backup og meta

မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။

    ရှိတာပေါ့။ မွေးကတည်း က သွားပေါက် နေတဲ့ ကလေး ရှိပါတယ်။ ကလေးတော်တော်များများက ၆လလောက်ဆို သွားငုတ်တုတ်၊ လူငုတ်တုတ် ဖြစ်နေပါပြီ။ အတိုးအလျော့နဲ့ ပြောရင် ၄လနဲ့ ၇လကြားပေါ့။ ဒါပေမယ့် တချို့ကလေးက အမေဝမ်းက ကျွတ်ကတည်းက သွားလေးနဲ့။ တချို့ကျတော့လည်း မွေးပြီး တစ်လလောက်နေတော့ သွားပေါက်လာရော။ ဒါတွေဟာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြရအောင်။

    ဘာလို့ မွေးကတည်း က သွားပေါက်နေရတာလဲ။

    ကလေး ၂၀၀၀မှာ ၁ယောက်လောက်က မွေးကတည်းက သွားပါလာပါတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် တချို့သော အကြောင်းတွေက ကလေးကို မွေးကတည်းက သွားပေါက်စေပါတယ်။ သွားဖုံးမှာ ပေါက်တာလည်း ရှိသလို နှုတ်ခမ်းနားမှာ၊ အာခေါင်မှာ ပေါက်တာလည်း ရှိပါတယ်။ များသောအားဖြင့်တော့ မွေးကတည်းက သွားပေါက်တဲ့ကလေးတွေက အောက်က ရောဂါစုတွေနဲ့ တွဲနေတာ များပါတယ်။ ဘာတွေလည်း ဆိုတော့

    • Sotos
    • Hallerman-Streiff
    • Pierre Robin
    • Ellis-van Creveld စတာတွေနဲ့ တွဲနေတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် မွေးကတည်းက သွားပေါက်နေရင် တခြားရောဂါတွေ ရှိမရှိ ဆက်ရှာရမှာပါ။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    အပေါ်က ပြောထားတဲ့ ရောဂါတွေအပြင် တခြားအကြောင်းတွေကြောင့်လည်း သွားပေါက်နိုင်ပါတယ်။ ဒီလို မွေးကတည်းက သွားပါတဲ့ကလေးရဲ့ ၁၅ရာခိုင်နှုန်းက အရင်က ဒီလို သွားပေါက်ဖူးတဲ့ မျိုးရိုးရှိတာကို တွေ့ရပါတယ်။ မိန်းကလေးတွေက ယောကျာ်းတွေထက် ပိုဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမပြည့်ဝတာကလည်း ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုပါပဲ။

    မွေးကတည်း က ပေါက်တဲ့ သွားအမျိုးအစားများ

    သွားလို့ ပြောပေမယ့် တစ်ခါတစ်လေ မြင်နေကြ သွားတွေနဲ့ မတူတာကိုလည်း တွေ့ရပါတယ်။ လေ့လာချက်တွေအရတော့ ဒီကလေးတွေမှာ သွားအမျိုးအစား ၄မျိုးပေါက်နိုင်ပါတယ်။

    • မြင်နေကြ သွားပုံစံအတိုင်းပဲ။ ဒါပေမယ့် အမြစ်မခိုင်တဲ့ လှုပ်တုပ်တုပ်သွား
    • အမြစ်လုံးဝမပါတဲ့ ယိုင်နဲ့နဲ့သွား
    • သွားဖုံးက ထွက်ခါစ သွားပေါက်စ
    • သွားဖုံးက သွားပေါက်ခါနီးအရာ (သွားပေါက်ခါနီး ကလေးတွေ သွားယားရင် တွေ့ရတတ်တဲ့ သွားဖုံးက အရာ)

    များသောအားဖြင့်တော့ တစ်ချောင်းတည်း ထွက်တာ များပါတယ်။ မွေးကတည်းက သွားတွေ အများကြီး ပေါက်နေတာက ပိုတောင်ရှားပါတယ်။ အောက်ရှေ့သွားက အပေါ်ရှေ့သွားထက် ပိုတွေ့ရပါတယ်။ ၁ရာခိုင်နှုန်းလောက်ကပဲ မွေးကတည်းက အံသွားပေါက်တာပါ။

    ပေါက်တဲ့သွားအနေအထားကို ကြည့်ပြီး ဒီသွားက ကလေးကို ဘာပြဿနာ ပေးနိုင်လဲဆိုတာ စဉ်းစားပြီး ကုသမှုတွေ ပေးရပါတယ်။

    သွားစောပေါက်ခြင်း

    တချို့ကလေးတွေက မွေးတုန်းက သွားမပါဘဲ မွေးပြီး တစ်လလောက်နေတော့ သွားပေါက်တာကို တွေ့ရပါတယ်။ Pediatrics ဂျာနယ်အဆိုအရတော့ ဒီလို သွားစောပေါက်တာက မွေးကတည်းက သွားပေါက်တာထက် ပိုပြီးရှားပါတယ်။

    ဒီလို သွားစောပေါက်တဲ့အတွက် ပုံမှန်သွားပေါက်တဲ့အချိန်အတိုင်းမဟုတ်ဘဲ ကမောက်ကမဖြစ်သွားတာပေါ့။ ဒါ့ပြင် တခြားကလေးတွေ သွားပေါက်ခါနီးရင် ဖြစ်တတ်တဲ့ သွားယားတာတို့၊ သွားရည်ယိုတာတို့၊ လက်ချောင်းလေးတွေ ကိုက်တာတို့ ရှိမှာ မဟုတ်ပါဘူး။

    ဘယ်အချိန်မှာ ကုသမှု ခံယူရမလဲ။

    မွေးကတည်း သွားပေါက်နေပေမယ့် ဒီသွားက ခိုင်တယ်။ ယိုင်နဲ့နဲ့ မဟုတ်ဘူး ဆိုရင် ဒီတိုင်းထားလို့ ရပါတယ်။ သွားကလည်း ယိုင်နဲ့နဲ့၊ အမြစ်လည်း မရှိဘူးဆိုရင်တော့ နှုတ်ဖို့ကို အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသွားကနေ

    • မတော် ကျွတ်ပြီး ကလေး မျိုချမိရင် သီးသွားတာ
    • နို့တိုက်ရခက်တာ
    • ကလေးလျှာကို ခိုက်မိတာ
    • အမေနို့သီးခေါင်းကို ခိုက်မိတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    အမြစ်ပါမပါကိုတော့ ဓာတ်မှန်ရိုက်ကြည့်လို့ ရပါတယ်။ အမြစ်မပါဘူးဆိုရင်တော့ သွားနှုတ်ဖို့ အကြံပေးချင်ပါတယ်။

    အကျဉ်းချုပ်ပြောရရင် မွေးကတည်းက သွားပါလာတဲ့ကလေး ရှိပါတယ်။ ရှားပါတယ်။ ဒါက ကျန်းမာရေး အခြေအနေကြောင့်ပါ။ စုန်းပြုစားတာ မဟုတ်သလို၊ ဘီလူးလေး မွေးလာတာလည်း မဟုတ်ပါဘူး။ လုပ်ရမှာက ကလေးဆရာဝန်နဲ့ ပြသပြီး  ကလေးမှ တခြားရောဂါရှိမရှိ ရှာရမှာပါ။ သွားအခြေအနေပေါ်မူတည်ပြီး နှုတ်သင့်ရင် နှုတ်ရမှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement