမယ့် အာဟာရနို့မှုန့်ကိုရွေးချယ်ရာမှာ အစားအစာဘေးကင်းမှုကို အဓိကဂရုစိုက်မှဖြစ်မှာပါ။

တချို့နို့မှုန့်တွေမှာ ပါတတ်တဲ့ အန္တရာယ်ရှိပါဝင်ပစ္စည်းတွေကို သတိထားပါ

PERCHLORATE

နွားနို့ကို အခြေခံပြီးထုတ်လုပ်ထားတဲ့နို့မှုန့်မှာperchlorate ပါဝင်မှုမြင့်မားတတ်ပါတယ်။ ဒီဓါတုပစ္စည်းက သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။

MELAMINE

Melamine ဓါတ်ကကျောက်ကပ်နဲ့သည်းခြေကျောက်တည်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်ကတောင်Melamine ပါတဲ့နို့မှုန့်ကြောင့် ကလေးဦးရေ ၃ သိန်းလောက် ကျောက်ကပ်ပြဿနာနဲ့ဆေးရုံတင်ခဲ့ရပြီး ၆ ဦးသေဆုံးခဲ့ရပါသေးတယ်။

မျိုးဗီဇပြုပြင်ထားတဲ့ ပါဝင်ပစ္စည်း

မျိုးဗီဇပြုပြင်ထားတဲ့GMO အစားအစာေတွက ကင်ဆာ၊ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနဲ့မွေးရာပါချို့ယွင်းချက်နဲ့ကလေးမွေးဖွားခြင်း စတာတွေနဲ့ဆက်နွှယ်နေတယ်လို့ ပြောဆိုမှုတွေရှိသလို ဘာမှ အန္တရာယ်မရှိဘူးလို့ ပြောဆိုမှုတွေလည်းရှိပါတယ်။ ဒါပေမယ့် လေ့လာချက်က နည်းပါးသေးလို့ အဆုံးသတ် ကောက်ချက်ချဖို့ ဒီတော့ စိတ်ချရအောင် ရှောင်မလား မရှောင်ဘူးလားဆိုတာ စဉ်းစားနိုင်ပါတယ်။

CARRAGEENAN

အမှုန့် သို့မဟုတ် အရည်ထုတ်လုပ်မှုတော်တော်များများမှာ ပျစ်စေဖို့ပင်လယ်ရေညှိကနေရရှိတဲ့ Carrageenan ကို အသုံးပြုတတ်ကြပါတယ်။ သူက အာဟာရတန်ဖိုးလုံးဝမရှိတဲ့အပြင်အော်ဂဲနစ်ပစ္စည်းတွေမှာလည်း ထည့်သုံးတတ်ကြပါတယ်။ ကလေးနို့မှုန့်တွေမှာလည်း သုံးကြပေမယ့်လေ့လာတွေ့ရှိချက်တွေအရ carrageenan က အူရောင်ရမ်းခြင်းနဲ့ အူမကြီးမှာအကျိတ် ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

BPA

BPA လို့သိကြတဲ့ Bisphenol-A ဟာ ပလတ်စတစ်ပြုလုပ်ရာမှာ အသုံးများတဲ့ ဓါတုပစ္စည်းြဖစ်ပါတယ်။ နို့ဘူးလို ကလေးအသုံးအဆောင်တွေနဲ့ ကလေးနို့မှုန့်တွေမှာ ဒါကိုတွေ့ရတဲ့အခါ ဦးနှော်က်နဲ့တခြားအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေတဲ့ ဆိုးကျိုးကိုဖြစ်စေပါတယ်။

တာရှည်ခံပစ္စည်း

တာရှည်ခံပစ္စည်းတွေနဲ့ စွဲလမ်းစေတဲ့ဓါတုပစ္စည်းတွေကိုပေါင်းထည့်တတ်ကြပါတယ်။ အရောင်အတု၊ အရသာတုနဲ့ တာရှည်ခံပစ္စည်းတွေက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ အဆိပ်အတောက်ဓါတ်တွေကိုဖြစ်စေပြီး အမြင်အာရုံ၊ အသံအာရုံ၊လှုပ်ရှားနိုင်စွမ်း စတဲ့ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုအဆင့်တိုင်းကို ထိခိုက်စေပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးတဲ့ အာဟာရနို့မှုန့်ရွေးချယ်မယ်

ကလေးရဲ့ခန္ဓါကိုယ်ဖွံ့ဖြိုးနေဆဲကာလမှာ လိုအပ်နေတဲ့အာဟာရဓါတ်တွေကို လိုသလိုဖြည့်ဆည်းပေးဖို့ အာဟာရနို့မှုန့်တွေကို အားထားလာကြပါတယ်။ ဒီလိုနို့မှုန့်တွေက ၂ နှစ်ဝန်းကျင်ကလေးတွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီး သံဓါတ် လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်ေတွကို အားဖြည့်ပေးထားပါတယ်။

အရာရာစူးစမ်းနေပြီး စားစရာအတော်များများစားဖူးလာတဲ့အခါ ထမင်းစားချိန်မှာ အစားရွေး၊ကြေးများတတ်လာတဲ့ အရွယ်လည်းဖြစ်ပါတယ်။ အစားအစာကနေ ရရှိနိုင်တဲ့ထဲက လိုအပ်နေနိုင်တဲ့အာဟာရဓါတ်တွေကို ဒီနို့မှုန့်တွေကနေဖြည့်တင်းဖို့ ရည်ရွယ်ပါတယ်။ ကလေးအတွက် နို့မှုန့်ရွေးချယ်မယ်ဆို အခုပြောပြပေးမယ့် ပါဝင်ပစ္စည်းတွေကို အဓိကဦးစားပေးကြည့်ပါနော် –

သံဓါတ်

မိခင်နို့ပဲ သောက်သုံးနေတဲ့ကလေးတွေတောင် သံဓါတ်အားနည်းနိုင်တယ်ဆိုတော့ ကလေးတွေအတွက်အရေးပါတဲ့ သံဓါတ်ကိုဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကိုပဲ ဦးစားပေးရွေးချယ်ပါ။

အကျိုးပြု probiotics

အကျိုးပြုအူတွင်းဘက်တီးရီးယားလို့ခေါ်တဲ့ probioticsတွေက ကလေးရဲ့အစာခြေစနစ်၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတဲ့အတွက် လိုအပ်တဲ့အာဟာရမှန်သမျှကို စုပ်ယူနိုင်စွမ်းပိုကောင်းစေပါလိမ့်မယ်။probioticsတွေကို အစားအစာကနေရရှိနိုင်ပေမယ့် အာဟာရနို့မှုန့်ကနေနေ့စဉ်ရရှိနိုင်တော့ ပိုပြည့်စုံတာပေါ့။

ဉာဏ်ရည်အတွက် DHA

ကလေးရဲ့ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးကျန်းမာဖို့ အရေးကြီးတဲ့ DHA ပါ။ DHA ဆိုတာက အကျိုးပြုအဆီဓါတ် omega-3 fatty acid တစ်မျိုးဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဓိကအထောက်အကူပေးပါတယ်။

အပေါ်မှာပြောခဲ့တဲ့ ဓါတုပစ္စည်းတွေကို ရှောင်ပြီး နို့မှုန့်ကို ဒီသုံးချက်နဲ့ရွေးချယ်ရင်ပဲ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကြယ်ပွင့်လေးတွေကိုမွေးမြူနိုင်မှာသေချာပါတယ်နော်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။