ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ............. ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းတယ် ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ […]


ကလေးငယ်ပထမနှစ်

မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။

ရှိတာပေါ့။ မွေးကတည်း က သွားပေါက် နေတဲ့ ကလေး ရှိပါတယ်။ ကလေးတော်တော်များများက ၆လလောက်ဆို သွားငုတ်တုတ်၊ လူငုတ်တုတ် ဖြစ်နေပါပြီ။ အတိုးအလျော့နဲ့ ပြောရင် ၄လနဲ့ ၇လကြားပေါ့။ ဒါပေမယ့် တချို့ကလေးက အမေဝမ်းက ကျွတ်ကတည်းက သွားလေးနဲ့။ တချို့ကျတော့လည်း မွေးပြီး တစ်လလောက်နေတော့ သွားပေါက်လာရော။ ဒါတွေဟာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြရအောင်။ ဘာလို့ မွေးကတည်း က သွားပေါက်နေရတာလဲ။ ကလေး ၂၀၀၀မှာ ၁ယောက်လောက်က မွေးကတည်းက သွားပါလာပါတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် တချို့သော အကြောင်းတွေက ကလေးကို မွေးကတည်းက သွားပေါက်စေပါတယ်။ သွားဖုံးမှာ ပေါက်တာလည်း ရှိသလို နှုတ်ခမ်းနားမှာ၊ အာခေါင်မှာ ပေါက်တာလည်း ရှိပါတယ်။ များသောအားဖြင့်တော့ မွေးကတည်းက သွားပေါက်တဲ့ကလေးတွေက အောက်က ရောဂါစုတွေနဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။ ဘာလို့ ဒီလို သိမ်းဆည်းရမလဲ။ မိခင်နဲ့ဝေးကွာနေလို့ပါ။ (ဥပမာ မိခင်က ကလေးကို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာထားခဲ့ရတဲ့အချိန်တွေအတွက်ပါ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ နို့တိုက်မိခင်တွေပါ။ ဒါဆိုရင်တော့ မိခင်က အလုပ်မှာရှိနေစဉ်မှာ ကလေးနို့ဆာတဲ့အခါ အဆင်သင့်တိုက်ကျွေး နိုင်မှာပါ။) မိခင်ရဲ့ ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံပြီး ကြီးမားတင်းရင်းလာတဲ့အခါ ကလေးဟာမိခင်နို့ကို စုပ်ယူဖို့ အားမရှိတဲ့အခါ မိခင်ဟာ မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးကိုယုယုယယ နို့ထွက်တိုက်ချင်တဲ့ အခါမျိုးမှာ မိခင်နို့ကို သိမ်းဆည်းထားနိုင်ပါတယ်။ ဘယ်လိုညှစ်ယူသင့်သလဲ။ မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။ အစပိုင်းမှာတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေများ။

မွေးကင်းစ ကလေးငယ်လေးတွေဟာ ဂရုမစိုက်မိရင် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ နုနုနယ်နယ် အရွယ်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုလက္ခဏာတွေက ပြသနာရှိနိုင်တယ်၊ ကလေးအတွက် အရေးကြီးတယ်ဆိုတာလေးကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ သူတိုင်း အောက်ပါ အချက်တွေကို သတိထားပေးရပါမယ်။ ၁။ ကလေးတွင် အသက်ရှုရခက်ခဲနေတဲ့ ရောဂါလက္ခဏာများ တွေ့ရခြင်း။ အသက်ရှုမြန်နေခြင်း (သို့) အသက်ရှုတာ ပုံမမှန်ဖြစ်နေခြင်း။ မျက်နှာ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာခြင်း။ အသက်ရှုတဲ့ အခါမှာ အခက်အခဲဖြစ်နေတယ်လို့ ထင်ရခြင်း။ အသက်ရှုတဲ့အခါ ရင်ဘတ်ကြွက်သားများ၊ နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း။ အဆက်မပြတ် ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံကြားရခြင်း။ စတဲ့ လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။ ၂။ ကိုယ်အပူချိန် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းဟာ တစ်ခါတစ်လေမှာ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်တာ၊ ဉာဏ်ရည်ချို့တဲ့တာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ်ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မွေးကင်းစကလေးငယ်များ အသားဝါ ရတဲ့ အကြောင်းရင်း မွေးကင်းစကလေးငယ်များ အသားဝါ ရခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။ မွေးကင်းစအရွယ် အသားဝါခြင်းကို ၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့ ၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ၁။ ဇီဝကမ္မ […]


ကလေးငယ်အာဟာရ

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

မိခင်နို့ဟာ ကလေးငယ်တွေရဲ့ အသက် ၆လ အထိ ပြည့်၀ လုံလောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်တဲ့အတွက် အသက် ၆ လအထိ ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အသက် ၆ လ ကျော်သွားတဲ့အခါမှာ နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘဲ  ဖြည့်စွက်စာ တွေ ထည့်ကျွေးဖို့ လိုအပ်လာပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကလေးလေးအသက် ၆ လပြည့်ပြီးသွားတဲ့ ကလေးလေးတွေရဲ့ မေမေတွေအနေနဲ့ ကလေးရဲ့ဘယ်အသက်အရွယ်အလိုက် ဘာတွေ၊ ဘယ်လို ဖြည့်စွက် ကျွေးနိုင်တယ် ဆိုတဲ့အကြောင်းလေး မျှဝေပေးသွားချင်ပါတယ်။ ၁။ အသက် ၆လ မှ ၈လ အထိ မိခင်နို့ကိုတော့ ကလေးလေးစို့ချင်သလောက် ပေးစို့နိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်စာ အနေနဲ့ မိသားစုစားတဲ့ ထမင်းအိုးထဲက […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေး နို့ကောင်းကောင်း စို့နိုင်ဖို့

ကလေးတွေကို နို့တိုက်တဲ့အခါ မိခင်တွေ တော်တော်များများ အခက်အခဲတွေ့ရတာ တွေ့နေရပါတယ်။ အထူးသဖြင့် သားဦး မိခင်တွေပေါ့။ ကလေးနီတာရဲလေးကို မထိရဲ မကိုင်ရဲနဲ့ နို့လည်း ကောင်းကောင်း မတိုက်တတ်ပါဘူး။ နို့တိုက်တယ်ဆိုတာ မိခင်နို့ ကလေးပါးစပ်ထဲရောက်ရုံနဲ့ မပြီးပါဘူး။ မိခင်ရော သက်တောင့်သက်သာရှိရဲ့လား။ ကလေးရော သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကလေးဆီကိုရော နို့ကောင်းကောင်း ဝင်ရဲ့လား စတဲ့အချက်တွေကိုပါ ထည့်ပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကလေးကို အနေအထား မှန်မှန် တိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဘယ်လို နို့တိုက်ကြမလဲ။ စစချင်းမှာတော့ ဒီလိုပဲ နေသားကျဦးမှာ မဟုတ်သေးပါဘူး။ မှားလိုက် ပြင်လိုက်နဲ့ အမေရော ကလေးပါ အချိန်ယူပြီး သင်ရမှာပါ။ နို့တိုက်နိုင်တဲ့ပုံစံ အများကြီးရှိပါတယ်။ ထိုင်ပဲ တိုက်တိုက်၊ လှဲပဲ တိုက်တိုက်၊ ကလေးကို ရင်ဘတ်ပေါ်တင်ပြီးပဲ […]


ကလေးငယ်အာဟာရ

ဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်

မေမေတို့ ကလေး အသက်၆လ ကျော်ပြီဆိုတာနဲ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းခဲတတ်ကြပါတယ်။ အရင်ကတော့ မိခင်နို့ပဲတိုက်တာဆိုတော့ လွယ်တယ်လေ။ ကရိကထလည်း မများဘူး။ ခုကလေးကို ဖြည့်စွက်စာ ကျွေးရတော့မယ်ဆိုတော့ ဘာတွေများ ကျွေးရမလဲ။ လူကြီးစားသလိုပဲ ကျွေးရမှာလား။ ကလေးနဲ့ မတည့်ရင် ဘယ်လို လုပ်မလဲ။ ဗိုက်ရောပြည့်ပါ့မလား စသဖြင့် တွေးစရာတွေ ရှိလာပါပြီ။ ဒီလိုမဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ မိခင် ကလေး ကျန်းမာမှတ်တမ်းစာအုပ်ထဲက လွယ်ကူတဲ့ ဖြည့်စွက်စာ ကျွေးနည်းလမ်းညွှန် အကြောင်း ပြောပြပေးပါ့မယ်။ မိခင်နို့ ဆက်တိုက်ပါ။ ကလေးအသက် ၆လအထိ မိခင်နို့ တစ်မျိုးတိုက်ရပါတယ်။ ၆လကျော်သွားလည်း ဖြည့်စွက်စာတွေနဲ့အတူ မိခင်နို့ ဆက်တိုက်လို့ ရပါတယ်။ ကလေး အသက် ၂နှစ် ဒါမှမဟုတ် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ ဖြည့်စွက်စာ ကျွေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်

မေမေတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဘာကျွေးရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ။ ဒါလေးနဲ့ တည့်ပါ့မလား။ ဟိုဟာလေး ကျွေးရင်ရောနဲ့ ဗျာများတတ်ပါတယ်။ အထူးသဖြင့် မိခင်နို့ပဲ တိုက်ရမယ့် အချိန်မှာပေါ့။ ကိုယ်တိုင်သေချာ မသိတဲ့ အခါကျတော့ အရပ်ပြော စကားတွေနဲ့ ကလေးကို ကျွေးမိတတ်ပါတယ်။ မှန်တာလဲ ရှိသလို လွဲတာလည်း ရှိမှာပေါ့။ ဒီလို မဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ဝေထားတဲ့ မိခင်ကလေး ကျန်းမာ စာအုပ်မှာ ပါဝင်တဲ့ မိခင် နို့တိုက် ကျွေးခြင်းနဲ့ ဖြည့်စွက်စာကျွေးနည်း လမ်းညွှန်ကို ပြောပြပေးချင်ပါတယ်။ ဒါကို သိထားရင် ကိုယ့်အားကိုယ်ကိုးပြီး ကလေးကို စောင့်ရှောက်နိုင်မှာပါ။ နည်းလမ်း အမှားတွေကိုလည်း မသုံးမိတော့ဘူးပေါ့။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ အတွက် အရင်ဆုံးမှာချင်တာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ […]


ကလေးငယ်အာဟာရ

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရဓာတ်တွေ ပြည့်ဝစုံလင်စွာ မှီဝဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကလည်း ကျန်းမာ၊ စိတ်ကလည်း ချမ်းသာနေမယ်ဆိုရင် ကလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းလာမှာပါ။ ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက် ကို ပြောပြပေးချင်ပါတယ်။ ဒီလို ကျန်းမာသန်စွမ်းဖို့ဆိုရင် မိခင်နို့ကို အဓိကတိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မိခင်တိုင်းဟာ မွေးကင်းစကလေးတွေကို အသက် ၆ လအရွယ်ရောက်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ မိခင်နို့မှာ အစားမထိုးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကြောင့် ၆လ ကျော်လွန်သွားချိန်မှာလည်း ဖြည့်စွက်စာနဲ့အတူ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိခင်နို့ဆက်မတိုက်နိုင်တော့ရင် မိခင်နို့နဲ့အတူ တွဲဖက်တိုက်ကျွေးဖို့ နို့မှုန့် (Infant milk formula) […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း