ကာကွယ်ဆေးများအကြောင်း အမေးနှင့်အဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကာကွယ်ဆေးများသည် ရောဂါများစွာကို ကာကွယ် ပေးနိုင်သည်။ အချို့မှာ အန္တရာယ် ဖြစ်စေနိုင်သည်။ သို့သော် လည်း လူအချို့သည် သူတို့ကလေးများအား ကာကွယ်ဆေး ထိုးပေးခြင်း၏ အရေးပါပုံကို မသိရှိပါ။ အမှန်မှာ ကာကွယ် ဆေးများသည် ကလေးများအား ကျန်းမာပြီး ရောဂါကင်းဝေး စေသော အကောင်းဆုံးနည်းလမ်းတစ်မျိုး ဖြစ်သည်။ အောက်ပါ အမေးအဖြေများတွင် ကာကွယ်ဆေးများ၏ အကျိုးရှိပုံတို့ကို အလင်းပြထားပါသည်။

NIP ဆိုတာဘာလဲ။

အမျိုးသားကာကွယ်ဆေးထိုးရေး စီမံချက် (NIP) ဆိုသည်မှာ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာန မှ ပြုလုပ်သော ကာကွယ်ဆေးထိုးရန် အချိန်ဇယားဆွဲခြင်း၊ ကာကွယ်ဆေးများ၏ ကောင်းကျိုးကို ပညာပေးခြင်းတို့ လုပ်ဆောင်သော အစီအစဉ်တစ်ခု ဖြစ်သည်။

ထောက်ခံထားသော မဖြစ်မနေထိုးရသော ကာကွယ်ဆေး အမျိုးအစားတွေက ဘာတွေလဲ။

NIP သည် တီဘီရောဂါ၊ အသည်းရောင်အသားဝါ ဘီ၊ ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုး၊ ဝက်သက် နှင့် မွေးရာပါ ဂျိုက်သိုးရောဂါစသော ပြင်းထန်သော ကလေးရော ဂါများအတွက် ကာကွယ်ဆေးများကို အခမဲ့ထောက်ပံ့ပေးပါ သည်။ ၎င်းတို့သည် မဖြစ်မနေထိုးရသော ကာကွယ်ဆေးများ ဖြစ်သည်။ ထိုကာကွယ်ဆေးများကို ကလေးများတွင် အသက်အရွယ်အလိုက် ထိုးသည်။

ကျန်းမာရေးဝန်ကြီး ဌာန မှ မဖြစ်မနေထိုးရမည်ဟု သတ်မှတ်မထားသော အခြား ကာကွယ်ဆေးများသည်လည်း ကလေးငယ်များကို အသက် အန္တရာယ်စိုးရိမ်ရသော ရောဂါများမှ ကာကွယ်ပေးရာတွင် အစွမ်းထက်သည်။ ဥပမာ pneumococcus ဘတ်တီးရီးယား နှင့် rotavirus ကြောင့်ဖြစ်သော ရောဂါပိုးကူးစက်မှုများ အတွက် ကာကွယ်ဆေးများဖြစ်သည်။

သုတေသနအရ ကာကွယ်ဆေးများသည် ထိုသေစေနိုင်သော ရောဂါများကို ကာကွယ်ပေးရာတွင် ထိရောက်သည်ဟု ဆိုသည်။ အခြား ထောက်ခံထားသော ကာကွယ်ဆေးများမှာ အသည်းရောင် အသားဝါ အေ နှင့် ရေကျောက်ဖြစ်သည်။ ထိုကာကွယ်ဆေး များကို တစ်နိုင်ငံလုံးအနှံ့ ပုဂ္ဂလိကဆေးခန်းများတွင် ရနိုင် သည်။

ကာကွယ်ဆေးများ၏ ကောင်းကျိုးက ဘာတွေလဲ။

ယေဘုယျအားဖြင့် ကာကွယ်ဆေးများသည် ရောဂါကို ထိန်းချုပ်နိုင်သော သိပ္ပံနည်းကျ သက်သေပြထားသော နည်းလမ်းများဖြစ်ပြီး အချို့တွင် ရောဂါကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ ကာကွယ်ဆေးများသည် ကူးစက်ရောဂါကြောင့်ရသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုများကို နည်းပါးအောင် ဆောင်ရွက်ပေးနိုင်သည်။ စီးပွားရေးအရကြည့်ပါက ဤကာကွယ်မှုသည် ပိုက်ဆံကုန် သက်သာစေသည်။ ကာကွယ်ဆေးအများစုသည် အသက် အရွယ်မရွေး ကျားမ မရွေး လူတိုင်းကို ကာကွယ်ပေးနိုင် သည်။

ကာကွယ်ဆေး၏ ဘေးကင်းသည်ဟု စိတ်ချရနိုင်သလား။

အချို့ ကာကွယ်ဆေး အမျိုးအစားများတွင် အလူမီနီယမ် နှင့် formaldehyde ပါဝင်သော်လည်း ကာကွယ်ပေးမည့် ရောဂါလောက် အန္တရာယ် မဖြစ်စေပါ။ ယေဘုယျအားဖြင့် ကာကွယ်ဆေးများကို ရောင်းဝယ်ဖောက်ကားခြင်း အတွက် ခွင့်မပြုမီ US Food and Drug Administration (FDA) မှ စစ်ဆေးပါသည်။

ကာကွယ်ဆေးများကို လိုင်စင်ထုတ်မပေးမီ စစ်ဆေးခြင်း သည် နှစ်များစွာကြာပါသည်။ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုပြီးလျှင်ပင် ရောဂါထိန်းချုပ်မှု အမေရိကန်စင်တာ (CDC) နှင့် FDA မှ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုး တိုင်းကြားရေးစနစ် (VAERS) အကူအညီဖြင့် ဘေးထွက် ဆိုးကျိုးများကို စောင့်ကြည့်ပြီး ကြီးကြပ်ပါသည်။ ဆိုးကျိုးများ ဖြစ်လာပါက အစိုးရမှ ရှာဖွေစစ်ဆေးမှုပြုလုပ်ပြီး ပြဿနာ၏ ပြင်းထန်မှု စောင့်ကြည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးအကြောင်း လူတိုင်းကို အသိပေးခြင်း၊ ထုတ်လုပ်မှုကို ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်ပါသည်။

ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

ကာကွယ်ဆေးများသည် နာကျင်ခြင်း၊ နီရဲခြင်း၊ အနည်း ငယ်ရောင်ရမ်းခြင်း (ကလေးများတွင်) စသော ဘေးထွက် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ အဖျား အနည်းငယ် တက်ခြင်းလည်း တွေ့ရတတ်သည်။ ဓါတ်မတည့်ခြင်း၊ အကြားအာရုံ ဆုံးရှုံးခြင်း စသော ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများ ဖြစ်နိုင်သော်လည်း အလွန်ရှားပါသည်။

ကာကွယ်ဆေးများသည် အထီးကျန်စိတ်ဝေဒနာကို ဖြစ်စေသည်ဟူသော ကောလဟာလများသည် ယုံတမ်း စကားသာဖြစ်ပါသည်။ တကယ်တော့ ၁၉၉၈ ခုနှစ်က လေ့လာမှု တစ်ခုသည် မှားယွင်းပြီး ကာကွယ်ဆေးများ ကြောင့် အထီးကျန်စိတ်ဝေဒနာဖြစ်သည်ဟု ပြောကြား ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း အခြား သိပ္ပံပညာ ရှင်များစွာသည် MMR ကာကွယ်ဆေးနှင့် thimerosal ( အထီးကျန်စိတ်ဝေဒနာကို ဖြစ်စေနိုင်သော) ကြားရှိ ဆက်နွယ်မှုကို လေ့လာမှုများစွာပြုလုပ်ခဲ့သည်။ ဆက်နွယ်မှု မရှိပါဟူသော ရလဒ်ကိုသာ ရရှိခဲ့ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ: