ရေထဲမှာ တခြားဟာတွေ ဖြည့်စွက်ပြီး သောက်ပေးပါ။ နေ့တိုင်း ရေချည်းပဲ သောက်ရတာ ရိုးလာရင် ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ သခွားသီးလေးတွေ လှီးထည့်ပြီး သောက်ပေးပါ။ လူကို လန်းဆန်းစေသလို အသီးတွေထဲက အာဟာရတွေလည်း ရစေပါတယ်။
- သကြားဓာတ်များတာတွေကို ရှောင်ပါ။
သကြားဓာတ်များတဲ့ အချိုရည်တွေသောက်မယ့်အစား အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် အသီးတွေကို ဖျော်သောက်ပါ။ အချိုရည်တွေက ရေပိုဆာစေပြီး မလိုအပ်ဘဲ ကယ်လိုရီတွေ တက်စေပါတယ်။
ကော်ဖီ၊ လက်ဖက်ရည်တွေက ဆီးရွှင်စေပါတယ်။ ဆီးများများသွားတော့ ရေဓာတ်ဆုံးရှုံးတာ ပိုများလာတာပေါ့။ ပြီးတော့ ဒါတွေက အချိုရည်တွေလိုပဲ ရေပိုဆာစေပါတယ်။
- အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးပါ။
လိမ္မော်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ စတဲ့ အသီးတွေနဲ့ ဆလပ်ရွက်၊ သခွားသီး၊ ဂေါ်ဖီထုပ် စတာတွေက ရေဓာတ်ပါဝင်မှု များလို့ များများ စားသင့်ပါတယ်။
ရေလည်း ဆာတယ်။ နုံးလည်းနုံးတယ်။ ခြေလက်တွေလည်း မသယ်ချင်ဘူးဆိုရင် ဓာတ်ဆားသောက်ပေးလို့ ရပါတယ်။ ဓာတ်ဆားဖျော်သောက်တာက ရေဓာတ်အပြင် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဆားဓာတ်တွေပါ ရရှိစေပါတယ်။ ဒါပေမယ့် ရေဆာတိုင်း ဓာတ်ဆားပဲ သောက်နေတာကိုတော့ အားမပေးပါဘူး။
ရေဆာတိုင်း ရေသောက်ပေးတာအပြင် တခြား အရည်တွေ သောက်တာ (ဥပမာ ဟင်းရည်၊ အသီးဖျော်ရည်)၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးတာက ရေဓာတ်ပြည့်ဝဖို့ ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်ပေးတာက အကောင်းဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်းဆိုတာ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။