သားသားလေး ရွှေပန်းထောင်တာစိတ်ပူစရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ရွှေပန်း ဒါမှမဟုတ် ဂျိူးကလေးမာပြီးထောင်တယ်ဆိုတာ တကယ်တော့ ကျန်းမာတဲ့ယောက်ျားလေးတစ်ယောက်ဆိုတာကို ပြသနေတာပါ။ ဒါပေမယ့် ကလေးငယ်တွေမှာ ဖြစ်တာကို စတွေ့မိတဲ့အခါ မိဘတွေအထူးသဖြင့် အမေတွေအနေနဲ့ စိုးရိမ်ပူပန်တတ်ကြပါတယ်

ယောကျားလေးတွေမှာ လိင်အင်္ဂါဘယ်အရွယ်ကစ ထောင်မတ်တတ်သလဲ

ယောက်ျားလေးတစ်ယောက်ဟာ အရမ်းငယ်ရွယ်လွန်းတဲ့အသက်အရွယ်၊ အတိအကျပြောရရင် မမွေးသေးခင်မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာကတည်းက စပြီးထောင်မတ်တတ်ပါတယ်။ ဒါကြောင့် သင့်မွေးကင်းစကလေးငယ်လေးကိုဒိုင်ဘာလဲပေးတဲ့အခါ ဒါမှမဟုတ် ရေချိူးပေးတဲ့အခါ ဂျိူးလေးထောင်နေတာတွေ့ရင် အရမ်းမအံ့သြပါနဲ့။ ဒါဟာသဘာဝတရားသာဖြစ်ပြီး သင့်ကလေးကျန်းမာတယ်ဆိုတာကိုပြသနေတာပါ။ မွေးကင်းစ ကလေးငယ်ဟာတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်မှာ ဘာတွေရှိလဲဆိုတာကို စတင်စူးစမ်းပါတော့တယ်။ အဲလိုစူးစမ်းတဲ့အခါ သူတို့ရဲ့ရွှေပန်းလေးကိုကိုင်ကြည့်တာမျိူးလဲ ပါဝင်တတ်ပါတယ်။ ဒါကြောင့် သူတို့လိင်အင်္ဂါလေးထောင်မတ်တာဟာလည်း အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါထောင်မတ်မှုနဲ့မတူတာက ကလေးငယ်တွေရဲ့လိင်အင်္ဂါထောင်မတ်မှုဟာ သုက်မထွက်တတ်ပါဘူး။အသက်ဆယ့်တစ်နှစ်ဝန်းကျင် ဒါမှမဟုတ် ဒီ့ထက်ပိုကြီးတဲ့အရွယ်ရောက်မှသာ လူပျိုပေါက်ဘဝကို စတင်ပြောင်းလဲပြီး သုက်လွှတ်တာမျိူးစရှိတာပါ။

ဘာကြောင့်ဖြစ်ရတာလဲ

ကလေးတွေဘာကြောင့် လိင်အင်္ဂါထောင်မတ်ရတာလဲဆိုတာ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ သေချာတာကတော့ လိင်စိတ်နိုးထတာကြောင့်မဟုတ်ပါဘူး မွေးကင်းစကလေးတွေမှာတော့ ဘာအကြောင်းမှမရှိဘဲလေအေးနဲ့ထိတွေ့တဲ့အခါ၊ ဆီးသွားချင်တဲ့အခါ ထောင်မတ်တတ်ပါတယ်။ ဒီ့ထက်နည်းနည်းပိုကြီးတဲ့ကလေးတွေမှာတော့ လိင်တံကို ထိတွေ့မိတာ၊ ပွတ်မိတာ၊ ဒါမှမဟုတ် လက်နဲ့ကစားတာဟာ ခံစားလို့ကောင်းလို့ ကစားတာမျိူးလည်း ရှိတတ်ပါတယ်။တချို့သောကလေးတွေကတော့ အိပ်ရာမဝင်ခင် မှာ ကိုယ့်ဘာသာ နှစ်သိမ့် soothing effect ရစေဖို့ ကစားတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် သိထားသင့်တာက အဲလိုဖြစ်ရင်တောင် ဒါဟာ ရာနှုန်းပြည့် ပုံမှန်အခြေအနေပဲဆိုတာပါ။

ဒါပေမယ့် ဒီလိုအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အရေးအကြီးဆုံးတစ်ချက်က သင့်ကလေးဒီလို လိင်တံကိုကိုင်တွယ်ကစားတာဟာ ရှက်စရာ ဒါမှမဟုတ် မှားယွင်းတဲ့ကိစ္စလို့ ကလေးအနေနဲ့မခံစားမိစေဖို့ပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာ ကလေးကို သင့်အနေနဲ့ ဒီကိစ္စဟာ ပုဂ္ဂလိကဆန်တဲ့ ကိစ္စမျိူးဖြစ်တယ်၊ ဒါမျိူးဟာ private ကိစ္စဖြစ်လို့ သီးသန့်နေရာနဲ့ အချိန်မှာပဲလုပ်ရမယ်ဆိုတာ ပေးသိထားသင့်ပါတယ်။ တချို့ကလေးတွေအတွက်တော့ လိင်အင်္ဂါကိုကစားတာ၊ ဒါမှမဟုတ် ထောင်မတ်လာတာဟာ ပျော်စရာလုံးဝမဟုတ်ပါဘူး။ အဲလိုဖြစ်တဲ့အချိန် လိင်အင်္ဂါအရွယ်အစားပြောင်းလဲသွားမှုအပေါ် ကြောက်တတ်ပြီး တချိူ့ကတော့ သက်တောင့်သက်သာမရှိဘဲ နာကျင်တတ်တာမျိူးတောင်ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လို့ သင့်ကလေးနာကျင်တယ် ဒါမှမဟုတ် ငိုတယ်ဆိုရင်လည်း မအံ့သြပါနဲ့။ အဲလိုထောင်မတ်တာကို သင်ကြုံတဲ့အခါ ဒါဟာယောက်ျားလေးတွေမှာ တခါတရံဖြစ်တတ်တဲ့ပုံမှန်ကိစ္စပဲဆိုတာ ပြောပြပါ။ သက်တောင့်သက်သာရှိဖို့ ပွပွချောင်ချာင်ဘောင်းဘီဝတ်တာ၊ ရေချိူးတာမျိူးလုပ်ပေးနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ စိုးရိမ်သင့်သလဲ

အများစုသော လိင်အင်္ဂါထောင်မတ်မှုတွေဟာ ပုံမှန်ပဲဖြစ်ပြီး အန္တရာယ်မရှိဘဲ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုထောင်မတ်တာဟာ အချိန်တစ်ရာရီနဲ့အထက် ကြာနေတာမျိုး၊ ဖျားတာ၊ လိင်အင်္ဂါနီရဲတာ၊အဖုအပိန့်ထတာမျိူး ရောင်နေတာမျိူး အတော်ကိုနာကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

ခန္ဓာကိုယ် အစားအစာ မျက်လုံးမှုန် မျက်စိစမ်းသပ် အတွင်းတိမ် ကွန်ပျူတာ ဆေးလိပ်ဖြတ် နေကာမျက်မှန် ကိုယ်အလေးချိန် မျက်လုံးခြောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကျားလိင်အင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

လိင်အင်္ဂါ ကြီးဆေးထိုး လိင်တံ ယောက်ျား အမျိုးသား ကျန်းမာရေး ထောင်မတ် လိင်ဆက်ဆံ ကာမသုခ ဆီးလမ်းကြောင်း အနာ ထိပ်အရေပြား ဆီလီကွန် ဂေါ်လီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကို ကလိထိုးသင့်ရဲ့လား…………

ကလေးကို ကလိထိုးသင့်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
Scrub လုပ်တိုင်း ကောင်းသလား………….

Scrub လုပ်တိုင်း ကောင်းသလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020