တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

တုပ်ကွေး ကွေးတာ ၊အအေးမိတာ တွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေက တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။

ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။

ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ်

တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားနာကျင်ကိုက်ခဲမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ကလေးတွေကို အဖျားကျဆေးရည် လိုမျိုးဆေးတွေ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။

ကလေးကို အရမ်းပူအိုက်မနေအောင်၊ သက်တောင့်သက်သာထားပါ

ကလေးကို ဖျားနေလို့ ဆိုပြီး အနွေးထည်၊ စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။ လှောင်အိုက်နေရင် မကောင်းပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်တောင့်သက်သာ အနေအထားမှာပဲ ထားဖို့ သတိရပါ။

ရေဝတ် တင်ပေးပါ

ကလေးရဲ့ နဖူးမှာ ရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။ ကလေးကို ရေမစိုစေဖို့၊ ရေတွေ စီးမကျစေဖို့ သတိထားပါ။ အဝတ်မှာ သိပ်ရွှဲမနေစေဖို့ ရေနည်းနည်း ညှစ်ပြီးမှ တင်သင့်ပါတယ်။

ရေချိုးချပါ

တချို့မိဘတွေက ကလေးတွေ အဖျားတက်ရင် ခေါင်းကနေ ရေလောင်းချတတ်ပါတယ်။ အဖျားကျမြန်တယ် ဆိုပေမယ့်လည်း သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ရေက ကြက်သီးနွေးရေ ဖြစ်ဖို့ လိုပါတယ်။ သိပ်အေးနေတဲ့ ရေ မဖြစ်ပါစေနဲ့။ ရေချိုးတာ မကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီး ကလေးကို ရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။ ရေချိုးချပြီးရင် မြန်မြန်ခြောက်အောင် သုတ်ပေးပါ။ လေတိုက်မခံပါနဲ့။

နှိပ်နယ်ပေးပါ

ကလေးရဲ့ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ ကျောဘက်မှာ အသာအယာ ပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်တဲ့။ ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးတာက ဝေဒနာ သက်သာစေနိုင်ပြီး နွေးထွေးစွာ နှစ်သိမ့်ရာလည်း ရောက်ပါတယ်။

အစိုဓာတ် ထိန်းပါ

လေထုတွင်း အစိုဓာတ်ထိန်း humidifiers တွေ သုံးတာ၊ နှာခေါင်းဖျန်းဆေး nasal sprayတွေ သုံးတာလည်း ကောင်းပါတယ်။ ကလေးက နှာခေါင်းပိတ်နေတဲ့အခါ ဒီနည်းတွေက ကလေးရဲ့ နှာခေါင်းလမ်းကြောင်း အတွင်း အစိုဓာတ်ကို ထိန်းပေးထားမှာ ဖြစ်လို့ အတော်အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

ပူပူနွေးနွေး သောက်စရာတွေ ဖန်တီးပေးပါ

အရမ်းငယ်သေးတဲ့ အရွယ်က လွဲလို့ ကလေးတွေကို ရေနွေးကြမ်း၊ စွပ်ပြုတ်ရည်၊ ဖြည့်စွက်အာဟာရမှုန့် စတဲ့ အာဟာရ ဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာ နဲ့ ချွဲကြပ် သက်သာစေနိုင်ပါတယ်။

အရည်များများ ဝင်အောင် တိုက်ပါ

တုပ်ကွေး ဖြစ်ပြီ ဆိုရင် အဖြစ်များတာက ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ရေ သို့မဟုတ် အရည်များများ ဝင်အောင် ချော့ပြီး တိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကို ရေနဲ့ အသီးဖျော်ရည် (အချိုရည်ဘူး မဟုတ်) တိုက်လို့ရပါတယ်။

ကလေးကို နားနားနေနေ နေခိုင်းပါ

ကလေးကို သိပ်မဆော့စေဘဲ သက်တောင့်သက်သာ နားနေအောင် ချော့မော့ထားပါ။ ပုံဆွဲစာအုပ်၊ ဆေးရောင်ခြယ်စာအုပ် သို့မဟုတ် အရုပ်၊ ကစားစရာ၊ ပဟေဠိဆက် ကစားစရာမျိုးတွေ နဲ့ငြိမ်အောင် ထိန်းထားတာ ကောင်းပါတယ်။ ပြေးလွှားကစားနေရင် ပိုအားကုန်၊ ပိုနေမကောင်းရင် ခံစားရတဲ့ဝေဒနာ ပိုဆိုးစေနိုင်လို့ပါ။

ဖေဖေမေမေတို့ မမေ့သင့်တဲ့ တစ်ချက်က တုပ်ကွေး လက္ခဏာတွေကို ချက်ချင်း လုံးဝပျောက်ကင်းအောင် လုပ်ဖို့မဟုတ်ဘူး ဆိုတာပါပဲ။ တုပ်ကွေးဖြစ်နေတဲ့ ကာလမှာ နေရသက်သာစေဖို့ ပြုစုဂရုစိုက်ပေးတာပဲ အကောင်းဆုံးဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု အပြင် မိဘရဲ့ပြုစုဂရုစိုက်မှု ကလည်း ကလေးတွေအတွက် အဓိက ကျလို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ

စိတ်ဓာတ်ကျ၊ Dementia၊ လေ့ကျင့်ခန်း၊ Depression၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့တွေ၊ယူဆချက်တွေ၊ လက္ခဏာ၊ အိုမင်းရင့်ရော်၊ အသက်အရွယ်၊ လူမျိုး၊ အချိန်ယူရမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, စိတ်ကျန်းမာရေး ဇွန် 24, 2020 . 2 ဖတ်ရန် ကြာချိန်

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မုတ်သုံ အအေးမိ တုပ်ကွေး တစ်ကိုယ်ရေ သန့်ရှင်းရေး ရောဂါပိုး COVID_19 ခန္ဓာကိုယ် ကိုယ်ခံအား လက်ဆေးပါ ဗိုင်းရပ်စ် ခံတွင်းသန့်ရှင်း ဆပ်ပြာတိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 23, 2020 . 2 ဖတ်ရန် ကြာချိန်

ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းများ

တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ အမှုမဲ့အမှတ်မဲ့ ကျန်းမာရေး ခန္ဓာကိုယ် covid-19 လက်ဆေးခြင်း ကိုယ်ခံအား အအေးမိ၊ ဖျားနာ ချွေးဂလင်း ဆံသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

အဖျား ဖျားနာခြင်း နေမကောင်း အအေးမိ တုပ်ကွေး နှာစေး ချောင်းဆိုး လည်ချောင်းနာ ရာသီဥတု မိုးရာသီ ကျန်းမာရေး ကိုယ်ခံအားစနစ် သက်သာပျောက်ကင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 1 ဖတ်ရန် ကြာချိန်
ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်
စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး

စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်