အူဝဲလေးတွေကို စကားသင်ပေးကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မွေးစကတော့ အူဝဲ၊အူဝဲလို့ပဲအော်တတ်တဲ့ ကလေးလေးတွေက တဖြည်းဖြည်းနဲ့အသံအမျိုးမျိုးလုပ်တတ်လာတာ သတိထားမိကြမှာပါ။ ဘာသာစကားတွေ သင်ယူဖို့ စလေ့လာနေပြီလေ။ သူကြားရတဲ့အသံတွေနဲ့မြင်ရတဲ့အရာတွေကိုတွဲမှတ်တတ်လာပြီ၊ သူ့စိတ်ခံစားချက်တွေကိုဖော်ပြဖို့ အသံတွေကိုခွဲခြားထွက်တတ်လာပြီ။

ဒီအချိန်မှာ စကားပြောတတ်လာဖို့ ကလေးရဲ့ဘာသာစကားဖွံ့ဖြိုးမှုအတွက် မိဘတွေက ပံ့ပိုးကူညီပေးဖို့လိုပါတယ်။ ငယ်စဉ်အရွယ်မှာ စာဖတ်ပြတဲ့မိဘတွေ၊ စကားများများပြောပေးခဲ့တဲ့ မိဘတွေရဲ့သားသမီးတွေကဝေါဟာရပိုကြွယ်ပြီး ဘာသာစကားတတ်ကျွမ်းမှုမှာ တခြားကလေးတွေထက်သာတယ်လို့လေ့လာမှုတွေကတွေ့ရှိကြပါတယ်။

ကလေးကိုဘယ်လိုကူညီမလဲ

(၁) စကားများတဲ့မေမေအဖြစ်နေပါ

ဘာတွေပဲဖြစ်ဖြစ် တစ်နေ့တာအလုပ်တွေအကြောင်းပဲဖြစ်ဖြစ် ကလေးနားမှာနေရင်းစကားပြောနေပါ။ ကလေးကိုပြန်ပြောပြတာမျိုးက ကိုယ်လည်းအဖော်ရ၊ သူလည်းလေ့လာဖို့ပိုအဆင်ပြေတာပေါ့။ ဥပမာ – သမီးလေးရေ၊ လူလူချိုးမယ်(ရေချိုးမယ်)။ လူလူချိုးပြီးရင် ခါးခါးလူးမယ်၊ အပြင်သွားကြမယ်နော် ဆိုတာမျိုး။ သူ့ဘေးမှာ စကားပြောနိုင်လေကောင်းလေပါပဲ။ အတုမယူသင့်တဲ့ စကားတွေတော့ ကလေးရှေ့မှာ မပြောနဲ့ပေါ့နော်။

(၂) ဖတ်ပြပါ

ကလေးကိုပုံပြင်ပြောပြတဲ့ဓလေ့၊ ပုံပြင်ဖတ်ပြတဲ့ဓလေ့က ဟိုးအရင်တည်းက ရှိခဲ့ပါတယ်။ ညအိပ်ခါနီးအချိန်မှာ စာဖတ်ပြတာက ကလေးကိုစာဖတ်တဲ့အလေ့အကျင့်လေး သင်ပေးသလိုဖြစ်စေပါလိမ့်မယ်။ အရွယ်ကြီးလာတာနဲ့အမျှ ပုံပြစာအုပ်တွေကိုယ်တိုင်ဖတ်စေတာ၊ စာအုပ်တွေပေးဖတ်တာ လုပ်လို့ရပါတယ်။ သူ့အတွက် စာအုပ်လေးတွေနဲ့စာအုပ်စင်လုပ်ပေးတာက စာတွေကိုချစ်တတ်လာစေနိုင်ပါတယ်။

(၃) သီချင်းအတူဆိုမယ်

ကလေးငယ်ငယ်လေးတွေက သီချင်းသံ၊ဂီတသံတွေနဲ့လှုပ်ရှားမှုကို သဘောကျပါတယ်။မြူးကြွတဲ့သံစဉ်နဲ့ သီချင်းတွေကို ခဏခဏဆိုပြရင်း (ကလေးကမပီလည်း) အတူလိုက်ဆိုခိုင်းပါ။

(၄) ကလေးစိတ်ဝင်စားတဲ့ဘက်ကို လိုက်ပေးပါ

ကလေးက ပုံပြင်အကြောင်းစိတ်ဝင်စားတယ်ဆို အဲဒီအကြောင်းပြောပေးပါ။ သူကခွေးလေးတွေကို ချစ်တတ်တယ်ဆိုခွေးလေးတွေအကြောင်းပြောပါ။ ကလေးနဲ့စကားပြောပေးတဲ့အခါ သူစိတ်ဝင်တစားနားထောင်လောက်တဲ့အကြောင်းအရာဖြစ်နေရင် ပိုအဆင်ပြေပါတယ်။ သူ့ဆီက တုံ့ပြန်မှုအသံလေးတွေကိုလည်း အသိအမှတ်ပြုပေးပါ။

(၅) ကလေးရဲ့အသံထွက်နဲ့ စကားကို အပြစ်တင်တာ၊လှောင်တာမလုပ်ပါနဲ့

သူပြောလိုက်တဲ့စကားလုံးတွေက အသံထွက်မမှန်သေးတာ၊ မှားနေတာရှိရင် ချစ်လို့ဝိုင်းရယ်တတ်ကြပါတယ်။ ဒီအသံမှားလေးကိုပဲ ရယ်ချင်လို့ ထပ်ထပ်ပြောခိုင်းတဲ့အခါ ကလေးရဲ့အသံထွက်ကတော်တော်နဲ့မှန်မလာနိုင်တော့ပါဘူး။ အရွယ်ရောက်ခါမှပဲ အမှန်ကိုသိတော့မှာပါ။ ချစ်လို့ရယ်ကြပေမယ့် အမှန်ကိုတော့ပြပေးသင့်ပါတယ်။တော်လိုက်တာ၊ပြောကြည့်ပါဦး စသည်ဖြင့် ချီးကျူးစကားတွေက ကလေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

(၆) တီဗီနဲ့ ကွန်ပျူတာ သိပ်မကြည့်ခိုင်းပါနဲ့

၂ နှစ်အောက် ကလေးတွေကို တီဗီလုံးဝမကြည့်ခိုင်းဖို့နဲ့ ၂ နှစ်အထက်ကလေးတွေကို တစ်နေ့ နှစ်နာရီထက်ကျော်ပြီး ကွန်ပျူတာမကြည့်စေဖို့ အမေရိကန်ကလေးကျန်းမာရေးဌာနရဲ့အကြံပြုချက်မှာပါရှိပါတယ်။ ကလေးတွေအတွက်ရည်ရွယ်တဲ့ ပညာရေးအစီအစဉ်တွေ၊ဖျော်ဖြေရေးနဲ့ဗဟုသုတတွေ၊ ကွန်ပျူတာဂိမ်းတွေရှိပေမယ့် ဖွံ့ဖြိုးဆဲအရွယ်တွေအတွက် မျက်စိကျန်းမာရေးနဲ့ အလုံးစုံကျန်းမာရေးအတွက်က မသင့်တော်ပါဘူး။

(၇) အပြင်ခေါ်သွားပါ

တိရစ္ဆာန်ရုံ၊ ငါးပြတိုက် စတဲ့နေရာတွေကို (လူအရမ်းကျပ်ညပ်နေတဲ့နေရာတွေမှာတော့ရောဂါပိုးမွှားကူးစက်လွယ်တာကြောင့်ရှောင်ပါ)ခေါ်သွားခြင်းအားဖြင့် ကလေးအတွက်ပြင်ပကမ္ဘာသစ်တစ်ခုကိုဖွင့်လှစ်ပေးလိုက်သလိုပါပဲ။ အသစ်အဆန်းတွေမြင်ရတဲ့အခါ မှတ်သားမယ်၊ ကိုယ်ကရှင်းပြပေးတဲ့အခါ အသိတိုးမယ်။ ဥပမာ တိရစ္ဆာန်ရုံမှာတွေ့တဲ့ အကောင်လေးတွေရဲ့နာမည်ကို သူ့ကိုပြောပြမယ်၊ တိရစ္ဆာန်လေးတွေရဲ့အမူအကျင့်တွေကို သူလေ့လာမယ်၊ပျော်စရာအမှတ်တရတွေ ဖန်တီးပေးမယ်လေ။ တွေ့မြင်သမျှကိုဦးနှောက်ကမှတ်သားမယ်၊ အသံမျိုးစုံကိုနားထောင်ပြီး အသံလိုက်ထွက်တတ်လာပါလိမ့်မယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ချစ်ခင်ကြင်နာစွာ ပွေ့ဖက် ပေးခြင်းက ချစ်ရတဲ့ ကလေးတွေ အတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ ဖေဖေမေမေ တို့ သိထားသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မေမေတစ်ယောက် ဖြစ်ရတာ အခက်အခဲ များစွာနဲ့ပါ .. ဒါပေမဲ့ သင်ကျော်လွှားနိုင်တာ ယုံကြည်ပါ

မေမေ တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား။ ဝန်တာတွေ များပြားလှတဲ့ လုပ်ငန်းဆောင်တာ တစ်ရပ်ကို မေမေ လို့ ခေါ်တာပါ။ ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

မေမေ မိခင်နို့ ဘေဘီလေး ကလေး ကလေးအာဟာရ နို့တိုက်ကျွေးခြင်း ကလေးကျန်းမာရေး အကျိုးကျေးဇူး ရောဂါကာကွယ်နိုင်ခြင်း ကိုယ်အလေးချိန် နို့တိုက်မိခင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

ဖေဖေ ဘေဘီလေး ကလေး မိသားစု ချစ်ခင်မှု မေမေ ကြင်နာမှု ရင်းနှီးမှု ကလေးဝေယျာဝစ္စ လက်ဆောင် အတူကစား ဖခင် မေတ္တာ ကလေးရဲ့ဖွံ့ဖြိုးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 1 min read
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 28, 2020 . 2 mins read
ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 26, 2020 . 2 mins read