backup og meta

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

    မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။

    ဘာလို့ ဒီလို သိမ်းဆည်းရမလဲ။

  • မိခင်နဲ့ဝေးကွာနေလို့ပါ။ (ဥပမာ မိခင်က ကလေးကို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာထားခဲ့ရတဲ့အချိန်တွေအတွက်ပါ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ နို့တိုက်မိခင်တွေပါ။ ဒါဆိုရင်တော့ မိခင်က အလုပ်မှာရှိနေစဉ်မှာ ကလေးနို့ဆာတဲ့အခါ အဆင်သင့်တိုက်ကျွေး နိုင်မှာပါ။)
  • မိခင်ရဲ့ ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံပြီး ကြီးမားတင်းရင်းလာတဲ့အခါ
  • ကလေးဟာမိခင်နို့ကို စုပ်ယူဖို့ အားမရှိတဲ့အခါ
  • မိခင်ဟာ မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အခါ
  • ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးကိုယုယုယယ နို့ထွက်တိုက်ချင်တဲ့ အခါမျိုးမှာ မိခင်နို့ကို သိမ်းဆည်းထားနိုင်ပါတယ်။
  • ဘယ်လိုညှစ်ယူသင့်သလဲ။

    မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။

    အစပိုင်းမှာတော့ ထွက်တဲ့နှုန်းဟာ နည်းပါလိမ့်မယ်။ မိခင်အနေနဲ့ စိတ်သက်သာဖြေလျော့ချိန်မှာ ညှစ်ယူတာ အကောင်းဆုံးပါပဲ။ မိမိရဲ့ကလေးကို ဘေးနားထားပြီးဖြစ်စေ၊ ကလေးနဲ့ဝေးနေချိန်ဆို ကလေးဓာတ်ပုံလေးကိုကြည့်ပီးဖြစ်စေ ညှစ်ယူတဲ့အခါ မိုမိုလွယ်ကူပါတယ်။ ရေနွေးနွေးလေး နဲ့ စိမ်ထားတဲ့ပုဝါတစ်ထည်ကို ရင်သားပေါ်မှာ အရင်အုပ်လိုက်တာမျိုးကလည်း ပိုမိုလွယ်ကူစေမှာပါ။ ရေချိုးပြီးခါစဆိုရင်လည်း ပိုကောင်းပါတယ်။

    လက်နဲ့ဘယ်လိုညှစ်ယူကြမလဲ။

    မွေးပြီးခါစ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဆိုရင် Brest pump ရဲ့အကူအညီမလိုဘဲ လက်နဲ့ညှစ်ယူလို့တင် အဆင်ပြေပါတယ်။ မိခင်ရဲ့နို့ပြွန်တွေ ပိတ်ဆို့သွားတဲ့အခါမျိုးမှာလည်း လက်နဲ့ ညှစ်လိုက်ရင် နို့ကြောပြန်လည်ပွင့်သွားတတ်ပါတယ်။ ညှစ်ယူနေစဉ်အတွင်းမှာတော့ ရင်သား အောက်မှာ ပိုးသတ်ထားပြီးသားဖြစ်တဲ့ (သန့်စင်တဲ့)ပုလင်း (သို့မဟုတ်) ခွက်ကိုထားပြီး ခံယူနိုင်ပါ တယ်။

    • မညှစ်ခင်မှာ လက်ကိုဆပ်ပြာနဲ့ရေနွေးကိုသုံးကာ စင်ကြယ်အောင်ဆေးပါ။
    • သန့်ရှင်းတဲ့ခွက်ကို အဆင်သင့်ထားထားပါ။
    • မညှစ်ယူခင်မှာ ရင်သားကို ညှင်ညှင်သာသာနှိပ်နယ်တာမျိုး ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။
    • လက်တစ်ဖက်ကလက်ခုပ်ပုံ သဏ္ဍာန်ပြုလုပ်ကာ ရင်သားကိုကိုင်ထားပြီး နောက်တစ်ဖက် ကို အင်္ဂလိပ်လိုအက္ခရာ ‘C’ ပုံစံပြုလုပ်ပါ။ လက်ညှိုးနဲ့လက်မကိုအသုံးပြုပါ။
    • ဖြည်းညင်းစွာညှစ်ပါ။ လက်ညိုးနဲ့လက်မဟာ နို့သီးခေါင်းကို မညှစ်မိပါစေနဲ့။ နာကျင်နိုင် လို့ပါ။ နို့သီးခေါင်းနဲ့ စင်တီမီတာ အနည်းငယ်ခွာထားပါ။
    • ဖိနှိပ်ပါ။ ပြန်လျှော့ပါ။ ထပ်ခါထပ်ခါပြုလုပ်ပါ။ လက်ကအရေပြားပေါ်မှာ လျှောမတိုက်ပါ စေနဲ့။
    • နို့ရည်စက်လေးတွေက စတင်ကာ နို့ရည်တွေ တဖြည်းဖြည်း စီးဆင်းလာပါလိမ့်မယ်။
    • နို့ရည်စက်တွေ ထွက်မလာခဲ့ရင်လည်း လက်တွေကို ရွေ့လျားကာ ကြိုးစားညှစ်ယူပါ။ နို့သီးခေါင်းထိပ်တော့ မရောက်ပါစေနဲ့။
    • စီးဆင်းမှု နှေးသွားခဲ့ရင်တော့ လက်ချောင်းတွေကို ရင်းသားအနှံ့ စက်ဝိုင်းပုံစံ ရွေ့လျားပေးပါ။
    • ရင်သားတစ်ဖက်က နို့ရည်မကျတော့ပါက နောက်တစ်ဖက်ကို ပြောင်းပေးပါ။

    နို့ညှစ်ကိရိယာ (Breast pump)ဖြင့် ညှစ်ယူခြင်း

    Breast pump (၂) မျိုး ရှိပါတယ်။ လက်ရဲ့ အကူအညီအသုံးပြု ညှစ်ယူရတဲ့ ကိရိယာ (manual) နဲ့လျှပ်စစ်ဖြင့် ညှစ်ယူသောကိရိယာ (Electric) ဆိုပြီးတော့ပါ။

    Manual ဟာ Electric breast pump တွေထက်ဈေးပေါပါတယ်။ Electric breast pump တွေကတော့ ပိုမိုလျင်မြန်ပါတယ်။

    အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်မတူတာကြောင့် ကိုယ်နဲ့အဆင်ပြေတာကို ဝယ်ယူ နိုင်ပါတယ်။

    Electric pump တွေရဲ့စုပ်အားကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့်စုပ်အား ပြင်းပြင်း မပြုလုပ်ထားသင့်ပါဘူး။ ရင်သားကို နာကျင်စေပြီး နို့သီးခေါင်းကို ပျက်စီးစေနိုင်လို့ပါ။

    လျှပ်စစ်စက်တွေမှာပါတဲ့ ကတော့ရဲ့အရွယ်အစားဟာလည်း အမျိုးမျိုးရှိပါတယ်။ မိမိနဲ့ မသင့် တော်တဲ့ အရွယ်အစားကိုသာ ရွေးယူပါ။ မညှစ်ယူခင်မှာ အသေအချာသန့်စင်ပါ။ Pump ရော၊ ထည့် တဲ့ခွက်ပါ သန့်ရှင်းနေပါစေ။

    ညှစ်ယူပြီးနို့ရည်တွေကို ဘယ်လိုသိမ်းဆည်းမလဲ။

    ပိုးသတ်ပြီးသားခွက်ဖြစ်စေ၊ ဘူးဖြစ်စေ၊ နို့ရည်ထည့်ဖို့ သီးသန့်ပိုးသတ်ပြီးသား ခွက်ဖြစ်စေ၊ ဘူးဖြစ်စေ ထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။

    • 4°C (၄ဒီဂရီဆယ်စီးယပ်စ်) အပူချိန်လောက်နဲ့ ရေခဲသေတ္တာထဲမှာဆိုရင် (၈) ရက်ထိ အထားခံ ပါတယ်။ 4°C လောက်မအေးနိုင်ရင်တော့ (၃) ရက်လောက်သာ ထားပါ။
    • ရေခဲသေတ္တာအပေါ်ကန်လိုမျိုးဆိုရင်တော့ (၂)ပတ်လောက်ထိ ထားလို့ရပါတယ်။
    • -18°C (အနုတ် ၁၈ ဒီဂရီဆယ်စီးယပ်စ်) အောက်မှာ ဆိုရင်တော့ (၆)လ အထိအထားခံပါ တယ်။
    • ရေခဲသေတ္တာမရှိရင်တော့ ရေခဲပုံး (သို့မဟုတ်)ရေခဲတုံးတွေကို အသုံးပြုကာ သိုလှောင်နိုင်ပါ တယ်။ ဒါဆိုရင်တော့ (၂၄)နာရီလောက်သာ အထားခံပါတယ်။
    • လိုသလောက်အနည်းငယ်ပဲ ညှစ်ထားပါ။ ခွက် (သို့မဟုတ်)အိတ်ပေါ်မှာသိမ်းဆည်းထားတဲ့ အချိန်နဲ့ နေ့စွဲကို သေသေချာချာအရင်ဆုံးရေးပါ။

    ကလေးကို တိုက်တော့မယ့်အချိန်မှာ ရေခဲကိုပျော်အောင်လုပ်ပါ။

    ရေနွေးကန်ထဲထည့်ပြီးဖြစ်စေ၊ ရေအေးနဲ့ဆေးပြီးဖြစ်စေ၊ ခဲနေတဲ့နို့ရည်တွေ ထည့်ထားတဲ့ အိတ်ကို အရည်ပျော်ပါစေ။ အရည်ပျော်သွားတဲ့ နို့ရည်တွေကို လှုပ်ခါပေးပါ။ တစ်နာရီအတွင်း ကလေးကို တိုက်ပါ။ ကျန်ရင်လွှင့်ပစ်ပါ။ အရည်ပျော်ပြီးသားနို့ရည်ကို နောက်တစ်ခေါက်ထပ်မခဲပါစေနဲ့။ ရေခဲသေတ္တာထဲ ပြန်မထည့်ပါနဲ့။

    နို့ရည်ကို ပြန်နွှေးတဲ့အနေနဲ့ မီးဖိုကိုအသုံးပြုကာ နွှေးခြင်းမျိုးကို လုံးဝမပြုလုပ်သင့်ပါဘူး။ ကလေးအပူလောင်သွားနိုင်ပါတယ်။

    ကလေးဟာ အကြောင်းအမျိုးမျိုးကြောင့် (ဖျားနာနေလို့ဖြစ်စေ၊ လမစေ့လို့ မီးပြထားရတဲ့ အချိန် မျိုးမှာဖြစ်စေ) အချိန်အခါမျိုးမှာတော့ နို့ရည်ကို ဘယ်လိုစနစ်တကျသိမ်းဆည်းကာ တိုက်သင့် သလဲဆိုတာကို ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းသင့်ပါတယ်။ နို့ညှစ်ယူဖို့ တစ်စုံတစ်ရာ အခက် အခဲရှိတဲ့အခါမျိုးမှာ-

    • တတ်ကျွမ်းနားလည်တဲ့ သူနာပြု (ကျန်းမာရေးဝန်ထမ်း)တွေကို မေးမြန်းနိုင်ပါတယ်။
    • အွန်လိုင်းပေါ်မှာလည်း ဗီဒီယိုတွေရှာဖွေလေ့လာကြည့်ရှုနိုင်ပါသေးတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement