backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးကို ကော်ဖီတိုက်လို့ရသလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကို ကော်ဖီတိုက်လို့ရသလား

ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။

နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။

ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။

ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –

ဒါ့ကြောင့်  ကလေးတွေကို မကြာခဏ ကော်ဖီအကျင့်မလုပ်ပေးသင့်ပါဘူး။ ကဖင်းပါတဲ့အချိုရည်တွေကိုလည်း အတူတူပါပဲ။

ဘာပြဿနာတွေ ဖြစ်စေနိုင်လို့လဲ

ကလေးရဲ့ ကဖင်းသောက်သုံးမှုကို ကန့်သတ်ရတဲ့ အကြောင်းရင်းတွေကတော့ –

  • ကဖင်းပါတဲ့သောက်စရာတွေမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေလိုမျိုး ကလေးတွေအတွက်လိုအပ်တဲ့ ကျန်းမာရေးအာဟာရတွေ မပါရှိပါဘူး။
  • ကဖင်းက ရေဓာတ်ခမ်းခြောက်စေပါတယ်။
  • နှလုံးနဲ့ဆိုင်တဲ့ပြဿနာတွေ၊ အာရုံကြောဆိုင်ရာလက္ခဏာတွေဖြစ်လာစေနိုင်ပါတယ်။
  • အစာစားချင်စိတ်ကို နည်းစေတဲ့အာနိသင်ရှိလို့ လိုအပ်တဲ့ကယ်လိုရီပမာဏပြည့်ဝအောင် စားသုံးနိုင်မှာမဟုတ်ပါဘူး။ ကလေးဆိုတာ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အာဟာရဓာတ်မှန်သမျှ လိုအပ်နေတဲ့သူတွေမို့ ဒီလိုဖြစ်လို့မရပါဘူး။
  • မွန်းလွဲပိုင်းလောက်ကသောက်ထားရင်တောင် ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ (၈) နာရီလောက်အထိ ကျန်နေနိုင်လို့ အိပ်ရမယ့်အချိန်မှာ ကလေးက မအိပ်နိုင်တော့ဘဲ မျက်စိကြောင်နေပါလိမ့်မယ်။
  • ကဖင်းက ဦးနှောက်ကိုလှုံ့ဆော်မှုနဲ့ နိုးကြားလွန်မှုကြောင့် ပင်ပန်းနေချိန်မှာတောင် လန်းနေတာကြောင့် အားကုန်နွမ်းလျစေနိုင်ပါတယ်။

လေ့လာမှုတွေအရဆိုရင် ကဖင်းဓာတ်သောက်သုံးမှုများတဲ့ ကလေးတွေဟာ စိတ်အလိုမကျဖြစ်လွယ်ပြီး နှလုံးခုန်သံမူမမှန်ဖြစ်လေ့ရှိတယ်လို့တောင် ဖော်ပြကြပါတယ်။

ပြောရရင် ကလေးတွေရဲ့ကျန်းမာရေးအတွက် တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်းချင်းထိခိုက်စေနိုင်တဲ့ ကဖင်းက မသင့်တော်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစိတ်ကျေနပ်အောင်ပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ လူကြီးစားတဲ့၊ သောက်တဲ့အရာရာတိုင်းကို ကလေးကိုအကျင့်လုပ်ပြီး မကျွေးသင့်ဘူးဆိုတာလေး သတိချပ်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement