backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးရပါတယ်။ ဖေဖေတွေကလည်း မေမေတို့ လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့ မေမေတွေအတွက်တင်မဟုတ်ဘဲ ဖေဖေတွေပါ သိထားသင့်တဲ့ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ အကြောင်းပါ။

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့လိုပါမယ်။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့

ကလေးမွေးစ

၂ လအရွယ်

  • ပြင်းထန်တီဘီ ကာကွယ်ဆေး (မွေးစမှာ မထိုးရသေးရင် ထိုးနိုင်ပါတယ်။)
  • ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ပထမအကြိမ်
  • ပိုလီယိုကာကွယ်ဆေး အစက်ချ ပထမအကြိမ်
  • ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PVC) ပထမအကြိမ်
  • ဝမ်းလျှောရောဂါကာကွယ်ဆေး (Rota Virus) ပထမအကြိမ်
  • ၄ လအရွယ်

    • ၅ မျိုးစပ် ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေး ကာကွယ်ဆေး) ဒုတိယအကြိမ်
    • ပိုလီယိုကာကွယ်ဆေး အစက်ချ ဒုတိယအကြိမ်
    • ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PVC) ဒုတိယအကြိမ်
    • ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Rota Virus) ဒုတိယအကြိမ်
    • ပိုလီယို ထိုးဆေး

    ၆ လအရွယ်

    • ၅ မျိုးစပ် ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေး ကာကွယ်ဆေး) တတိယအကြိမ်
    • ပိုလီယို ကာကွယ်ဆေး တတိယအကြိမ်
    • ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PVC) တတိယအကြိမ်
    • တုပ်ကွေး ကာကွယ်ဆေး ပထမအကြိမ်

    ၇ လအရွယ်

    • တုပ်ကွေး ကာကွယ်ဆေး ဒုတိယအကြိမ် (ရှေ့နှစ်တွေက ၂ကြိမ်ထိုးထားရင် နောက်နှစ်တွေမှာ တစ်ကြိမ်ပဲ ထိုးလို့ရပါတယ်။)

    ၉ လအရွယ်

    ၁ နှစ်အရွယ်

    ၁ နှစ် ကနေ ၁ နှစ်ခွဲ

    • အသည်းရောင်အသားဝါအေကာကွယ်ဆေး ပထမအကြိမ်
    • ဝက်သက်၊ ပသိရောင်၊ ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး (MMR) ဒုတိယအကြိမ်
    • ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) စတုတ္ထအကြိမ်

    ၂ နှစ် ကနေ ၂ နှစ်ခွဲ

    • အသည်းရောင် အသားဝါအေ ကာကွယ်ဆေး ဒုတိယအကြိမ်

    ၅ နှစ် အရွယ်

    • အသည်းရောင် အသားဝါ ဘီကာကွယ်ဆေး (Booster)
    • ရေကျောက် ကာကွယ်ဆေး (Booster)

    ၉ နှစ် အရွယ်

    • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး  ပထမအကြိမ် (အစိုးရဆေးရုံတွေမှာ လက်ရှိမှာတော့ မိန်းကလေးများကိုသာ ထိုးပေးပါတယ်။)

    ၁၀ နှစ် အရွယ်

    • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ်

    ဒီကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားမှာ သေချာဂရုတစိုက်လေး ထိုးပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်လိုက်ပါ။ ဒါမှ ကလေးက ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement