ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ သားအချစ် မြေးအနှစ် ဆိုတာနဲ့အညီ မိမိတို့ရဲ့ ချစ်လှစွာသော သားသမီးတွေကနေ မွေးဖွားလာတဲ့ မြေးကလေးတွေဟာ ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်တာနဲ့အညီ သူတို့လေးတွေ မွေးဖွားလာပြီဆိုတာနဲ့ ကလေးကျန်းမာရေး၊မိခင်ကျန်းမာရေးက အစပြုလို့ ဖိုးဖိုးဖွားဖွားတွေဟာ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့အတွက် သူတို့သိထားသမျှ မှန်တယ်၊ကောင်းတယ်လို့ ထင်တဲ့ အရာတွေကို သမီး/ချွေးမ ဖြစ်သူနဲ့ မြေးဖြစ်သူကို ပြုလုပ်ပေးပါတော့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါပဲ၊တချို့တချို့သော ရှေးရိုးစွဲ ဖိုးဖိုးဖွားဖွားတွေရဲ့ အယူအဆတွေဟာ ခေတ်မီသိပ္ပံပညာ၊ဆေးပညာရဲ့ အယူအဆတွေနဲ့ လွဲနေတတ်ပြီး မွေးကင်းစကလေးအပေါ်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ နယ်ဖက်က မြို့နက်ဆေးရုံ၊တိုက်နယ်ဆေးရုံတွေမှာ အတွေ့ရများတတ်တယ်လို့ စစ်ကိုင်းဆေးရုံက ကလေးအထူးကုဆရာဝန်တဦးက ဆိုပါတယ်။   ၁။ ခေါင်းရိတ်ခြင်း ကလေးမွေးပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ထွက်များစေမယ့် အစားအစာများ

မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် ကလေးငယ်လေးတွေကို မဖြစ်မနေ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ ဒီအချက်ကပဲ မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပိုစိတ်ဝင်စားစေတာပါ။ ဒီတော့ မိခင်နို့ထွက်များစေမယ့် အစားအစာများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။ မိခင်နို့ထွက်များစေမယ့် အစားအစာများ မိခင်နို့ထွက်များစေမယ့် အစားအစာများ ကတော့ ဘာလီ (Barley) International Board Certified Lactation Consultant တစ်ဦးဖြစ်တဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်သူ Alicia C. Simpson ကတော့ ဘာလီစေ့က prolactin လို့ခေါ်တဲ့ နို့ရည်ထွက်ရှိစေတဲ့ ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta-glucan ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါလို့ပြောကြားထားပါတယ်။ ဘာလီက မိခင်နို့ကို အာဟာရပြည့်ဝစေရုံသာမက မိခင်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အုတ်ဂျုံ ဘာလီပြီးရင်တော့ ဒုတိယမြောက်beta-glucan ပါဝင်မှုအများဆုံးအစားအသောက်က အုတ်ဂျုံပါ။ အုတ်ဂျုံက မိခင်နို့ရည်ထွက်ရှိမှုကို တိုးစေနိုင်တယ်လို့ လူသိများတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သားသားမီးမီးလေးတွေရဲ့ လမ်းပြကြယ်က မေမေပါ

၉ လလုံးလုံး သားအိမ်ထဲမှာနေရင်း အခြားသူတစ်ယောက်ရဲ့ စားသုံးတဲ့အစားအသောက်တွေ၊ ကာကွယ်ပေးမှု နဲ့ အနွေးဓါတ်ပေါ်မှာ မှီခိုနေခဲ့တာပါ။ လူတစ်ယောက်အပေါ်မှာမှီခိုနေရင်း အသက်ရှင်ခဲ့ရမှုကနေတဆင့်ပြောပြဖို့မလွယ်တဲ့ သံယောဇဉ်တစ်ခုတည်ဆောက်နိုင် ခဲ့သလို ရိုသေလေးစားချစ်ခင်မှုတွေပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုမှီခိုနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးရင်းစောင့်ရှောက်ပေးခဲ့သူက အခြားသူမဟုတ်ပါဘူး မေမေပါ။ ဘဝမှာတွေ့ကြုံရတဲ့ အကောင်းအဆိုးတွေမှန်သမျှကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူက မိခင်ပါ။ ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးမားဆုံးသူတွေကိုပြပါဆိုရင် မိခင်တွေပဲဖြစ်မှာပါ။ မေမေကတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တွေ့ဆုံခဲ့ရသူတွေထဲမှာ အနွေးထွေးဆုံးသူပါ။ သားသမီးတွေပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ အခက်အခဲဖြစ်နေလားဆိုတာနဲ့ နှစ်သိမ့်အားပေးမှုကိုလိုအပ်နေလားဆိုတာကို မပြောဘဲသိရှိနိုင်သူကမေမေတွေပါ။ စိတ်ဓါတ်ကျစရာတွေနဲ့တွေ့တိုင်း နှစ်သိမ့်အားပေးရင်းရှေ့ဆက်လျှောက်ဖို့ အင်အားတွေဆောင်ကြဉ်းပေးတာ လုံခြုံနွေးထွေးမှုကို ခံစားရအောင်လုပ်ဆောင်ပေးနိုင်သူက မေမေအပြင်အခြားမရှိပါဘူး။ အူဝဲလို့အော်ရင်း ငိုယိုပြီး လူ့လောကထဲကို ဝင်လာနိုင်ဖို့ ခက်ခက်ခဲခဲမွေးထုတ်ပေးခဲ့ရသူတွေကမေမေတွေပေါ့။ မွေးဖွားသန့်စင်ပြီးချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးလေးပွေ့ဖက်ပြုစုစောင့်ရှောက်ပေးတဲ့ လက်တစ်စုံ ပိုင်ရှင်ကို ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်မေမေကတော့မွေးလာတဲ့သားသားမီးမီးလေးတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပေးတဲ့ လက်ဆောင်အဖြစ်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ ကိုယ်ကမရင်းနှီးပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

Lactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကဘာလဲ။ နို့တိုက်သောကြောင့် ရင်သားရောင်ခြင်းဆိုသည်မှာကလေးကိုမိခင်နို့ တိုက်နေတဲ့ကာလမှာရင်သားတွင် ပိုးဝင်ခြင်းကြောင့် နာခြင်း၊ နီခြင်း၊ ဖျားခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ဖြစ်ပါတယ်။ ၎င်းက ကလေးမွေးဖွားပြီးနောက် ပထမဆုံးခြောက်ပတ်အတွင်းမှာအဖြစ်အများဆုံးဖြစ်ပါတယ်။ Lactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ဖြစ်စေတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ဆောင်ရွက်နိုင် ပါတယ်။ (အခြားအချက်အလက်များသိရှိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) လက္ခဏာများLactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့ -ရင်သားကိုထိပါကနာခြင်းဒါမှမဟုတ် ထိလျှင်ပူနေခြင်း -နေထိုင်မကောင်းခြင်း -ရင်သားရောင်လာခြင်း -နာခြင်းသို့မဟုတ် ပူခြင်းကိုတောက်လျှောက်ခံစားရခြင်းသို့မဟုတ် နို့တိုက်စဉ် ခံစားရခြင်း -အရေပြားနီခြင်းသပ်ပုံစံမြင်ရခြင်း -အဖျား ၁၀၁ နဲ့ ၁၀၁အထက် ဖျားခြင်း ဒီလိုရင်သားရောင်ခြင်းဟာများသောအားဖြင့် နို့တိုက်တာရဲ့ အစောပိုင်းအပတ်တွေမှာအဖြစ်များပေမယ့် နို့တိုက်နေချိန်ကာလတစ်လျှောက်လုံးဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။ ဒီလိုရောင်ခြင်းဟာရင်သားတစ်ဖက်ထဲကိုပဲဖြစ်စေတာများပါတယ်။ (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ […]


ကလေးငယ်အာဟာရ

မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား

မုယောစပါးထွက်အားဖြည့်အချိုရည်တွေ (Malk milk) တို့လိုမျိုးသောက်စရာတွေကနေ့စဉ်စားသောက်မှုပုံစံတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နေရာယူလာကြသလို အာဟာရဖြစ်စေတယ်၊လို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။ အာရှဒေသမှာဆိုရင် malt milkတွေကိုတော်တော်လေးသောက်လာကြတယ်လို့လေ့လာမှုတွေအရသိရပါတယ်။ မိခင်တွေက ကလေးတွေအတွက် ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ကြော်ငြာချက်တွေကြောင့် သူတို့ရဲ့ ကလေးတွေကိုဈေးကွက်ထဲက နာမည်ကြီးတဲ့ Malt milkတွေကို စိတ်ချလက်ချတိုက်ကျွေးနေမိမယ်ထင်ပါတယ်။ malt milkတွေကို မကောင်းဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ malt milkတွေကို အသင့်အတင့်သောက်သုံးတာက ကျန်မာရေးနဲ့ကိုက်ညီတယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ ကယ်လ်လိုရီတွေ အများကြီးစားသုံးမိသလိုဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများပါလိမ့်မယ်။ ဒါကြောင့် malt milkတွေကို ကလေးတွေကို တိုက်ကျွေးချင်တယ်ဆိုရင် မတိုက်ကျွေးခင်မှာ ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်တာဖြစ်ဖြစ် ဖတ်ရှုလေ့လာတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုပြီး ထုတ်လုပ်ထားတဲ့သောက်စရာတွေက အမှုန့်ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး နို့နဲ့ရောသောက်တာမျိုးဖြစ်ဖြစ်ရေနွေးနဲ့ရောစပ်ပြီးသောက်တာမျိုးဖြစ်ဖြစ်သောက်လို့ရပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်အာဟာရသောက်စရာတွေကလည်းတော်တော်လေးများတာကြောင့် အကောင်းဆုံးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ပျိုးထောင်ပေးနေတဲ့နည်းလမ်း မှန်ကန်ရဲ့လား

မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတယ်ဆိုတာ တိုင်းဆမရတဲ့မေတ္တာနဲ့ပါ။ သူတို့လေးတွေ လူ့လောကထဲရောက်လာတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့ မိဘတိုင်းရဲ့မျက်လုံးထဲတော့ သားသမီးဆိုတာ အမြဲတမ်းကလေးလေးတွေပါပဲ။ ဒါပေမယ့် သဘာဝတရားက ဒီအတိုင်းမနေပါဘူး။ ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာရမှာ သဘာဝပဲမို့ အမြဲပဲ ကလေးလို အလိုလိုက်၊ချော့မြှူပြီးထားလို့မရဘူးဆိုတာ မိဘတွေ သတိချပ်ဖို့လိုပါလိမ့်မယ်။ အနှီးလေးနဲ့ပတ်ထားတဲ့ဘေဘီပိစိအရွယ်ကနေလေးဘက်ထောက်တတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ကျောင်းတက်ရမယ့်အရွယ် စသည်ဖြင့် ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့သိတတ်နားလည်မှုတွေကလည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်စဉ်မှာ ဖယောင်းရုပ်လို ပုံသွင်းလို့ရတဲ့အရွယ်မို့ ကလေးတွေကိုအမူအကျင့်ကောင်းတွေရရှိစေဖို့က မိဘတွေရဲ့တာဝန်ပါပဲ။ သွန်သင်မှု၊ ပျိုးထောင်မှုနည်းလမ်းမှန်ကန်မှ ကလေးတွေရဲ့အနာဂတ်လမ်းဖြောင့်ဖြူးအောင်မြင်မှာဖြစ်လို့ ငယ်ရွယ်စဉ်အချိန်က အရေးကြီးဆုံးပါပဲ။ ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ကအရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ မသိလိုက်ဘဲလုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရောမှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှားတွေကိုကြည့်ရအောင်။ အမှားလုပ်တိုင်း အပြစ်ပြောခြင်း ကလေးတွေအမှားလုပ်တိုင်းအပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

နို့တိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ ကလေးမွေးဖွားလာပြီဆိုရင် မိခင်နို့တိုက်ကျွေးတယ်ဆိုတာသဘာဝပဲဆိုပေမယ့် သားဦးမွေးတဲ့မိခင်တိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ မကြုံဖူးသေးတဲ့မိခင်တွေအနေနဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေ မေးဖို့ရှက်နေတာမျိုးလည်းရှိနိုင်ပါတယ်။ မသေချာမှုတွေ၊စိတ်ပူပန်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့ပေါ့။ ဒါပေမယ့် သိထားရမှာကအစပိုင်းမှာအခက်အခဲရှိနိုင်တယ်ဆိုပေမယ့် ကလေးအတွက်ရော၊ ကိုယ့်အတွက်ပါ စိတ်ရှည်ဖို့လိုပါတယ်။ မိခင်နို့ မဖြစ်မနေတိုက်ဖို့လိုလား မိခင်နို့တိုက်ခြင်းကကလေးအတွက်ရောမိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသုတေသနတွေကသက်သေပြပြီးဖြစ်ပါတယ်။ မိခင်နို့မှာသဘာဝအလျောက် ပဋိပစ္စည်းတွေပါဝင်ပြီးဖြစ်သလို ကလေးရဲ့ပထမခြောက်လအတွင်းလိုအပ်သမျှ အာဟာရဓါတ်တွေအကုန်ပါရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေမှာအစားအစာဓါတ်မတည့်မှုနဲ့ ကိုယ်အလေးချိန်များခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ သုတေသနအသစ်တွေကဖော်ပြထားပါတယ်။ ကလေးနို့မှုန့်တွေကိုမိခင်နို့အစားတိုက်ကျွေးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ မိခင်နို့ကကလေးအတွက်အကောင်းဆုံးလို့ လက်ခံယူဆကြပါတယ်။ မိခင်အတွက်ဆိုလည်းကလေးကိုနို့တိုက်ကျွေးခြင်းဖြင့် သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ကလေးကိုနို့တိုက်ကျွေးတဲ့အခါ သားအမိကြားကမေတ္တာကြိုးပိုခိုင်မာစေတဲ့အပြင် prolactin နဲ့ oxytocin လို့ခေါ်တဲ့ မိခင်ဟော်မုန်းတွေထွက်ရှိစေပါတယ်။ prolactin က ကလေးမွေးပြီးနောက်ပိုင်းမိခင်မှာစိတ်ခံစားချက်အပြောင်းအလဲဖြစ်ခြင်း(baby blues)ကိုဟန့်တားပေးနိုင်ပြီး oxytocin က မွေးလမ်းကြောင်းအတွက် ကောင်းကျိုးပြုပါတယ်။ နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်တွေရဲ့ကိုယ်အလေးချိန်ကိုကိုယ်ဝန်မဆောင်ခင်ကအတိုင်းပြန်ဖြစ်စေဖို့လည်းအထောက်အကူပြုပါတယ်။ နို့တိုက်တယ်ဆိုတာနဲ့ရပြီလား ကလေးကိုမိခင်နို့သောက်သုံးစေချင်ပေမယ့် နို့တိုက်ရတဲ့ကိစ္စကိုမကြိုက်တဲ့မိခင်တွေရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုမို့ နို့ညှစ်ပြီးကလေးကိုနို့ဗူးနဲ့ပြန်တိုက်တာကအဆင်ပြေတယ်ဆိုလည်းလုပ်လို့တော့ရပါတယ်။ မိခင်နို့ကိုကလေးကစို့လိုက်တဲ့အခါ နှိုးဆွမှုကိုဖြစ်စေပြီးနို့ရည်ထွက်လာတာပါ။ နို့ကိုညှစ်ထုတ်တဲ့အခါတော့ နှိုးဆွရခက်ခဲတဲ့အတွက် ကလေးကိုတိုက်ရိုက်နို့မတိုက်တဲ့မိခင်တွေမှာနို့ရည်လမ်းကြောင်းပိတ်ဆို့ခြင်းခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးကိုရောဂါပိုးမရရှိစေဖို့အတွက် နို့ညှစ်ကိရိယာကိုသန့်စင်ဖို့အရေးကြီးပါသေးတယ်။ ဒါ့ကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ဘယ်လိုလုပ်ဆောင်ပေးကြမလဲ

အူဝဲ အူဝဲ ဆိုတဲ့အသံလေးနဲ့ လူ့လောကထဲရောက်ရောက်ချင်းမှာတော့ ဘာကိုမှမသိသေးတဲ့ကလေးတွေပါ။ ဒါပေမယ့် သူတို့တွေရဲ့ဦးနှောက်က အမေ့ဝမ်းထဲမှာတည်းက အချိန်နဲ့အမျှဖွံ့ဖြိုးလာခဲ့တာဖြစ်ပြီး အရွယ်ရောက်တဲ့အခါ ဉာဏ်ရည်မြင့်စေဖို့ အခုချိန်က အခြေခံဖြစ်ပါတယ်။ မွေးလာပြီး မျက်စိပွင့်ကတည်းက သူ့ရဲ့ကမ္ဘာသစ်ကို ကလေးက စူးစမ်းတော့မှာပါ။ မွေးကင်းစမှာ အလင်းရောင်ရှိတဲ့ဘက်ကို လိုက်ကြည့်တတ်တာ၊ သူနဲ့အနီး စင်တီမီတာ ၂၀ လောက်အကွာမှာရှိတဲ့ အရာဝတ္ထုတွေကို အာရုံစိုက်ကြည့်နိုင်တာ၊ သေချာမမှတ်မိသေးပေမယ့် မျက်နှာကိုပဲ သေချာကြည့်တတ်တာတွေနဲ့ အမြင်အာရုံစတင်ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ပထမဆုံးဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ အသက် တစ်လကနေသုံးလအတွင်းမှာ ပြင်ပလောကမှာ နေထိုင်ကျင့်သားရဖို့အတွက် ခန္ဓါကိုယ်ရော ဦးနှောက်ရောပြောင်းလဲဖွံ့ဖြိုးလာပါတယ်။ပြုံးတတ်ရယ်တတ်လာမယ်၊ လှမ်းခေါ်ရင်သိလာမယ်၊ မျက်နှာတွေရင်းနှီးပြီး လူတွေမှတ်မိလာမယ်၊ နာမည်လေးခေါ်ရင် သိလာမယ်၊ အရာဝတ္ထုတွေကို လက်နဲ့ဆုပ်ကိုင်တတ်လာမယ်၊ စသည်ဖြင့် တိုးတက်မှုတွေက အများကြီးပါ။ ကလေးတွေရဲ့ဦးနှောက်က ဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် မျက်စိကမြင်သမျှနဲ့ ဦးနှောက်ကသိနိုင်စွမ်း အပြည့်အဝမချိတ်ဆက်နိုင်သေးပါဘူး။ ချိတ်ဆက်မှုကောင်းမွန်မှ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ကျန်းမာဖွံ့ဖြိုးမှုတွေရလဒ်ကောင်းစေနိုင်မှာဖြစ်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

Mastitis (နို့နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mastitis (နို့နာ ) ကဘာလဲ။ နို့နာ ဆိုတာ နို့တိုက်မိခင်တွေ ရဲ့ ရင်သားမှာ နီရဲ နာကျင်နေပြီး ဖျားချင်သလိုလို မအီမသာ ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ မီးဖွားပြီး ၆ ပတ်အတွင်းမှာ အများဆုံး ဖြစ်တတ်ပါတယ်။ Mastitis (နို့နာ ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ရှောင်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်သိချင်တာတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။   လက္ခဏာများMastitis (နို့နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်သားကို ထိလိုက်ရင် နွေးနေပြီး နူးညံ့နေတတ်ပါတယ်။ ဖျားချင်သလိုလို ခံစားနေရပါမယ်။ ရင်သားရောင်ရမ်းနေပါမယ်။ နို့တိုက်နေတဲ့ အချိန်မှာ ဆက်တိုက် ဆိုသလို ပူလောင်နာကျင်တာကို ခံစားနေရပါမယ်။ အရေပြားတွေ နီရဲနေပြီး ပုံစံက ခပ်ချွန်ချွန် ဖြစ်နေပါမယ်။ အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (၃၈.၃ ဒီဂရီဆဲလ်စီးယပ်စ်) ထက် မြင့်နေပါမယ်။   နို့နာဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း

သင်ရောသင့်ကလေးရောနဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက်သေဆုံးတဲ့အခါမှာ ဝမ်းနည်းကြေကွဲမှုပူဆွေးသောကရောက်ခြင်းက ဓမ္မတာပဲဖြစ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးခံစားနေရာတာကို ကြည့်ဖို့ခက်ပါတယ်။ သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် မလုပ်ပေးနိုင်ပေမယ့် ပုံပြင်ပြောပြခြင်းကနေ သင့်ကလေးကိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင်နဲ့ ဒူပေဒါပေခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။   ပုံပြင်ပြောပြခြင်းက ဘာကြောင့်အထောက်အကူဖြစ်လဲ။ စားရေးတဲ့စနစ်မပေါ်ပေါက်သေးခင်က ပုံပြင်ပြောခြင်းက လူ့အဖွဲ့အစည်းကိုပိုပြီးရင်းနှီးကျွမ်းဝင်လာအောင် အခြားအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်တွေမျှဝေပေးနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ အခြားသူတွေကို ပုံပြင်တွေကိုပြောပြပေးခြင်းဖြင့် လူမျိုးစုတွေအားလုံးရဲ့ယဉ်ကျေးမှု၊ ဘဝသင်ခန်းစာနဲ့ ပညာရေးကိုမျှဝေပေးနိုင်ပါတယ်။ သင့်ကလေးပူဆွေးသောကရောက်နေချိန်မှာ တိတ်ဆိတ်နေလေ့ရှိပါတယ်။ သင့်ကလေးက သူခံစားရတာကိုပြောပြဖို့ သင့်တင့်တဲ့စကားလုံးရွေးချယ်ဖို့ ခက်နေတာမျိုးလည်းဖြစ်နိုင်ပြီး သူတို့ဘာခံစားနေရတယ်ဆိုတာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ပုံပြောခြင်းက သူတို့ခံစားချက်တွေပွင့်ကျလာစေပြီး ကလေးရဲ့ခံစားချက်ကိုတဖြည်းဖြည်းချင်းလေ့လာပြီး အဖြေရှာနိုင်ပါတယ်။   ပုံပြောခြင်းက ဘယ်လိုအထေက်အကူပေးလဲ။ ပုံပြောခြင်းဘယ်လိုအထောက်အကူပြုလဲဆိုတာနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်ရှင်းပြထားပါတယ်။ ပုံပြောခြင်းက ကလေးရဲ့ခံစားချက်ပွင့်ကျလာဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပုံပြောခြင်းက ဒေါသထွက်ခြငး၊ ဝမ်နည်းခြင်း၊ သိမ်ငယ်ခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်း အရှက်ရခြင်းစတဲ့ခံစားချက်တွေကို ဖွင့်ပြောနိုင်အောင် ကူညီပေးပါတယ်။ သင်္ကေတဘာသာကိုအသုံးပြုပြိး ရောဂါခံစားနေရတဲ့အကြောင်းဒါမှမဟုတ် သူတို့ကိုယ်တိုင်အကြောင်းတွေကို တိုက်ရိုက်ပြောပြခိုင်းခြင်းထက် သူတို့ရဲ့စိတ်ခံစားချက်၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကိုဖော်ပြစေခြင်းက သင့်ကလေးကို ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း