ကလေးတစ်ဖက်နဲ့ အလုပ်လုပ်နေရတဲ့ မေမေတွေရဲ့ ဘဝက လွယ်ကူလှတယ်တော့ မရှိလှပါဘူး။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တာဝန်မကျေမိမှာလည်း စိုးရိမ်ရ၊ ကိုယ့်ရဲ့ ကလေးအတွက်လည်း စိတ်ပူရ၊ အလုပ်မှာလည်း ပင်ပန်းရ၊ နားချိန်တောင် အနိုင်နိုင်ယူရတဲ့ မေမေတွေ ဒီခေတ်ကြီးထဲမှာ ပိုများလာပါပြီ။