ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ဆော့ကစားရင်းဖြစ်ဖြစ် မြက်ခင်းလို နေရာမျိုးတွေပေါ်မှာ လမ်းလျှောက်ရင်းက ဖြစ်ဖြစ် မတော်တဆ ပုရွက်ဆိတ် ကိုက်ခံရတာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘေဘီလေးကို ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ ဖေဖေမေမေတို့ရေ.... ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ရှားစောင်းလက်ပပ် ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့ ပွတ်ပေးလိုက်ပါ။ အရေပြား ယားယံတာ နဲ့ နီမြန်းတာတွေကို သက်သာစေမှာပါ။ ရေခဲဝတ် ကပ်ပါ ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာကို သိသိချင်း ရေခဲတုံးတွေကို တဘက်စသန့်သန့်ထဲထည့်ပြီး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ပုရွက်ဆိတ်ကိုက်တာ​ကြောင့် အရေပြား ယားယံတာနဲ့ ရောင်ရမ်းနီမြန်းတာကို သက်သာစေနိုင်မှာပါ။ ပျားရည် ပုရွက်ဆိတ်ကိုက်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလိမ်းပေးလို့ ၁၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

မေမေတို့ရဲ့ ဘေဘီလေးတွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ်ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။ ဒါကြောင့် ဘေဘီလေးတို့ အသားလှဖို့ ၊ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေကို မေမေတို့ သတိထားပေးပါနော်။ ဘေဘီလေးတို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့ ဘေဘီလေး တွေကို ရေချိုးဖို့ မလောပါနဲ့။ လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါကြောင့်‌ နေ့တိုင်း […]


ကလေးငယ်အာဟာရ

ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ

နုနယ် ငယ်ရွယ်လွန်းတဲ့ ဘေဘီလေးတွေကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရပါမယ်။ ဒီလို ဂရုစိုက်တဲ့အခါ အရေးကြီးဆုံးက အာဟာရဖြစ်အောင် ပြင်ဆင်ပေးဖို့ပါ။ အာဟာရဖြစ်အောင် ပြင်ဆင်ပေးပြီးရင်လည်း ကလေးက စားမှ အာဟာရပြည့်ဝမှာပါ။ ဒီတော့ ဘေဘီလေးတွေလည်း ခံတွင်းလည်းတွေ့ ကိုယ်ခံအားလည်း ပြည့်စေမယ့် စားစရာလေးတွေအကြောင်း မေမေတို့ သိအောင် ဝေမျှပေးမယ်နော်။ ကဲ ... ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ ဘေဘီလေးက ကိုယ်ခံအားကောင်းတဲ့  ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘေဘီလေးကို ဒီ အစားအစာလေးတွေနဲ့ မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ ကတော့ ဒိန်ချဉ် - ဒိန်ချဉ်မှာ ဘေဘီလေးတို့ရဲ့ အစာခြေစနစ်ကို စောင့်ရှောက်ပေးမယ့် အကျိုးပြုဘက်တီးရီးယား […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ။

ရာသီဥတုက ပူပြင်းလာတဲ့အခါ သူသူကိုယ်ကိုယ် နဂိုကထက်ပိုပြီး ရေဆာလာတတ်ကြပါတယ်။ ဒီထဲမှာ နို့တိုက်မေမေ တွေလည်း ပါပါတယ်။ သူတို့က သူတို့အပြင် ကလေးကိုလည်း နို့တိုက် ရတဲ့ အတွက် တစ်နေ့တစ်နေ့ သူတို့ ရေသောက်တာ လုံလောက်ပါ့မလား။ သူတို့ရေသောက်နည်းရင် နို့ထွက်ရော နည်းသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီဆောင်းပါးမှာ မေမေတွေ ရေဘယ်လောက်သောက်သင့်လဲ။ မေမေတွေ ရေသောက်နည်းရင် ကလေးတွေရော ရေငတ်သွားမလားဆိုတာကို ပြောပြပေးပါမယ်။ နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။ မေမေတွေက တစ်နေ့ကို နို့ ၇၅၀ မီလီလီတာလောက် ထွက်ပါတယ်။ ရေသန့်ဘူး တစ်ဝက်ကျော်ကျော်လောက်ပေါ့။ ဒါကြောင့်  European Food Safety Authorityက တစ်နေ့တာ လိုအပ်ချက်အပြင် အပို ၇၀၀ မီလီလီတာလောက် ထပ်ဆောင်းသောက်ပေးဖို့ ပြောထားပါတယ်။ နို့တိုက်ကျွေးရေး […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မိခင်နို့ တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့) နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။ ၁။ ကလေးလေးအတွက် နို့မဝခြင်း။ ပထမဦးဆုံး […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ။

မိခင်နို့ ဟာ မွေးကင်းစ ကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက် အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့် ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်ခြင်း အနုပညာ

ဒီတစ်ခေါက်တော့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ အာဟာရ ပြည့်ဝစေဖို့  လိုအပ်တဲ့ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ ပတ်သက်လို့ နို့တိုက်ခြင်း အနုပညာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ နို့တိုက်ခြင်း အနုပညာ မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာ မကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။ တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်မေမေ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား..........

ပထမ မွေးထားတဲ့ သားသားမီးမီးလေးတွေက ၂ နှစ် မပြည့်ခင်မှာ မေမေက နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် မေမေတိုင်း သိချင်နေမယ့် မေးခွန်းလေးတစ်ခု ရှိနိုင်ပါတယ်။ ဒါကတော့ ၂ နှစ်မပြည့်ခင်အထိ မိခင်နို့တိုက်ပါဆိုတော့ ပထမ ကလေးကို မိခင်နို့ချို ဆက်တိုက်လို့ ရမလားဆိုတဲ့ ကိစ္စပါ။ ဒီ ကိစ္စကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိနေချိန်မှာ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား.............. ကိုယ်ဝန်ဆောင်နေရချိန်မှာ ကလေးက နို့ဖြတ်ဖို့ အဆင်မပြေသေးတဲ့ အရွယ်ဖြစ်နေမယ်ဆိုရင် နို့ဆက်တိုက်ပါ၊လို့ ပြောပါရစေ။ ဒါက မေမေ့ကိုရော ဘေဘီလေးကိုပါ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒိလိုနို့တိုက်တာ​ကြောင့် ဗိုက်ထဲက ဘေဘီလေးဆီကို အာဟာရ ပြည့်ဝလုံလောက်စွာ မရမှာကိုလည်း စိုးရိမ်နေနိုင်ပါတယ်။ တကယ်ကတော့ ဒီလိုမဖြစ်ပါဘူး။ မေမေကသာ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ဗိုက်ထဲက ဘေဘီလေးလည်း အာဟာရ […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

ခုထက်ထိ မေမေတွေမှာ ရှိတဲ့ ပြဿနာကတော့ ကလေးကို ရေတိုက်တာပါပဲ။ ဘယ်လောက်ပဲ ပညာတွေ ပေးနေပေမယ့်လည်း ကလေးကို ရေတိုက် နေတုန်းပါပဲ။ နောက်ပြီး တကယ်သိ တကယ်နားလည်တဲ့ မေမေတွေကျတော့လည်း မိဘဆွေမျိုးတွေကို မလွန်ဆန်နိုင်တာနဲ့ပဲ တိုက်ရပြန်ရော။ တစ်ခါ ကိုယ့်ကလေးကို အပ်ပြီး အလုပ်ထွက်လုပ်ပြန်တော့လည်း အလစ်မှာ ရေခိုးတိုက်ကြပြန်ရော။ ဆိုတော့ ဒီလောက် အကြိမ်ကြိမ်အခါခါ ပြောနေပါလျက်နဲ့ ဘာကြောင့် ဒီရေကိုချည်း အတင်းတိုက်ဖို့ ကြိုးစားနေကြတာလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ။ ဆက်ကြည့်ရအောင်။ မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။ (၁) "နင်တောင် ရေသောက်သေးတာ၊ ကလေး က ရေဆာမှာပေါ့။" မွေးစ ကလေးက ရေတွေ ဘာတွေ မသိပါဘူး။ ဒီအချိန်မှာ သူ့အတွက် အကောင်းဆုံးက မိခင်နို့ပါ။ ကလေးအတွက် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား...... ဒါဆိုရင်တော့ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတာ သိရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတော့ အခွံမာသီးတွေ ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာဆိုရင် အာရုံကြောရဲ့ အပေါ်ယံအမြှေးပါးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝ စွာ ပါဝင်နေပါတယ်။ သီရာမင်း ကလည်း ဦးနှောက် နဲ့ အာရုံကြော […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း