backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရဓာတ်တွေ ပြည့်ဝစုံလင်စွာ မှီဝဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကလည်း ကျန်းမာ၊ စိတ်ကလည်း ချမ်းသာနေမယ်ဆိုရင် ကလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းလာမှာပါ။ ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက် ကို ပြောပြပေးချင်ပါတယ်။

ဒီလို ကျန်းမာသန်စွမ်းဖို့ဆိုရင် မိခင်နို့ကို အဓိကတိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မိခင်တိုင်းဟာ မွေးကင်းစကလေးတွေကို အသက် ၆ လအရွယ်ရောက်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ မိခင်နို့မှာ အစားမထိုးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကြောင့် ၆လ ကျော်လွန်သွားချိန်မှာလည်း ဖြည့်စွက်စာနဲ့အတူ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။

ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိခင်နို့ဆက်မတိုက်နိုင်တော့ရင် မိခင်နို့နဲ့အတူ တွဲဖက်တိုက်ကျွေးဖို့ နို့မှုန့် (Infant milk formula) တွေကို အသုံးပြုနိုင်ပါတယ်။ Infant milk formula တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကျန်းမာသန်စွမ်းမှုတွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

Infant milk formula က ဘယ်လို အကျိုးကျေးဇူးတွေ ပေးသလဲ

တချို့သော မိခင်တွေဟာ မိခင်နို့နဲ့ တွဲဖက်ပြီးတော့ပဲဖြစ်ဖြစ် မအားလပ်လို့ Infant milk formula ချည်းသီးသန့်ပဲဖြစ်ဖြစ် တိုက်ကျွေးတတ်ကြပါတယ်။ ဒီလိုတိုက်ကျွေးရတဲ့ အဓိကအကြောင်းအရင်းကတော့ မိခင်နို့လောက်မဟုတ်ပေမယ့် Infant milk formula တွေမှာ ကလေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။

ဒီဓာတ်တွေဟာ ကလေးကို ကျန်းမာ ဖွံ့ဖြိုးစေသလို ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူအတွက်လည်း လုပ်ငန်းခွင်၊ အိမ်မှုကိစ္စတွေကို အဆင်ပြေပြေ စီမံဆောင်ရွက်နိုင်စေတဲ့ အကျိုးကို ရစေပါတယ်။

ဒါတင်မကပါဘူး Infant milk formula တွေကို တိုက်ကျွေးတာကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူး အများအပြား ရှိနေပါသေးတယ်။ ဒါတွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက် ကတော့

၁။ အလွယ်တကူ ရနိုင်တာ

နို့မှုန့် (Infant milk formula) တွေဟာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပါတယ်။ ဒီအချက်က မိခင်တွေအတွက်ရော ကလေးအတွက်ပါ အဆင်ပြေစေတဲ့အချက်ဖြစ်ပါတယ်။ တစ်ခါတရံမှာ နို့ထွက်ဖို့ခက်နေချိန်မျိုးမှာ မိခင်တွေအတွက်တော့ အကောင်းဆုံးရွေးချယ်စရာပါပဲ။

၂။ အလုပ်များတဲ့ မိခင်တွေအတွက် အဆင်ပြေစေနိုင်တာ

IMF တွေကို တိုက်ကျွေးတဲ့အခါမှာ ကောင်းမွန်တဲ့အချက်က အိမ်အလုပ်၊ ရုံးအလုပ်စတာတွေနဲ့ ချိန်ညှိပြီး အချိန်သတ်မှတ်တိုက်ကျွေးလို့ရတာပါပဲ။ အလုပ်များတဲ့ မိခင်တွေအနေနဲ့ ကိုယ်တိုင်တိုက်ကျွေးတာပဲဖြစ်ဖြစ် ခင်ပွန်းသည်အပါအဝင် အိမ်သားတွေအကူအညီနဲ့ တိုက်ကျွေးတာပဲဖြစ်ဖြစ် အလွယ်တကူ လုပ်လို့ရပါတယ်။

၃။ မကြာခဏ ဗိုက်မဆာစေတာ

ကလေးက နို့၊ ဖြည့်စွက်စာနဲ့ အာဟာရတွေကို မှီဝဲသင့်တဲ့အခါမျိုးတွေမှာ ကောင်းကောင်းမှီဝဲပြီး ကျန်တဲ့အချိန်တွေမှာ ဗိုက်မကြာခဏ မဆာပဲ ပျော်ရွှင်နေမယ်ဆိုရင် မိခင်တွေအတွက် စိတ်ချမ်းသာရတာပေါ့။ Infant milk formula တွေဟာ ကလေးရဲ့ ကျန်းမာသန်စွမ်းပြီး ဖွံ့ဖြိုးကြီးထွားစေဖို့ ပံ့ပိုးပေးတဲ့အပြင် အစာကြေမလွယ်တာမို့ အလွန်အမင်း အစာစားချင်စိတ်ကို ထိန်းကွပ်ပေးနိုင်ပါတယ်။

၄။ ကယ်လ်လိုရီပမာဏကို အတိအကျ သိရှိနိုင်တာ

Infant milk formula တွေမှာ ကယ်လ်လိုရီပမာဏ အတိအကျပါဝင်တာမို့ မိမိတို့ရဲ့ ကလေးဟာ ကယ်လ်လိုရီပမာဏ ဘယ်ရွေ့ဘယ်မျှ စားသုံးဖြစ်နေသလဲ ဒါမှမဟုတ် ဘယ်လောက်ပမာဏ ကျွေးမွေးမလဲဆိုတာကို တိတိကျကျဆုံးဖြတ်လို့ရနိုင်ပါတယ်။ ကယ်လ်လိုရီပမာဏကို တိကျစွာ သိရှိထားတာဟာ ကလေးရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

၅။ မိခင်ဖြစ်သူ အစားရှောင်စရာမလိုတာ

နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေဟာ အစားရှောင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ အစာအိမ်ကို သက်သောင့်သက်သာမဖြစ်စေနိုင်တဲ့ gassy foods တွေကို ရှောင်ရှားဖို့ လိုအပ်လေ့ရှိပါတယ်။ IMF ကို အသုံးပြုသူတဲ့ မိခင်တွေကတော့ အစားရှောင်ဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် မိခင်ကိုယ်တိုင်လည်း နှစ်သက်ရာအစားအစာတွေကို အာဟာရပြည့်ဝစွာ မှီဝဲနိုင်မှာဖြစ်ပါတယ်။

၆။ မိခင်တွေအတွက် ရင်သားနာကျင်မှုဝေဒနာတွေကို သက်သာရှောင်လွှဲနိုင်တာ

မိခင်တွေဟာ နို့ချို့တိုက်ကျွေးချိန်များတဲ့အခါမျိုးမှာ နို့သီးခေါင်း နာကျင်တာမျိုး၊ ရင်သားနာကျင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် တချို့အချိန်တွေမှာ IMF ကို တလှည့်သုံးစွဲတိုက်ကျွေးမယ်ဆိုရင် ဒီလိုနာကျင်မှုတွေကို သက်သာအောင် အနားယူနိုင်မှာဖြစ်ပါတယ်။

၇။ စွမ်းအင်အရင်းအမြစ်ဖြစ်တာ

Infant milk formula တွေဟာ ရင်သွေးလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်၊ fat၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ သက်စောင့်ဓာတ်တွေကို ပြည့်စုံအောင် ဖြည့်စွက်ဖန်တီးပေးထားတာမို့ ကလေးကို ခွန်အား ဖြစ်စေမယ့် စွမ်းအင်တွေကို ကောင်းကောင်းပံ့ပိုးပေးနိုင်မှာပါ။

၈။ နှစ်ခြိုက်စွာ အိပ်စက်စေနိုင်တာ

ကောင်းမွန်စွာ အိပ်စက်တာဟာ ဘယ်အသက်မရွယ်မှာမဆို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝလုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ Infant milk formula တွေဟာ ကလေးတွေအတွက် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးနိုင်တာမို့ ကလေး ကျန်းမာလန်းဆန်းနေစေဖို့ အကူအညီဖြစ်စေပါတယ်။

၉။ ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့လည်း ပံ့ပိုးပေးနိုင်တာ

ကလေးတို့ စတင်ဖွံ့ဖြိုးစဉ်ကာလမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကလည်း မှန်ကန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့ အရေးကြီးပါတယ်။ စုံလင်ပြည့်ဝတဲ့ အာဟာရတွေကို မျှတပြည့်စုံစွာ မှီဝဲနိုင်မှ မှန်ကန်စွာ ဖွံ့ဖြိုးကြီးထွားနိုင်မှာပါ။ Infant milk formula တွေမှာပါဝင်တဲ့ ဗီတာမင်၊ enzymes၊ fat၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ သက်စောင့်ဓာတ်တွေက ကလေးရဲ့ ရုပ်ပိုင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်ပါတယ်။

၁၀။ မိခင်ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တာ

IMF သုံးစွဲတာဟာ မိခင်ဖြစ်သူရဲ့ နေထိုင်စားသောက်မှုနဲ့ ဝတ်စားဆင်ယင်မှုပိုင်းကို ပိုမိုလွတ်လပ်စေမှာဖြစ်တာမို့ မိခင်ဖြစ်သူလည်း စိတ်ကြည်လင်နေမှာဖြစ်ပြီး ရင်သွေးကို ထိန်းကျောင်းရာမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှု ကင်းစင်နေတဲ့ မိခင်ဟာ ကလေးကိုရော၊ မိသားစုကိုရော ကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါလိမ့်မယ်။

ကလေးတွေအတွက် မိခင်နို့က အကောင်းဆုံး အာဟာရပါ။ IMFတွေက အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ကို တိုက်ကျွေးဖို့ အခက်အခဲ ရှိသူတွေအတွက် ကူညီပေးနိုင်ပါတယ်။ တတ်နိုင်ရင်တော့ မိခင်နို့ကိုပဲ တိုက်ကျွေးဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement