backup og meta

နို့တိုက်ခြင်း အနုပညာ

နို့တိုက်ခြင်း အနုပညာ

ဒီတစ်ခေါက်တော့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ အာဟာရ ပြည့်ဝစေဖို့  လိုအပ်တဲ့ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ ပတ်သက်လို့ နို့တိုက်ခြင်း အနုပညာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

နို့တိုက်ခြင်း အနုပညာ

မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာ မကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။

တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း ပုံစံ မမှန်တဲ့ အခါမှာ ကလေးနို့မဝဘဲ လိုတာထက်ပိုကြာတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ မိခင်နို့ကို နေ့စဉ်နေ့တိုင်း တိုက်ရတာဖြစ်တဲ့အတွက် သက်သက်သာသာ၊ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် မိခင်နို့ကို ပုံစံမှန်မှန်နဲ့ တိုက်ကြဖို့ အတွက် ဒီ နို့တိုက်ခြင်း အနုပညာ ဆောင်းပါးလေးကနေ အကြံပြုချင်ပါတယ်။

မှန်ကန်တဲ့ နို့တိုက်ပုံ၊ နို့တိုက်နည်းဖြစ်အောင် အောက်ပါ အချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

၁။ နို့တိုက်တဲ့ အချိန်မှာ ကလေးလေးရဲ့ ဦးခေါင်းနဲ့၊ ခန္ဓာကိုယ်နဲ့ က တစ်ဖြောင့်တည်း ဖြစ်နေအောင်ထားရပါမယ်။

၂။ ကလေးလေးရဲ့ ခေါင်းက အမေရဲ့ တံတောင်ခွက်ထဲမှာ ရှိနေပြီး ကလေးလေး တစ်ကိုယ်လုံးကို မိခင်က ပင့်မထားရပါမယ်။

၃။ ကလေးလေးရဲ့ ပါးစပ်ဟာ မိခင်ရဲ့နို့နဲ့ မျက်နှာချင်းဆိုင်ရှိနေရပါမယ်။

၄။ နို့စို့တဲ့ အခါမှာကလေးလေးရဲ့ ပါးစပ်လေးက ကျယ်ကျယ်ဟနေပြီး မိခင်ရဲ့ နို့သီးခေါင်း၊ အောက်အမည်းကွင်း အကုန်လုံးကို ငုံထားတာမျိုး ဖြစ်နေရပါမယ်။ နို့တကယ်စို့နေတဲ့ အခါမှာ ကလေးလေးရဲ့ ပါးလေး ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်တာမျိုးကိုတွေ့နိုင်မှာပါ။

ဒီလို ပုံစံမှန်မှန် နို့တိုက်မယ်ဆိုရင်တော့ အချိန်ခဏလေးနဲ့ ကလေးလေးလည်းနို့ဝပြီး မိခင်လည်း အချိန်ကုန် လူပင်ပန်း သက်သာလာမှာပါ။

နို့တိုက် ပုံ တိုက်နည်း မမှန်တဲ့ အခါ ဘာတွေ ဖြစ်လာနိုင်မလဲ။

(၁) မိခင်အတွက် နို့တိုက်နေတဲ့ အနေအထား မမှန်တဲ့အတွက် ခါးနာ၊ ကျောနာ စတာတွေ ဖြစ်နိုင်ပါတယ်။

(၂) ကလေးငယ်လေး အတွက်လည်း ပုံစံမမှန်တဲ့အခါမှာ စို့သလောက်မဝတာ၊ နို့သေချာမရတာမျိုးကြောင့် အသားဝါတာ၊ ဝမ်းပျက်ဝမ်းလျှော မကြာခဏ ဖြစ်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာ၊ မှတ်ဉာဏ်မကောင်းတာ အစရှိတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။

(၃) လိုအပ်တာထက် အချိန်ပိုကုန်စေပြီး မိခင်တွေအတွက် အချိန်ကုန် လူပင်ပန်းဖြစ်ပြီး အခြားအလုပ်တွေ မပြီးတာမျိုး စတဲ့ အခက်အခဲတွေကြုံရနိုင်ပါတယ်။

ဒါဆို ပုံစံမှန်မှန်နဲ့ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ဘာကောင်းကျိုးတွေရနိုင်မလဲ။

မိခင်အတွက်

၁။ သားအိမ် အမြန်ပြန်ကျုံ့ စေနိုင်ပြီး မွေးပြီးသွေးသွန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၂။ အချို့သော ကင်ဆာရောဂါများ( ရင်သားကင်ဆာသားဥအိမ်ကင်ဆာ ) ဖြစ်နိုင်ခြေ ကို လျော့နည်းစေနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန် မြန်မြန်ပြန်ကျ အောင် ကူညီပေးနိုင်ပါတယ်။

၄။ အရိုးပွခြင်း၊ အဆစ်ရောင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

၅။နို့တိုက်နေစဉ် သားဆက်ခြားပေးနိုင်တဲ့အပြင် မိခင်ကိုယ်တိုင် နို့တိုက်ရတဲ့အတွက် မိခင်နဲ့ ကလေးလေး ကြားက သံယောဇဉ်ကိုပိုတိုးလာစေနိုင်ပါတယ်။

ကလေးလေးအတွက်

၁။ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်မြင့်မားစေပါတယ်။

၂။ ဦးနှောက်ပိုးဝင်ခြင်း၊ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ နှာစေးချောင်ဆိုး၊ဖျားနာခြင်း စတဲ့ ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။

၄။ အဝလွန်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ သွားနှင့် သွားဖုံးဖွံ့ဖြိုးမှုကို ကောင်းစေပြီး သွားပြသနာများလျှော့ချပေးနိုင်ပါတယ်။

၆။ နောက်ဆုံးအချက်အနေနဲ့ အသားဝါခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီလို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ နို့တိုက်ခြင်းအနုပညာကို မိခင်တိုင်းသေသေချာချာလေ့လာပြီး နည်းလမ်းမှန်မှန် အကျိုးရှိရှိ နို့တိုက်နိုင်ကြပါစေ။

ရေးသားသူ-Phoo Ngon

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

07/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မေမေတွေ သိချင်နေမယ့် ဖြစ်ပါ့မလား..... များစွာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement