နုနယ် ငယ်ရွယ်လွန်းတဲ့ ဘေဘီလေးတွေကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရပါမယ်။ ဒီလို ဂရုစိုက်တဲ့အခါ အရေးကြီးဆုံးက အာဟာရဖြစ်အောင် ပြင်ဆင်ပေးဖို့ပါ။ အာဟာရဖြစ်အောင် ပြင်ဆင်ပေးပြီးရင်လည်း ကလေးက စားမှ အာဟာရပြည့်ဝမှာပါ။ ဒီတော့ ဘေဘီလေးတွေလည်း ခံတွင်းလည်းတွေ့ ကိုယ်ခံအားလည်း ပြည့်စေမယ့် စားစရာလေးတွေအကြောင်း မေမေတို့ သိအောင် ဝေမျှပေးမယ်နော်။