ငယ်ငယ်ကတည်းက မေမေနဲ့ တပူးပူးတတွဲတွဲနေတယ်။ မေမေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရထားတယ် ဆိုတဲ့ ဘေဘီလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ မလိုအပ်ဘဲ အရာရာကို ကြောက်နေတဲ့ ပြဿနာကင်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသူတွေဟာ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရကြသူတွေပေါ့။
- ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝကို ရကြတယ်
ငယ်စဉ်မှာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရကြတဲ့ ကလေးတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အကြောင်းကတော့ မေမေ့ မေတ္တာကို အပြည့်အဝရထားတာက ချစ်တတ်တဲ့ စိတ်ကလေးကို ဖြစ်ပေါ်စေလို့ ကောင်းမွန်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်တာပါ။ ကလေးတွေကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးနိုင်ကြသူတွေပေါ့။
မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက နေ့စဉ် ဘဝမှာ ကောင်းမွန်တာတွေကို ဖြစ်စေသလို ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင် ကျန်းမာမှုတွေကို ပေးစွမ်းပါတယ်။ သားသားမီးမီးလေးတွေ လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာတာက မေမေရဲ့ ပျိုးထောင်မှု ကောင်းတာကြောင့်ရော ချစ်ခင် ဂရုစိုက်မှုတွေကြောင့်ရောပါဆိုတာကို အသိပေးပါရစေ။