ကလေးအသားအရေ အတွက် အုန်းဆီရဲ့အသုံးဝင်ပုံ (၂၁) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 27, 2020 . 3 mins read
Share now

ကလေးတွေရဲ့အသားအရေက နူးညံ့လွန်းတာကြောင့် သူတို့လေးတွေအတွက် အသုံးအဆောင်ပစ္စည်းရွေးချယ်ရတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေဆို ရွေးရပိုခက်ပါတယ်။ ထုတ်ကုန်ထဲမှာ ဘာတွေပါမလဲ၊ ဓာတုပစ္စည်းတွေပါနေမလား၊ ကလေးနဲ့တည့်ပါ့မလား စိုးရိမ်နေရတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ကလေးက တုံ့ပြန်လွယ်အသားအရေဖြစ်ရင် သဘာဝပစ္စည်းတွေကို သုံးတာကောင်းပါတယ်။ သဘာဝပစ္စည်းတွေက ကုန်ကျစရိတ်သက်သာသလို စီမံပြုပြင်ထားတဲ့ကုန်ပစ္စည်းတွေထက် ကလေးအသားအရေ အတွက် ထိခိုက်မှု၊ဘေးထွက်ဆိုးကျိုးနည်းစေမှာပါ။

အုန်းဆီဟာ အသားအရေအတွက်ရော၊ ဆံသားအတွက်ပါ အကျိုးကျေးဇူးများတဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာ အရောင်ကျစေခြင်း၊ ဘက်တီးရီးယားကို သေစေခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်အဝရှိနေပါတယ်။

သင့်ကလေးအတွက် သုံးနိုင်မယ့်ဘေးအကင်းဆုံးအဆီတစ်မျိုးဆိုတာ သံသယမရှိပါနဲ့။ ခရင်မ်တွေ၊ လိုးရှင်းတွေအများစုက အရေပြားအပေါ်ယံတစ်ရှူးတွေအတွက်ပဲထောက်ပံ့ဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် အုန်းဆီကတော့ ပိုနက်ရှိုင်းတဲ့အလွှာအထိ တာရှည်ခံအာနိသင်ပေးနိုင်ပါတယ်။ အုန်းဆီရဲ့မော်လီကျူးဖွဲ့စည်းပုံကြောင့် အရေပြားမှာ စုပ်ယူရပိုလွယ်စေတာလည်းဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့အသားအရေအတွက် အုန်းဆီက စွယ်စုံကိုအသုံးဝင်တာပါ။ ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတာအောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ဓာတ်မတည့်ခြင်း/ ဝတ်မှုန်ကြောင့်ဖျားခြင်း(Hay Fever)

ဖြစ်လာရင် နှာခေါင်းပေါက်အဝနားလေးမှာ အုန်းဆီနည်းနည်းပွတ်ပေးလိုက်ပါ။ ဓာတ်မတည့်ဖြစ်နေတဲ့အမှုန် သို့မဟုတ် ဝတ်မှုန်တွေကပ်ပါလာပါလိမ့်မယ်။

(၂) ကလေးဝက်ခြံ

ဖြစ်လာရင် အုန်းဆီခပ်ပါးပါး တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ မပျောက်မချင်း လိမ်းလို့ရပါတယ်။

(၃) ထိခိုက်ပွန်းပဲ့ဒဏ်ရာလေးတွေ 

ဖြစ်လာရင် ဒဏ်ရာပေါ်တိုက်ရိုက်လိမ်းပေးပါ။ အုန်းဆီက နီရဲရောင်ရမ်းမှုကိုလျော့ကျစေပြီး အနာကျက်ဖို့ အားပေးပါတယ်။ ဒဏ်ရာ ကြီးလွန်းရင်တော့ ဆရာဝန်ဆီသွားပါ။

(၄) ပိုးမွှားကိုက်ခံရတဲ့အခါ

အကိုက်ခံရတဲ့နေရာကို အုန်းဆီလိမ်းပေးပါ။ အုန်းဆီက ယားယံမှုနဲ့ ပူလောင်သလိုခံစားမှုကို သက်သာစေပြီး အနာပျောက်ကင်းမှုမြန်စေပါတယ်။

(၅) အပူလောင်တဲ့အခါ

ရေနဲ့ ချက်ချင်းလောင်းချပါ။ ခြောက်အောင်သုတ်ပြီး အုန်းဆီပါးပါး လူးပေးပါ။ အမာရွတ်ဖြစ်ကျန်နိုင်ခြေ နည်းစေပြီး အနာကျက်ပိုမြန်စေပါတယ်။

(၆) ရေကျောက်ဖြစ်လာရင် –

အရေပြားမှာတင် မကဘဲ ပါးစပ်ထဲကအနာတွေကိုပါ အုန်းဆီလိမ်းပေးလို့ရပါတယ်။ ယားယံမှုကို သက်သာစေတဲ့အပြင်ရောင်ရမ်းမှုကိုလျော့ကျစေပြီးဝေဒနာသက်သာစေပါတယ်။ ကလေးမှာ ခံစားရတဲ့ဒဏ် သက်သာစေတာပေါ့။

(၇) ဗောက်ထသလို ဦးရေပြား အဆီထွက်များ၊ အရေခွံကွာတဲ့ cradle capဖြစ်လာရင်

အုန်းဆီက ကလေးရဲ့အရေပြားကိုအားဖြည့်ပေးရုံတင်မကဘဲ cradle cap ကိုလည်း သက်သာစေပါတယ်။ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ကိုပဲ ဦးရေပြားမှာနေ့တိုင်းလိမ်းပေးပါ။

(၈)ချောင်းဆိုးတဲ့အခါ

အုန်းဆီနဲ့တခြားအဆီတွေရောပြီး ကလေးရဲ့ရင်ဘတ်မှာ စိမ့်ဝင်အောင်လူးပေးလို့ရပါတယ်။

(၉)သေးခံလောင်တဲ့အခါ

ထိခိုက်စေတဲ့ဓာတုပစ္စည်းတွေမပါတဲ့ အုန်းဆီက ကလေးရဲ့အရေပြားအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ အရေပြားကိုမပွန်းအောင်လည်း ကာကွယ်ပေးပါတယ်။

(၁၀) နားပိုးဝင်ခြင်းဖြစ်လာရင်

အုန်းဆီတစ်စက် နှစ်စက်ခန့်ကို တစ်နေ့နှစ်ကြိမ် ခပ်ပေးရင် နာကျင်မှုသက်သာစေမှာပါ။ ပိုးလည်းသေစေနိုင်ပါတယ်။

(၁၁) လက်စွယ်ငုပ်ခြင်းဖြစ်လာရင်

ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ အုန်းဆီအနည်းငယ်လိမ်းပေးပါ။

(၁၂) အနာကျက်စေခြင်း

ကလေးမှာ ထိရှအနာလေးတွေ၊ ပွန်းရာ၊ခြစ်ရာလေးတွေဖြစ်လာရင် အုန်းဆီက အနာကို ပြင်ပက ဖုန်မှုန့်၊ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေ မဝင်နိုင်အောင်ကာကွယ်ပေးတဲ့ အလွှာတစ်ခုဖန်တီးပေးပါတယ်။ အုန်းဆီက ပျက်စီးနေတဲ့တစ်ရှူးတွေကိုပြန်လည်ပြုပြင်ပေးပြီးအနာကျက်မြန်စေပါတယ်။

(၁၃) သန်းသေစေပါတယ်။

ကလေးရဲ့ဦးရေပြားမှာ ပုံမှန်လိမ်းပေးရင်ပဲ သန်းသေစေပြီး ဦးရေပြားခြောက်သွေ့ခြင်းကိုလည်း သက်သာစေပါတယ်။

(၁၄) ခြင်မကိုက်အောင်လည်းအသုံးဝင်ပါတယ်။

အုန်းဆီကို ခြင်မကိုက်လိမ်းဆေးအဖြစ်လည်း သုံးလို့ရသလို ကြမ်းပိုး သို့မဟုတ် ခြင်ကိုက်ခံရတဲ့နေရာတဝိုက်မှာ ပွတ်လူးပေးရင်လည်း ယားယံမှုသက်သာစေပါတယ်။

(၁၅) နို့ပွေးဖြစ်လာရင်

တစ်နေ့ ၈ ကြိမ်မှ ၁၀ ကြိမ် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၁၆) ငယ်ထိပ်ကိုထိခိုက်မှုနည်းစေပါတယ်။

ကလေးရဲ့ငယ်ထိပ်ကို လူးပေးရင် အရေပြားလေးပိုကြံ့ခိုင်စေပြီး ထိခိုက်မှုနည်းစေပါတယ်။

(၁၇) ကလေးဝက်ခြံ ကိုလည်းသက်သာစေပါတယ်။

ဝက်ခြံလေးတွေပေါ် အုန်းဆီနဲ့တို့ပေးခြင်းကို တစ်နေ့သုံးကြိမ်လုပ်ပေးပါ။

(၁၈)နေလောင်ခြင်းကိုသက်သာစေပါတယ်။

နေလောင်ထားတဲ့နေရာကို နည်းနည်းလိမ်းပေးပါ။

(၁၉) နေရောင်ကာခရင်မ်လို သုံးနိုင်ပါတယ်။

အုန်းဆီဟာနေရောင်ခြည်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် SPF ပါဝင်တဲ့တခြားအဆီတစ်မျိုးမျိုးနဲ့ပေါင်းစပ်အသုံးပြုရင် ပိုကောင်းပါတယ်။

(၂၀) သွားဖုံးနာတာသက်သာစေတယ်။

ကလေးတွေ သွားပေါက်တဲ့အခါ သွားဖုံးနာသက်သာစေဖို့ သွားဖုံးလေးတွေကို အုန်းဆီပွတ်လိမ်းပေးပါ။

(၂၁) ဘော်ဒီလိုးရှင်းလိုသုံးနိုင်ပါတယ်။

ကလေးငယ်တွေရဲ့အရေပြားက နူးညံ့လွန်းတဲ့အတွက် လိုးရှင်းတွေလိမ်းဖို့အမြဲမလိုအပ်ပေမယ့် ကလေးမှာ အရေပြားခြောက်သွေ့တဲ့အခါ အုန်းဆီက အကောင်းဆုံးသဘာဝmoisturizer ပါပဲ။

ဒါတွေက ကလေးအသားအရေအတွက် အုန်းဆီရဲ့အသုံးဝင်ပုံတချို့ဖြစ်ပါတယ်။ ဒါပေမယ့် အပူကန်ပြီးဖြစ်လာတဲ့ အသားအရေ အနီကွက်တွေကို တော့အုန်းဆီမလိမ်းသင့်ပါဘူး။ချွေးပေါက်တွေပိတ်စေပြီး အရေပြားအတွင်းမှာ အစိုပြန်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။ မနက်တိုင်း လှပစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လိင်တံ ဘာလို့ယားယံနေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read