မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

ယခုဆောင်းပါးသည် ပံ့ပိုးမှုဖြင့်ရေးသားထားသောဆောင်းပါးဖြစ်သည်။ ကျွန်ုပ်တို့၏ ကြော်ငြာနှင့်ပံ့ပိုးမှုမူဝါဒအချက်အလက်များကို ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 9, 2020 . 2 mins read
Share now

မေမေတို့ အိမ်က သားသားမီးမီးဆယ်ကျော်သက်လေးတွေကို သတိထားကြည့်ဖူးလား။ ကလေးတုန်းက သွက်သွက်လက်လက် တက်တက်ကြွကြွရှိပေမယ့် အရွယ်လေးလည်း ရောက်လာရော တစ်ခုခုကို အလိုမကျ မှုန်ကုပ်နေပြီး အမြဲတမ်း ပင်ပန်းနေတတ်တဲ့ ပုံလေးတွေ ပေါက်နေတယ်လေ။ သူတို့လေးတွေ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ မေမေတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်။ ။

ဆယ်ကျော်သက် လေးတွေကို ကြည့်လိုက်ရင် ဘာ့ကြောင့် ပင်ပန်းနေတဲ့ ပုံပေါက်နေတာလဲ ။ ။

ဆယ်ကျော်သက် လေးတွေ ဆိုတာ အရာရာပြောင်းလဲမှုကို ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ကိုယ်ခန္ဓါပေါ်မှာလည်း ပြောင်းလဲမှုတွေရှိမယ်၊ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေမယ့်အပြင် ကျောင်းဆိုလည်း မူလတန်းကနေ အလယ်တန်း၊ အထက်ကျောင်းကို ပြောင်းရတဲ့အတွက် ကျောင်းအသစ် အပေါင်းအသင်းအသစ် ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒါတွေတင်မကပါဘူး။ မေမေတို့ရဲ့ ရင်သွေးလေးတွေကို ပင်ပန်းအောင်လုပ်နေတဲ့ အခြား အချက်တွေလည်းရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ပင်ပန်းတဲ့ ပုံပေါက်နေတတ်ပါတယ်။

ကျောင်းနဲ့ အိမ် အိမ်နဲ့ ကျောင်း၊ ကျူရှင် ပြီးတော့ ဂိုက် ဆိုပြီး တစ်ချိန်လုံး စာထိုင်သင်နေရတဲ့သူတို့မှာ ကိုယ်လက်လှုပ်ရှားမှုတို့ လေ့ကျင့်ခန်းတို့ လုပ်ဖို့အချိန် ဘယ်မှာလဲ။ အိပ်ရာထ ကျောင်းသွား ထိုင်ပြီးစာသင် ကျောင်းပြန် ကျူရှင်တက်ထိုင်ပြီးစာသင့် အိမ်ပြန်ရောက် ထမင်းစား ဖုန်းပွတ် စာလုပ် အိပ်ရာဝင် နဲ့ ကိုယ်လက်လှုပ်ရှား အားကစားကို အချိန်မပေးနိုင်ကြပါဘူး။ ဒီလို လှုပ်ရှားမှု များများစားစားမရှိလို့ ကလေးတွေအညောင်းမိပြီး ထိုင်းမှိုင်းနေတတ်ကြတာပါ။ ဒ့ါကြောင့် အားကစားတစ်မျိုးမျိုး ကို ( လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး) လိုက်စားဖို့ ကလေးတွေကို အားပေးသင့်ပါတယ်။

စိတ်ဖိစီး နေများနေလို့ လန်းဆန်းမှုတွေ ပျောက်နေတတ်ပါတယ်။ ။

အပျိုဖော်ဝင်ခါစ ဟော်မုန်း အပြောင်းအလဲလည်းဖြစ်တော့ စိတ်တွေလည်း မတည်ငြိမ်၊ ပြောင်းလဲမှုတွေ အများကြီးလည်း ကြုံတွေ့နေရတော့ အဲ့ဒါတွေကို နားလည်အောင် သင်ယူနေတဲ့အချိန်လည်းဖြစ်၊ ဆယ်ကျော်သက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လိုချင်နေတဲ့အချိန်ဆိုတော့ အိမ်နဲ့လည်း အဆင်မပြေတဲ့သူတို့လေးတွေမှာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းတဲ့ရုပ်ပေါက်နေတတ်ပါတယ်။ ဒီလို အရွယ်တွေ အတင်းအကြပ် ချုပ်ချယ်ထားမယ့်အစား အထိုက်လျောက် လွတ်လပ်ခွင့်ပေးပြီး ထိန်းကျောင်းသင့်ပါတယ်။

အိပ်ရေးမဝတာကြောင့်လည်း ထိုင်းမှိုင်းတတ်ပါတယ်။ ။

သူများနည်းတူ ဖုန်းကိုင်ချင်တယ်ဆိုတော့ ဆယ်ကျော်သက် လေးပဲ ရှိသေးပေမယ့် ဖုန်းကိုင်ခွင့်ပေးထားရတဲ့ ဒီခေတ်ကြီးမှာ အင်တာနက်တွေ၊ ဂိမ်းတွေက ကလေးတွေဆီက အိပ်ချိန်တွေကို လုယူနေပါတယ်။ အိပ်ရေးမဝတဲ့ ကလေးတစ်ယောက်ဟာ ဘယ်လိုမှ လန်းလန်းဆန်းဆန်းမရှိနိုင်ပါဘူး။ ဒါ့ကြောင့် မေမေတို့ အိပ်ချိန် စားချိန် ဆော့ချိန် စာလုပ်ချိန်တွေကို ကလေးတွေအတွက် သေချာသတ်မှတ်ပေးထားသင့်ပါတယ်။

ရာသီသွေးဆင်းတာကလည်း ကလေးတွေကို ပင်ပန်းစေတဲ့ အချက်တစ်ခုပါ။ ။

ရာသီသွေးဆင်းလို့ အလုပ်ရှုပ်တာက တစ်ကြောင်း၊ ရာသီ ကြောင့် ကိုက်ခဲနေတာကတစ်ကြောင်း၊ ရာသီသွေးဆင်းခြင်းရဲ့ နောက်ဆက်တွဲ သံဓါတ်ချို့တဲ့ သွေးအားနည်းတဲ့ ဝေဒနာခံစားရတာ တစ်ကြောင်းနဲ့ မေမေ့ သမီးလေးတွေ အဲဒီ အချိန်ဆို နုန်းနေတတ်ပါတယ်။ ဒီ အချိန်မှာ ဖြစ်တတ်တဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်း ပြဿနာကိုဖြေရှင်းဖို့အတွက် မေမေတို့ဘက်က သံဓါတ်ကြွယ်ဝတဲ့အစားအသောက်တွေ ပြင်ဆင်ပေးတာမျိုး၊ သံဓါတ်ပါတဲ့ဖြည့်စွက်အားဆေး

ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓါကိုယ်ကို စိတ်တိုင်းမကျတာကြောင့်လည်း ပင်ပန်းနေတတ်ပါတယ်။

သူများတွေအားလုံးက ထွားလာလှလာကြပေမယ့် ကိုယ်က ရွယ်တူတွေကြားထဲ ပုသေးညှက်နေတဲ့အခါ လှောင်ပြောင်ကြတာတွေကို မခံစားနိုင် ဘာမှလည်း ပြောလို့မရ ဒေါသထွက် အလိုမကျဖြစ်တတ်တာလည်း ဒီအရွယ်ပါပဲ။ ဒါ့ကြောင့် ကိုယ့်ကလေး အာဟာရြပည့်ဝပြီး ရွယ်တူတွေနဲ့ တန်းတူ ကြီးထွားစေဖို့ အစားအသောက်ပိုင်းရော၊ ဖြည့်စွက်အားဆေးအပိုင်းမှာရော မလစ်ဟင်းရလေအောင် မေမေတို့ ဂရုစိုက်သင့်ပါတယ်။

ကဲ မေမေရဲ့ ဆယ်ကျော်သက်လေးတွေကို ပင်ပန်းစေတဲ့ ဒီအချက်တွေ ရှိတယ်ဆိုတာ သိထားမှကိုယ့်ကလေး ခံစားနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှာခေါင်းသွေးလျှံကြရာဝယ်

နှာခေါင်းသွေးလျှံ မတ်မတ်ထိုင်ပါ အစာအိမ် ပါးစပ်နဲ့ အသက်ရှူပါ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပတ်ဝန်းကျင်လေထုသွေးကျဲဆေး အသက်ရှူရခက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ

လောင်းကစား ကျန်းမာရေးပြဿနာ အမူအကျင့် မူးယစ်ဆေး စိတ်ဖိစီးတာ အကြမ်းဖက်မှု လူမှုဘဝ အမျိုးသမီးတွေ မိသားစု အရက် ဖဲရိုက် ၂ လုံးထီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ကော်ဖီ အချိန် နေ့စဉ် ကျန်းမာရေး အခါးဓာတ် ဓာတ်မတည့် သွေးအားနည်း ဆီးချို ရင်တုန် အိပ်ချိန် အားကစား စိတ်ဓာတ် ဟော်မုန်း ဦးနှောက် မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Skin care တိုင်း ဝက်ခြံကင်းသလား……..

Skincare အသားအရေ ဝက်ခြံ ချွေးပေါက် အမာရွတ် အိုမင်း ကြည်လင် ကျန်းမာ အာဟာရ အရွယ်မတိုင်ခင်အိုမင်း ဟော်မုန်း စိတ်ဖိစီးမှု ဆဲလ်သေ ဝက်ခြံပိုးဝင် ဆေးဝါး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သီချင်းနားထောင်ရင်း စာကျက်နေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read
ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 3 mins read
ထိုင်နေရင်း သေသွားကြသူများ

ထိုင်နေရင်း သေသွားကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read