မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မိခင်နို့တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်အတွက် မရှိမဖြစ်လိုအပ်သော အစာအာဟာရများကို ဖြည့်တင်းပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက် သိသာထင်ရှားသော ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းပါသည်။

သိပ္ပံနည်းကျစစ်ဆေးချက်များအရ မွေးခါစပထမ ၆ လတွင် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးအတွက် အကောင်းဆုံးဖြစ်သည်။ ဒီအချိန်ကျော်လွန်သွားပြီးလျှင် ကလေးငယ်ကို ဖြည့်စွက်စာ စတင်ကျွေးရမည် ဖြစ်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂ နှစ် ထက်ပို၍ တိုက်ကျွေးနိုင်သည်။

ရင်သွေးအတွက် မိခင်နို့တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ

မိခင်နို့တွင် ရင်သွေးငယ်ရင်သန်ကြီးထွားရန် အာဟာရဓါတ် အလုံအလောက်ပါရှိသည်။ မိခင်နို့သည် ဗီတာမင်၊ ပရိုတင်း(အသားဓါတ်) နှင့် အဆီဓါတ်များ အပြည့်စုံဆုံးနီးပါး ပေါင်းစပ်ပါဝင်သည်။ ပါဝင်သော အစာအာဟာရအားလုံးသည် ကလေးဖြည့်စွက်စာဖော်မြူလာများနှင့် နှိုင်းယှဉ်လျှင် ပို၍ အစာကြေလွယ်နိုင်သည်။

မိခင်နို့တွင် ဗိုင်းရပ်စ် နှင့် ဘတ်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးနိုင်သော ခုခံအားကောင်းစေသည့် ပစ္စည်းများ (Antibodies) လည်းပါဝင်သည်။ မိခင်နို့တိုက်ကျွေးသော ကလေးငယ်များသည် ရင်ကြပ်ရောဂါ နှင့် အခြားဓါတ်မတည့်သောရောဂါများ ဖြစ်နိုင်ရန် အခွင့်အလမ်းနည်းပါးသည်။

မွေးခါစ ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးထားသော ကလေးငယ်များသည် နားကူးစက်ရောဂါပိုး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော၊ ဆေးရုံတက်ရခြင်း နှင့် ဆရာဝန်ဆီသို့ သွားရောက်ရခြင်း စသည်တို့ အဖြစ်နည်းကြသည်။

ယေဘူယျအားဖြင့် မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်၏ ဉာဏ်ရည် (အိုင်ကျူ) ဖွံ့ဖြိုးမှု နှင့် ဆက်စပ်နေသည်။ ကလေးငယ်၏ ကိုယ်အလေးချိန်ကို မှန်ကန်စွာ ဖွံ့ဖြိုးစေသည်။ ထို့အပြင် ရင်သွေးငယ် နှင့် မိခင်ကြား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရင်းနှီးမှု ပိုမိုများစေပြီး သံယောဇဉ်ပိုမိုရှိစေသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် SIDS (Sudden Infant Death Syndrome) ဟုခေါ်သော ရုတ်တရက် ရင်သွေးငယ်သေဆုံးခြင်းရောဂါ ကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက် အကျိုးကျေးဇူးရှိစေသလား

မိခင်နို့တိုက်ကျွေးခြင်းသည် အမြင်အရ ပင်ပန်းသောအလုပ်မဟုတ်ဟု ထင်ရသော်လည်း မိခင်နို့တိုက်ကျွေးခြင်းသည် ကယ်လိုရီကို အနည်းငယ်ထိရောက်စွာ လောင်ကျွမ်းစေနိုင်သည်။ ထို့ကြောင့် မိခင်နို့တိုက်ကျွေးသော မိခင်သည် ကိုယ်အလေးချိန်အကျမြန်နိုင်သည်။

မိခင်နို့တိုက်ကျွေးခြင်းသည် အောက်စီတိုစင်ဟော်မုန်းထွက်ခြင်းကို လှုံ့ဆော်ပေးပြီး သားအိမ်ကို မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိနိုင်ရန် ကူညီပေးခြင်း နှင့် မီးဖွားပြီး သားအိမ်မှ သွေးသွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။

မိခင်နို့တိုက်ကျွေးသော မိခင်သည် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ နှင့် အရိုးပွရောဂါဖြစ်ဖို့ အခွင့်အရေးနည်းပါးသည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးဖြည့်စွက်စာဖော်မြူလာများ ဝယ်ယူရန်မလိုအပ်သောကြောင့် အချိန်နှင့် ငွေကုန်ခြင်းကို သက်သာစေသည်။

မိခင်နို့တိုက်ကျွေးသည့် အချိန်ကို အနားယူသည့်အချိန်အဖြစ်နှင့် ရင်သွေးအတွက်အချိန်ဟု မှတ်ယူနိုင်သည်။

ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကို အကောင်အထည်ဖော်နိုင်ရန် အကြံပြုချက်များ။

၁။ မွေးပြီးပြီးခြင်း တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးရမည်။ အစတွင် မိခင်နို့ထွက် နည်းနေနိုင်သော်လည်း ရင်သွေးငယ်၏ အစာအိမ်သည် မကြီးမားသေးသောကြောင့် အဆင်ပြေပါသည်။

၂။ ရင်သွေးငယ်ကို အခြားသော အစာ၊ အရည် နှင့် သောက်ရေ ပင် မတိုက်ကျွေးရပါ။ ဆရာဝန်မှ ကျန်းမာရေးအကြောင်းပြချက်နှင့် အကြံပေးထားသော ဖြည့်စွက်စာ ဖော်မြူလာမဟုတ်လျှင် မိခင်၏ နို့ထွက်မှုကို အနှောက်အယှက်ပြုနိုင်သောကြောင့် ရင်သွေးငယ်ကို အခြားဘာမှ မတိုက်ကျွေးပါနှင့်။

၃။ ရင်သွေးငယ်ကြိုက်နှစ်သက်သလောက် မိခင်နို့တိုက်ကျွေးပါ။

၄။ ကလေးချိုလိမ်အသုံးပြုခြင်းကို နောက်ဆုတ်ထားပါ။ ကလေးချိုလိမ်စုပ်ယူနေခြင်းသည် ဗိုက်ဆာခြင်းကို လျော့ကျစေပြီး ရင်သွေးငယ်၏ မိခင်နို့ဆာလောင်ခြင်းကို အာရုံပြောင်းသွားစေသည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

    မွေးစကလေး ကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒီတော့ အမှားမပါအောင် ဘယ်လိုလုပ်မလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

    မိခင်နို့ ဘေဘီလေးတွေ အာဟာရ ရောဂါတွေ ကျန်းမာရေး မျက်စိနာ မျက်စဉ်း မျက်လုံး ပိုးဝင်တာ ထိခိုက်ရှနာ ကိုယ်ခံအား ဖျားနာ ကြွက်နို့ အရေပြား ယားယံ နာကျင်တာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

    မေမေ မိခင်နို့ ဘေဘီလေး ကလေး ကလေးအာဟာရ နို့တိုက်ကျွေးခြင်း ကလေးကျန်းမာရေး အကျိုးကျေးဇူး ရောဂါကာကွယ်နိုင်ခြင်း ကိုယ်အလေးချိန် နို့တိုက်မိခင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    မိခင်နို့ ရည်မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

    မိခင်နို့ ကလေးအာဟာရ ကလေးအသက် ၆လ နို့ဦးရည် ကာကွယ်ဆေး ပဋိဇီဝပစ္စည်း သွေးဖြူဥဆဲလ် ရေတိုက် လက်တို့စ် probiotics prebiotics IgA သူငယ်နာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    ဘေဘီလေးနဲ့ ဆန်ပြုတ်

    ဘေဘီလေးနဲ့ ဆန်ပြုတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read

    မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 4 mins read
    ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

    ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read
    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read