ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးကို ကော်ဖီတိုက်လို့ရသလား

ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် - ကတုန်ကယင်ဖြစ်ခြင်း ဗိုက်အောင့်ခြင်း ခေါင်းကိုက်ခြင်း အာရုံစိုက်မရခြင်း အိပ်မပျော်ခြင်း […]


မိခင်နို့တိုက်ကျွေးခြင်း

သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

နို့စို့ခြင်းဟာ မိခင်ရော ကလေးပါ အတူတကွ ဆောင်ရွက်တဲ့ အရာ ဖြစ်တယ်။ နို့စို့နေစဉ် ပြုမူသမျှ ကလေးရဲ့ အပြုအမူတိုင်းကို ကြည့်ပြီး မွေးကင်းစလေးတွေကို နို့စို့တဲ့ ပုံစံအမျိုးမျိုး ခွဲနိုင်တယ်။ သီအိုရီတွေ အရတော့ Yale တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတွေ အရ ကလေးတွေရဲ့ နို့စို့ပုံစံ ၅ မျိုး ခွဲနိုင်ပါတယ်။ the Barracuda, the Excited-Ineffective, the Procrastinator, the Gourmet, the Rester တို့ ဖြစ်တယ်။ ကဲ .... သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတာ ဆန်းစစ်လိုက်ပါ။ သင့်ကလေးက ဘယ်လိုနို့စို့သူလဲ သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတော့ အားမာန် အပြည့်နဲ့ ကလေးငယ် (The Barracuda) အချိန်ကြာကြီး(မိနစ် ၂၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးများသည် သင့်ကို အသက်ပိုရှည်စေနိုင်ပါ သည်။

ကလေးယူခြင်း ဒုက္ခသည် ကြီးမားလှသောကြောင့် မိဘ များစွာသည် ကလေးများကြောင့် အသက်တိုရပါသည်ဟု အခိုင်အမာပြောကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက် ၏ သက်တမ်းသည် မိဘ ဘဝကြောင့် ပိုရှည်သည်ဟု လေ့လာမှုများက ဆိုသည်။ ၎င်းသည် ကလေး မွေးပြီး ပြုစုစောင့်ရှောက်ဖူးသော မိဘများအတွက် ရယ်စရာ ဖြစ်နေနိုင်သော်လည်း ၎င်းသည် အမှန်တကယ် မှန်ကန် ပါသည်။ သုတေသနနှင့် အံ့အားသင့်ဖွယ် ရလဒ်များ လူပျို၊ အပျိုများထက် မိဘများသည် ပို၍ အသက်ရှည်သ လား ဖော်ထုတ်ရန် ဆွီဒင်ရှိ Karolinska Institute မှ Dr Karin Modig သည် လေ့လာမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ဆွီဒင်ရှိ လူဦးရေ အချက်အလက်များကို စစ်ဆေးပြီနောက် ၁၉၁၁ နှင့် ၁၉၂၅ ကြားတွင် ကလေးရှိသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း

မိတ်ဆွေဖွဲ့ခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုတွေ ဝေမျှဖို့၊ ခက်ခဲမှုတွေကို အတူကျော်လွှားဖို့၊ အောင်မြင်မှုတွေကို အားပေးချီးမြှင့်ဖို့ မိတ်ဆွေတွေ လိုအပ်ပါတယ်။ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်းဖော်တွေနဲ့ ငယ်သူငယ်ချင်းတွေ စတာတွေဟာ အကောင်းဆုံးမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိတို့ သားသမီးများကို ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖွဲ့မှု ကိစ္စရပ်တွေကို နားလည်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ စံပြဖြစ်အောင်နေပါ တခြားသော ပေါင်းသင်းဆက်ဆံရေး ပု့စံတွေလိုပဲ မိတ်ဆွေဖွဲ့ခြင်းဟာလည်း သင်ယူတတ်မြောက်နိုင်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ သင့်ကလေးများဟာ သင်မိတ်ဆွေဖွဲ့ပုံကို တွေ့မြင် အတုခိုးပါလိမ့်မယ်။ အိမ်နီးချင်းတွေဆီ အစားအစာတွေ ယူသွားပေးတာ၊ နေမကောင်းတဲ့ မိတ်ဆွေတွေဆီ သတင်းမေးသွားတာ၊ အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေတွေဆီ အမှတ်တရကတ်တွေပို့ပေးတာ စတဲ့ အပြုအမူတွေကို သင်ကြားပေးနိုင်ပါတယ်။ ဒါဟာ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးအတွက် ရှေးဥိးသင်ခန်းစာများပဲ […]


ကလေးငယ်အာဟာရ

ကလေးများနှင့် သက်သတ်လွတ် အစားအစာ

နှလုံးနှင့် သွေးကြောရောဂါများ၊ ဆီးချိုသွေးချို၊ အဝလွန် ခြင်း စသော ကျန်းမာရေး အခြေအနေအမျိုးမျိုး မဖြစ်အောင် လူများစွာသည် သတ်သတ်လွတ် အစားအစာများကို ရွေးချယ် ကြသည်။ အချို့က ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု သို့မဟုတ် လူမျိုးရေး အကြောင်းရင်းများကြောင့် အသား၊ငါးများကို ရှောင်ကြဉ်ကြသည်။ ကလေးတွေ အတွက်ကရော ? ။ သတ်သတ်လွတ် အစားအစာသည် သူတို့အတွက် သင့်တော် ပါသလား။   သတ်သတ်လွတ် အစားအစာဆိုတာ ဘာလဲ။ သတ်သတ်လွတ် အစာ သုံးမျိုးကို အောက်တွင် ဖော်ပြ ထားပါသည်။ Lacto-ovo vegetarians Lacto-ovo vegetarians ဆိုသည်မှာ အသား၊ ငါး၊ ကြက်၊ဘဲ တို့ကို မစားခြင်းဖြစ်သည်။ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥများ၊ ပဲများ၊ အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်များ စသည်တို့မှ ပရိုတိန်း ရနိုင်သည်။ Lacto-vegetarians Lacto-vegetarian […]


ကလေးငယ်အာဟာရ

သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

သင့်ရဲ့ကလေးကို အစားအစာအမာတွေ စတင်ကျွေးတော့မယ့်အချိန်မျိုးမှာ သင့်ကလေးရဲ့ စားသောက်စာရင်းထဲမှာမထည့်သင့်တဲ့ တချို့အစားအစာ ပုံစံတွေရှိပါတယ်။ သင်က သင့်ကလေးလေးအတွက် လူကြီးစားသလိုအစားတွေကို ကျွေးချင်နေပါလိမ့်မယ် ဒါပေမယ့် တချို့သောအစားအစာတွေက သူတို့ရဲ့ အစာခြေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတလေမှာ လည်ပင်းမှာတစ်နေ နင်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။ သင့်ကလေးကိုမကျွေးသင့်တဲ့အစားအစာ ၇ မျိုးအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။ ပျားရည် ပျားရည်ဟာ အရသာရှိတယ် အာဟာရဓာတ်တွေပြည့်နေတယ်ဆိုပေမယ့် ကလေးရဲ့စားသောက်စာရင်းထဲအတွက်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ ပျားရည်ထဲမှာ Clostridium botulinumလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပါနေတတ်ပါတယ်။၎င်းက ဘောကျူလစ်ဇင်လို့ခေါ်တဲ့ရောဂါရဲ့ လက်သည်ပါပဲ။ အသက်တစ်နှစ်အောက်ငယ်တဲ့ကလေးတွေရဲ့ အူလမ်းကြောင်းဟာ အားနည်းနေသေးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဒီဘက်တီးရီးယားပိုးမွှားတွေကို မတားဆီးနိုင်တာ၊ ပြန်မတိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘောကျူလစ်ဇင်ဆိုတာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ကလေးတွေကို သေတဲ့ထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အစားအသောက်ပျက်တာမျိုး နို့သိပ်မစို့တာမျိုး ဝမ်းချုပ်တာမျိုး ရေဓာတ်ခမ်းခြောက်တာမျိုးတို့ဖြစ်တတ်ပါတယ်။ နွားနို့နှင့် ပဲနို့များ နွားနို့နဲ့ပဲနို့တွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက်

မိခင်နို့တိုက်ခြင်းက ကလေးတွေအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ ဒါတင်မကသေးပါဘူး။ နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက်လည်း သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက် ရှိပါတယ်။ မိခင်က သူ့မွေးစကလေးလေးကို နို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ စိတ်ကျေနပ်မှုတို့အပြင် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်ပါသေးတယ်။ မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက် (၁) ကင်ဆာဖြစ်နိုင်ခြေ နည်းသွားခြင်း မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်မှာ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေပါ။ လေ့လာချက်တွေအရ ၂နှစ်နဲ့အထက် မိခင်နို့တိုက်တဲ့ မေမေတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၄ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။ နို့တိုက်ချိန်တွေမှာ သားဥ‌မကြွေတာ၊ အီစထရိုဂျင်နည်းတာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

မိခင်နို့ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်အတွက် မရှိမဖြစ်လိုအပ်သော အစာအာဟာရများကို ဖြည့်တင်းပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက် သိသာထင်ရှားသော ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းပါသည်။ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သိပ္ပံနည်းကျစစ်ဆေးချက်များအရ မွေးခါစပထမ ၆ လတွင် မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးအတွက် အကောင်းဆုံးဖြစ်သည်။ ဒီအချိန်ကျော်လွန်သွားပြီးလျှင် ကလေးငယ်ကို ဖြည့်စွက်စာ စတင်ကျွေးရမည် ဖြစ်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂ နှစ် ထက်ပို၍ တိုက်ကျွေးနိုင်သည်။ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ မိခင်နို့တွင် ရင်သွေးငယ်ရင်သန်ကြီးထွားရန် အာဟာရဓါတ် အလုံအလောက်ပါရှိသည်။ မိခင်နို့သည် ဗီတာမင်၊ ပရိုတင်း(အသားဓါတ်) နှင့် အဆီဓါတ်များ အပြည့်စုံဆုံးနီးပါး ပေါင်းစပ်ပါဝင်သည်။ ပါဝင်သော အစာအာဟာရအားလုံးသည် ကလေးဖြည့်စွက်စာဖော်မြူလာများနှင့် နှိုင်းယှဉ်လျှင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကိုချစ်ရင် မနမ်းပါနဲ့

ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။ ဘေဘီလေးကိုနမ်းမလို့လား...... မနမ်းပါနဲ့.......... ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကိုရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။ ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။ ရေယုန် ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကိုရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။ ခံတွင်းအနာတွေ ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ

ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေ အအေးမိ၊ တုပ်ကွေး ဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမေမေတို့အတွက် လူရောစိတ်ပါပင်ပန်းစေမှာ အမှန်ပါ။ သားဦးမိခင်တွေဆို ပိုတောင်ဆိုးပါတယ်။ သားဦးသမီးဦးကလည်းဖြစ် ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိလို့ ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိခင်တိုင်းအတွက် အသုံးတည့်စေမယ့် အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ သားသားမီးမီးလေးတွေကိုစောင့်ရှောက်နည်းပြောပြပေးထားပါတယ်။ ကလေးကအအေးမိဖျားနာတာဆိုရင် ကလေးမှာ အအေးမိဖျားနာဖြစ်တဲ့အခါ ကိုယ်နွေးနွေးလေးဖြစ်နေပြီး မအီမသာနဲ့ဂျီကျနေတတ်ပါတယ်။ ငယ်တဲ့ကလေးတွေမှာဆိုရင် ပိုတောင်ဆိုးပါမယ်။ သူတို့လေးတွေက ခံစားရတာကို မပြောနိုင်တဲ့အခါ ငိုတာ ဒါမှမဟုတ် အမူအရာတွေနဲ့ဖော်ပြတာမျိုးလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် ကလေးကအအေးမိဖျားနာနေပြီဆိုရင် - ကလေးကို အနားယူခိုင်းပါ - အနားယူတာက ကလေးရဲ့ ခန္ဓါကိုယ်မှာ ခွန်အားပြည့်လာစေပြီးရောဂါပိုးတွေကိုတုံ့ပြန်နိုင်စွမ်းကောင်းလာစေမှာ အသေအချာပါ။ ကလေးကကျောင်းနေအရွယ်မျိုးဖြစ်နေပြီဆိုရင် ကလေးကိုကျောင်းကိုမလွှတ်ဘဲနေအိမ်မှာဘဲ အနားယူခိုင်းပါ။ အရည်များများတိုက်ပါ - အရည်များများသောက်တာက အဖျားကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကလေးကအော့အန်တာ၊ဝမ်းသွားတာတွေပါဖြစ်နေမယ်ဆိုရင်တော့ ကလေးကို အရည်များများတိုက်ပေးဖို့ပိုလိုပါမယ်။ စိုထိုင်းမှုထိန်းစက်အသုံးပြုပေးပါ -အအေးမိဖျားနာဖြစ်တဲ့အခါ ကလေးငယ်မှာ နှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာတွေပါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း