backup og meta

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ဆော့ကစားရင်းဖြစ်ဖြစ် မြက်ခင်းလို နေရာမျိုးတွေပေါ်မှာ လမ်းလျှောက်ရင်းက ဖြစ်ဖြစ် မတော်တဆ ပုရွက်ဆိတ် ကိုက်ခံရတာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘေဘီလေးကို ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ ဖေဖေမေမေတို့ရေ….

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင်

ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့ ပွတ်ပေးလိုက်ပါ။ အရေပြား ယားယံတာ နဲ့ နီမြန်းတာတွေကို သက်သာစေမှာပါ။

ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာကို သိသိချင်း ရေခဲတုံးတွေကို တဘက်စသန့်သန့်ထဲထည့်ပြီး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ပုရွက်ဆိတ်ကိုက်တာ​ကြောင့် အရေပြား ယားယံတာနဲ့ ရောင်ရမ်းနီမြန်းတာကို သက်သာစေနိုင်မှာပါ။

ပုရွက်ဆိတ်ကိုက်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလိမ်းပေးလို့ ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။

အသုံးပြုပြီးသား tea bag လေးတွေကို လွှင့်မပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပေးပါ။ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ ဒီ tea bag လေးနဲ့ ကပ်ပေးလိုက်ရုံပါ။

သခွားသီးကို ခပ်ပါးပါးလေးလှီးလို့ ပုရွက်ဆိတ် ကိုက်တဲ့နေရာမှာ ကပ်ပေးမယ်ဆိုရင် ပုရွက်ဆိတ်ကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

သံလွင်ဆီကို ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးမယ်ဆိုရင်လည်း ပုရွက်ဆိတ် ကိုက်တာကို သက်သာစေမှာပါ။

  • နို့မှုန့်

နို့မှုန့်ကို ရေနည်းနည်းနဲ့ ရေဖျော်ပြီး ပုရွက်ဆိတ်ကိုက်တဲ့နေရာကို လောင်းပေးရုံပါ။ ဒီလိုလုပ်တာက နို့မှုန့်မှာပါတဲ့ အင်ဇိုင်းကြောင့် ပုရွက်ဆိတ် ကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

ပြောင်းမှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်လေးဖျော်လို့ ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးထားလိုက်ပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

  • ရေဆေးချပါ
  • ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာနဲ့ ချက်ချင်း ရေဆေးချပေးတာကလည်း ပုရွက်ဆိတ် ကိုက်တာကို သက်သာစေနိုင်ပါတယ်။

    ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ခပ်ပါးပါးလှီးထားတဲ့ အာလူးကို ကပ်ပေးလိုက်ရုံပါ။ ဒီလို ကပ်ပေးတာာက ပုရွက်ဆိတ် ကိုက်တာ​ကြောင့် ဖြစ်တဲ့ အရေပြား ယားယံတာ နဲ့ အဖုအပိမ့် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

    ဒီနည်းလမ်းလေးတွေ သုံးလို့ ဘေဘီလေးအရေပြားက ပုရွက်ဆိတ်ကိုက်ခံရတာကို သက်သာအောင် လုပ်ပေးလိုက်လို့ရပါတယ်။

    တကယ်လို့ ကိုက်ခံရတဲ့နေရာက များမယ်။ နီရဲရောင်ရမ်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး အရောင်ကျဆေး လိမ်းပေးဖို့ လိုပါတယ်မေမေမ ဖေဖေတို့ရေ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement