ကလေးအာဟာရမှာ မိခင်နို့နဲ့ အာဟာရနို့မှုန့်တွေကိုပဲ အားကိုးနေရပေမယ့် အရည်တွေချည်းမဟုတ်ဘဲ အစာအမာလေးတွေ စကျွေးချင်ပြီဆို စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ကိုယ်ကကျွေးချင်ပေမယ့်၊ ကလေးကလည်း စားချင်နေပြီဆိုပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်ပြီလားဆိုတာ အရင်ကြည့်ရပါမယ်။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်လို့ အကြံပြုထားပေမယ့် အသက်လေးလနဲ့ ခြောက်လကြားမှာတည်းက အစာစားဖို့ အသင့်ဖြစ်နေတဲ့ကလေးတွေရှိပါတယ်။