ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရာသီဥတု နည်းနည်းလေးအေးတာနဲ့အတူ အမြဲလိုလိုကပ်ပါလာပြီး ကြားနေကျဖြစ်တဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ တုပ်ကွးဆိုတာပါ။ ရာသီဥတုအေးလာပြီဆိုရင် ဖျားနာမှုတွေများလာပြီး တုပ်ကွေးဖြစ်တယ်ဆိုတဲ့ စကားတွေက ကြားနေရပါပြီ။ တုပ်ကွေးက အရွယ်ရောက်ပြီးသူတွေမှာတောင် ခံစားရခက်တယ်ဆိုရင် ကိုယ်ခံအားနည်းပြီး နုနယ်သေးတဲ့ဘေဘီလေးတွေမှာ ဘယ်လောက်များခံစားရခက်လိုက်မလဲနော်။ ဒီတော့ဘေဘီလေးတွေကို တုပ်ကွေးမဖြစ်အောင် ကာကွယ်ချင်လို့မေမေဖေဖေတို့က တုပ်ကွေးကာကွယ်ဆေးထိုးဖို့ စဉ်းစားကြပြီလေ။ ဒီလိုစဉ်းစားလိုက်တဲ့အခါ သိချင်တ့ အကြောင်းအရာတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီတော့ဘေဘီလေးကို တုပ်ကွေး ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားနေတဲ့မေမေဖေဖေတို့ သိချင်လောက်မယ့် အကြောင်းအရာတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေလား။

ဘေဘီလးတုပ်ကွေးဖြစ်နေပြီလား……..

တုပ်ကွေးအမျိုးအစားတွေက အများကြီးရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ်ဖြစ်ပွားတဲ့တုပ်ကွေးမျိုးစိတ်ချင်းလည်း မတူနိုင်ပါဘူး။ တုပ်ကွေးအမျိုးအစားက ကွာခြားပေမယ့် ကလေးတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် တူတတ်ကြပါတယ်။

  • နှာခေါင်းပိတ်ခြင်း
  • လည်ချောင်းနာခြင်း
  • ချောင်းဆိုးခြင်း
  • အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၅ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နေခြင်း
  • ချမ်းတုန်နေခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကြွက်သားတွေညောင်းကိုက်နာကျင်မယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်

ဖေဖေမေမေတို့အနေနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်ခေါင်းထဲမှာ ပေါ်လာမယ့် အချက်တွေ အများကြီးရှိနိုင်ပါတယ်။ တစ်ချက်ချင်းစီ စဉ်းစားအဖြေထုတ်ကြည့်ရအောင်လား။

တုပ်ကွေးကာကွယ်ဆေးက ဘယ်အရွယ်မှာစထိုးလို့ရလဲ…..

ဘေဘီလေး ၆ လပြည့်ပြီဆိုတာနဲ့ စထိုးလို့ရပါပြီ။ ၆ လအောက်ဘေဘီလေးတွေကတော့ ကာကွယ်ဆေးထိုးလို့မရသေးပါဘူး။ တုပ်ကွေးကာကွယ်ဆေး စထိုးတဲ့အခါဆေးတစ်လုံးထိုးပြီး အနည်းဆုံး ၄ ပတ်ခြားပြီးမှ ဒုတိယတစ်လုံးကို ထိုးရပါမယ်။

ဘယ်သူတွေမှာကူးစက်နိုင်ခြေအများဆုံးလဲ…….

ကိုယ်ခံအားစနစ်ပြည့်ပြည့်ဝဝမဖွံ့ဖြိုးသေးတဲ့ ၅ နှစ်အောက် ကလေးတွေမှာ တုပ်ကွေးကူးစက်ခံရနိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။

တစ်ခါထိုးထားပြီးရင် လုံလောက်ပြီလား…..

တုပ်ကွေးရောဂါပိုးတွေက တစ်နှစ်နဲ့တစ်နှစ်မတူတာကြောင့် ကာကွယ်ဆေးကို တစ်နှစ်ပြည့်တိုင်းနောက်တစ်ခါပြန်ထိုးပေးဖို့လိုပါမယ်။

တုပ်ကွေးကာကွယ်ဆေးထိုးထိုးပြီးချင်း အာနိသင်ပြလား….

ထိုးပြီးတာနဲ့ချက်ချင်းတုပ်ကွေးကို မကာကွယ်ပေးနိုင်သေးပါဘူး။ ကာကွယ်ဆေးထိုးပြီး ရက် ၂၀ ကြာမှစလို့ အာနိသင်ပြမှာပါ။

သွေးလွန်တုပ်ကွေးကိုရော ကာကွယ်နိုင်လား…….

တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးရောဂါပိုးကိုပဲ ကာကွယ်နိုင်တာပါ။သွေးလွန်တုပ်ကွေးကို မကာကွယ်ပေးနိုင်ပါဘူး။

တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ဖျားနိုင်လား….

တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ကလေးက ကိုယ်ပူတာ၊ မအီမသာဖြစ်တာ။ဆေးထိုးထားတဲ့နေရာက နီနေတာ၊အောင့်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်တာလဲ…..

တုပ်ကွေးကာကွယ်ဆေးကဘေဘီလေးကို တုပ်ကွေးရောဂါကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မယ့်နည်းလမ်းပါ။ တုပ်ကွေးကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ထိုးဆေးဖြစ်ပြီး တစ်မျိုကဖြန်းဆေးပါ။ ၆ လအထက်ကလေးတွေအတွက် အထိရောက်ဆုံး တုပ်ကွေးကာကွယ်ဆေးက ထိုးဆေးပါ၊လို့ အမေရိကန်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ကထောက်ခံထားပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးဆေးက တုပ်ကွေးဗိုင်းရပ်စ်အသေတွေကနေထုတ်ထားတဲ့ဆေးပါ။ ကာကွယ်ဆေးထိုးလိုက်တဲ့အခါ ကလေးရဲ့ ကိုယ်ခံအားနဲ့တွေ့သွားပြီး တုပ်ကွေးဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်လုပ်ပါတယ်။ တကယ်လို့ တုပ်ကွေးကူးစက်ခံရတာအခါ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားက အဆိုပါတုပ်ကွေးကို ခုခံတိုက်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။ သဘောကတော့ ဖြစ်လာမယ့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပေါ့။

ကာကွယ်ဆေးမဖြစ်မနေထိုးထားသင့်တဲ့ကလေးတွေက ဘယ်သူတွေလဲ……

၆ လအထက်ကလေးတွေတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဒီထဲမှာမှ အခုလိုမျိုးဘေဘီလေးတွေက တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပါတယ်။

  • ၆ လ ကနေ ၅ နှစ်အတွင်းအရွယ်ကလေးငယ်တွေ
  • အဆုတ်ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ
  • နှလုံးကျန်းမာရေးအားနည်းတဲ့ ကလေးတွေ
  • ကိုယ်ခံအားနည်းတဲ့ကလေးတွေ
  • ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေ
  • HIV ပိုးကူးစက်ခံထားရတဲ့ ကလေးတွေ
  • မွေးရာပါဆီးချိုရောဂါရှိနေတဲ့ ကလေးတွေ
  • ကျောက်ကပ်ကျန်းမာရေးမကောင်းတဲ့ဘေဘီလေးတွေ
  • လမစေ့ဘဲမွေးထားတဲ့ကလေးတွေ
  • ပေါင်မပြည့်ဘဲမွေးထားတဲ့ကလေးတွေ
  • အဝလွန်နေတဲ့ကလေးတွေ
  • သွေးအားနည်းရောဂါရှိတဲ့ကလေးတွေ မဖြစ်မနေတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။

တုပ်ကွေးကာကွယ်နိုင်မယ့်ရိုးစင်းတဲ့နည်းလမ်းတွေ

  • တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးပါ
  • လက်တွေကိုသေချာသန့်စင်ဆေးကြောပါ
  • ချောင်းဆိုးနှာချေရင် နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားပါ
  • အသုံးပြုပြီးသားတစ်သျှူးတွေကို ချက်ချင်းစွန့်ပစ်ပါ
  • ပြည့်ဝစွာအနားယူပါ
  • အာဟာရပြည့်ဝအောင်စားပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ
  • လူစုလူဝေးကိုရှောင်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကလေးလေး ကလေးငယ် ကလေးကျန်းမာရေး နာမကျန်း ဖျားနာ အအေးမိ လက္ခဏာ မိဘများအတွက်လမ်းညွှန် အဖျားကျ မြန်မြန်သက်သာရေး ရာသီတုပ်ကွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေး ဆံပင်ရိတ်ပေးရင် ကတုံးတုံး ကျန်းမာရေး မေမေဖေဖေ ဆံပင်ပါး အာဟာရ ဘေဘီလေး ခန္ဓာကိုယ်အပူချိန် ကလေး ကျန်းမာရေး ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကျောက်ကပ် ဘက်တီးရီးယား ရောဂါပိုး ရေဓာတ် ဗီတာမင်စီ ဘယ်ရီသီး ရေသောက် ဆီးအောင့် အချဉ်ဓာတ် အသီးအနှံ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

ဆီးအောင့် ဆီးအိမ် ကျောက်ကပ် ဆီးလမ်းကြောင်း အသက်အရွယ် ရေဓာတ် ဆီးသွားချင်စိတ် အိမ်သာ ဘက်တီးရီးယား လေ့ကျင့်ခန်း ဆီးမထိန်းနိုင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 1 min read
ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read