ဘေဘီလေးနဲ့ ဗီတာမင် C

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 2 mins read
Share now

ဘေဘီလေး တစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီ အာဟာရဓာတ်ဆိုတဲ့နေရာမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အချိုးကျ ပါဝင်နေတာကို ဆိုလိုတာပါ။

ဗီတာမင်တွေထဲမှာ ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ လိုမယ့် ဗီတာမင်က ကိုယ်ခံအား ဗီတာမင်လို့ သိထားကြတဲ့ ဗီတာမင် C ပါ။ ဖျားနေတယ်ဆိုရင် မြန်မြန်နေကောင်းအောင်ဆိုပြီး ဖြစ်ဖြစ် ဖျားချင်သလိုလို ဖြစ်နေတယ်ဆိုရင် ကိုယ်ခံအားကောင်းအောင်ဆိုပြီး စားသုံးတတ်ကြတဲ့ ဗီတာမင် C က ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူး များပြီး ကလေးကို ကျန်းမာ ဖွံ့ဖြိုးစေဖို့ထောက်ပံ့ပေးတဲ့နေရာမှာ ဗီတာမင် C က အတော်လေး အရေးပါပါတယ်။ ဒီတော့ ဘေဘီလေးကို ဗီတာမင် C လုံလောက်စေဖို့ အသက်အရွယ်အလိုက် ဘယ်လောက်ပမာဏ ဖြည့်ဆည်းပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဗီတာမင် C က ဘေဘီလေးအတွက် အကျိုးရှိရဲ့လား။

ဗီတာမင် C က ascorbic acid တစ်မျိုးပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူး၊ ငရုတ်ပွ စတာတွေမှာ ဗီတာမင် C ပါဝင်နေပါတယ်။

ဗီတာမင် C က ဘေဘီလေးကို အခုလို ထောက်ကူပးပါတယ်။

ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။

ဘေဘီလေးတစ်ယောက် လိုအပ်မယ့် ဗီတာမင် C ပမာဏ

ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ခန္ဓာကိုယ်က ဗီတာမင် C ကို ကိုယ်တိုင် မထုတ်နိုင်ပါဘူး။ ဒါ​ကြောင့် မိဘတွေက ဘေဘီလေးကို ဗီတာမင် C ပြည့်ဝအောင်ကျွေးမွေးဖို့လိုပါမယ်။

ဒီတော့ ဘေဘီလေးက ကိုယ်ခံအားကောင်းဖို့ဆိုရင် နေ့စဉ် ဗီတာမင် C ပြည့်ဝနေဖို့လိုပါမယ်။ ဒီတော့ ဘေဘီလေးကို အသက်အရွယ်အလိုက် ဗီတာမင် C လိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ပေးဖို့ဆိုရင် ဒီပမာဏလေးတွေအတိုင်း ဖြည့်ပေးလိုက်ပါ။

  • မွေးစကနေ ၆ လအထိ ၄၀ မီလီဂရမ် (mg)
  • ၇ လကနေ ၁ ၂ လအထိ ၅၀ မီလီဂရမ် (mg)
  • ၁ နှစ်ကနေ ၃ နှစ်အထိ ၁၅ မီလီဂရမ် (mg)
  • ၄ နှစ် ကနေ ၈ နှစ်အထိ ၂၅ မီလီဂရမ် (mg)
  • ၉ နှစ် ကနေ ၁၃ နှစ် အထိ ၄၅ မီလီဂရမ် (mg)
  • ၁၄ နှစ် ကနေ ၁၈ သားသားလေးဆိုရင် ၇၅ မီလီဂရမ် (mg)
  • ၁၄ နှစ် ကနေ ၁၈ နှစ် မီးမီးလေးဆိုရင် ၆၅ မီလီဂရမ် (mg) လိုအပ်မှာဖြစ်ပါတယ်။

မွေးစကနေ ၆ အထိမှာ မေမေ့နို့ကနေ တဆင့် လိုအပ်တဲ့ ဗီတာမင် C ကို ရယူမှာဖြစ်တာကြောင့် နို့တိုက်မေမေ အနေနဲ့ ဗီတာမင် C ကို ပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီလိုကနေ အရွယ်ရောက်လာပြီဆိုရင်တော့ ဘေဘီလေးကို

  • စတော်ဘယ်ရီ
  • သင်္ဘောသီး
  • အာလူး
  • ပန်းဂေါ်ဖီစိမ်း
  • လိမ္မော်သီး
  • ပန်းသီး
  • ကီဝီသီး
  • ခရမ်းချဉ်သီး စတာတွေ ပြင်ဆင်ပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)

အာရုံကြောငယ်လေးတွေမှာ ထုံတာ၊ ကျဉ်တာက စလို့ ကြွက်သားတွေ အားပျော့တာ၊ ကြုံလှီတာအထိ အမျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အများကြီး ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။တကယ်တော့ အာလူးဟာ အကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့ အစားအစာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read