ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 14, 2020 . 2 mins read
Share now

ဘေဘီလေးတွေရဲ့ပြုံးရွှင်တဲ့မျက်နှာ၊ ကြည်လင်တဲ့အပြုံးနဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေက မိဘတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုတွေပါ။ ကလေးကိုအချိန်ပြည့်စောင့်ကြည့်နေမိပြီး သူတို့လေးတွေမှာဖြစ်လာတဲ့ အရာတိုင်းကို ဒါကဘာကြောင့်လဲဆိုပြီးတွေးမိနေတာ၊ သိချင်နေရတာကလည်းမေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦးတီတီတို့ရဲ့နေ့စဉ်အလုပ်တစ်ခုပါပဲ။ ဒီလိုစိတ်ပူမိတဲ့အထဲမှာ ကလေးက အိပ်နေရင်းချွေးထွက်တာ၊ နို့သောက်ရင်းချွေးထွက်တာနဲ့ နည်းနည်းလေးများလှုပ်လိုက်ရင်ချွေးထွက်လာတာတွေပါ ပါတယ်ဟုတ်။

ဘေဘီလေး ညအိပ်ရင်းချွေးထွက်တာက ပုံမှန်ပဲလား

ကလေးက ညဘက်အိပ်နေရင်းချွေးတွေအများကြီးထွက်လေ့ရှိပါတယ်။ ဒါကိုညအိပ်ရင်းချွေးထွက်ခြင်းလို့ခေါ်ကြပါတယ်။ ကလေးငယ်လေးတွေက ဘာမှသိပ်မလုပ်ရဘဲချွေးထွက်စရာလိုလို့လားလို့တွေးနေမိတာလား။ ကလေးလေးတွေလည်းချွေးထွက်နိုင်ပါတယ်နော်။ ဘေဘီလေးတွေ ညအိပ်ရင်းချွေးထွက်တာက ပုံမှန်ပါပဲ။ အထူးသဖြင့်ခေါင်းချွေးထွက်တာပိုများပါတယ်။

ပုံမှန်အတိုင်းမှာလည်း ကလေးတွေက အိပ်နေစဉ်ချွေးထွက်တတ်တယ်ဆိုပေမယ့် အရမ်းများနေမယ်ဆိုရင်တော့ အမှုမဲ့အမှတ်မဲ့မထားပါနဲ့။ ကလေးတွေကချွေးအများကြီးထွက်နိုင်တယ်ဆိုပေမယ့် တစ်ခါတလေမှာချွေးထွက်များတာက ကလေးမှာရောဂါတစ်ခုခုခံစားနေရတဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကြောင့် ကလေးက အိပ်နေချိန်မှာချွေးထွက်ရတာပါ

ကလေးလေးတွေက လှုပ်လှုပ်ရှားရှားမလုပ်ရပေမယ့်လည်း ဒီအချက်တွေကြောင့်ချွေးထွက်များရတာပါ။

  • ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ။ ကလေးက ပုံစံတစ်ခုတည်းမှာ အချိန်အကြာကြီးအိပ်ပျော်သွားတဲ့အခါ ကိုယ်အပူချိန်ြမင့်တက်လာပြီးချွေးထွက်များရတာပါ။
  • ကလေးရဲ့ချွေးဂလင်းတွေက ဦးခေါင်းနားမှာရှိနေကြတာပါ။ ဒါကြောင့် အိပ်နေချိန်မှာချွေးအများကြီးထွက်ရတာပါ။
  • အခန်းအပူချိန်မြင့်တက်နေတာကြောင့်လည်း ကလေးကချွေးအများကြီးထွက်နိုင်ပါတယ်။
  • ကလေးကို ထူထူထဲထဲ အဝတ်အစားတွေဝတ်ထားပေးမိတာ၊စောင်ခြုံတာမျိုးတွေလုပ်ပေးမိတာကြောင့်လည်းချွေးထွက်များနိုင်ပါတယ်။
  • ကလေးကမွေးရာပါနှလုံးရောဂါခံစားနေရတာကြောင့်လည်း အိပ်နေစဉ်ချွေးထွက်များတာပါ။
  • အိပ်နေစဉ်ရုတ်တရက် အသက်ရှုရခက်တာေကြာင့်လည်း ကလေးက ညအိပ်နေစဉ်မှာချွေးထွက်တာပါ။

ဘယ်လိုဖြေရှင်းမလဲ

အခန်းအပူချိန်ကိုထိန်းညှိပေးပါ – ညအိပ်တဲ့အခါ အခန်းအပူချိန်ကို အရမ်းအေးအောင်မထားသင့်သလို အရမ်းပူနေတာမျိုးမဖြစ်အောင်ဂရုပြုပေးပါ။ ကလေးအတွက် သက်တောင့်သက်သာဖြစ်စေမယ့် အပူချိန်ဖြစ်အောင် ထိန်းညှိပေးပါ။

ကလေးကိုရေဓါတ်ပြည့်ဝအောင်ထားပါ – ကလေးကို အိပ်နေစဉ်မှာချွေးထွက်တာကြောင့် ရေဓါတ်မဆုံးရှုံးစေဖို့အတွက် ညမအိပ်ခင်မှာ မိခင်နို့တိုက်ပြီးရေဓါတ်ပြည့်ဝနေအောင်သေချာလေးဂရုစိုက်ပေးပါ။

သက်တောင့်သက်သာဖြစ်အောင် ဝတ်ဆင်ပေးပါ -ကလေးကို ညအိပ်တဲ့အခါ သက်တောင့်သက်သာဖြစ်စေမယ့် ချည်သားေချာင်ချောင်ပွပွလေးတွေ ဝတ်ဆင်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ကလေးကို ညအိပ်နေတုန်းချွေးထွက်နည်းအောင် ကူညီပေးနိုင်မှာပါ။

ထူထူထဲထဲဝတ်ပေးတာမျိုးမလုပ်ပါနဲ့ – ကလေးကို အအေးမိမှာ စိုးရိမ်ပြီး အင်္ကျီအထူကြီးတွေဝတ်ပေးတာမျိုးစောင်အထူကြီးတွေခြုံသိပ်တာမျိုးမလုပ်ပါနဲ့။ ကလေးကို ပူအိုက်စေပြီးချွေးထွက်များစေနိုင်တာကြောင့်ပါ။

ဒီအခြေအနေဆိုရင် သတိထားပါ

အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေအတိုင်းလုပ်ပေမယ့် ကလေးကချွေးထွက်နေမြဲပဲဆိုရင်တော့ တတ်သိနားလည်တဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးကချွေးထွက်မှုနဲ့အတူ

  • ကယောင်ကတမ်းထအော်တာမျိုး
  • ခေါင်းကို ဘယ်ညာရမ်းတာမျိုး
  • သွားကြိတ်တာမျိုး
  • ကလေးကဟောက်မယ်
  • အသက်ရှုသံပြင်းမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမြန်ဆုံးဆရာဝန်နဲ့ပြသကြည့်ပါနော်။

ကလေးဆိုပေမယ့်လည်းဘေဘီလေးတွေဟာလည်းအရွယ်ရောက်ပြီးသူတွေလိုပဲချွေးထွက်နိုင်ပါတယ်။ အိပ်နေရင်းချွေးတွေထွက်နေတတ်သလို။ နို့သောက်ရင်းကလည်းချွေးထွက်ပါတယ်။ တစ်ခါတလေ ပက်လက်အနေအထားနဲ့ ဝူးဝူးဝါးဝါးပြောရင်းကိုချွေးတွေထွက်နေနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေမရှိဘူးဆိုရင် ပုံမှန်အနေအထားဖြစ်တာကြောင့် စိတ်ပူစရာမလိုပါဘူးနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

Head & Neck Cancer (ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

ဘယ်ဟာက medical marijuana ၊ ဘယ်ဟာက recreational marijuana ဆိုတာနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိနေတာလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 3 mins read