သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ထမင်းပန်းကန်ကို တွန်းဖယ်နေတာမြင်လိုက်တာနဲ့ မရဘူး၊ စားရမယ်ဆိုတာမျိုး ကလေးကို ဖိအားပေးဖူးလား။ နည်းနည်းလေး ထပ်စားပါဦး၊ တစ်ဇွန်းပဲထပ်စားနော် ကစားကွင်းလိုက်ပို့မယ်ဆိုတာမျိုးရော မက်လုံးပေးပြီးဆွဲဆောင်ဖူးလား။ ဒါမှမဟုတ် –

  • ဒီပန်းကန်ကုန်အောင်စားရမယ်၊
  • တော်ချင်ပြီဆိုရင် နှစ်လုတ်တော့ထပ်စားဦး၊
  • စားနော် မစားရင် ဒီမှာတွေ့လား တုတ်။
  • ဒါမကုန်ရင် မကစားရဘူး ဆိုတာမျိုးတွေ။

ကလေးရှိတဲ့အိမ်တွေမှာ ကြားရတာများတဲ့စကားသံတွေဆိုပေမယ့် အကျိုးဆက်က အမှန်တကယ်ရော ကလေးတွေအစားပိုစားလာပြီး ပိုကျန်းမာသွားသလား။

ကလေးကို အတင်းအကျပ်စားခိုင်းခြင်းရဲ့ အကျိုးဆက်

ကလေးကို အစားစားစေချင်လို့၊ အားဖြစ်စေချင်လို့ အတင်းအကျပ်ကျွေးတာကကောင်းဖို့ရည်ရွယ်တာဖြစ်ပေမယ့် တကယ်တမ်းကျ မလုပ်သင့်ပါဘူး။လေ့လာမှုတွေအရ ဒီလိုနည်းမျိုးစုံနဲ့ တွန်းအားပေး အစားစားခိုင်းတဲ့မိဘတွေရဲ့ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ စားသောက်ပုံမူမမှန်တာတွေဖြစ်လာနိုင်ပြီး တခြားဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ် –

  • စားသောက်တဲ့ကိစ္စမှာ ထိန်းချုပ်ဖိအားပေးခံရတဲ့အခါ ကလေးက ထမင်းစားချိန်တိုင်း စိတ်မကြည်တော့ဘူး၊ငိုမယ်၊ အတင်းအကျပ်ကျွေးမှ စားတော့တယ်။
  • မိဘနဲ့ကလေးကြားမှာ အားပြိုင်တာတွေဖြစ်လာနိုင်ပြီး တခြားကိစ္စတွေမှာတောင် ကလေးရဲ့တုံ့ပြန်လက်ခံနိုင်စွမ်းက မကောင်းတော့ပါဘူး။
  • ကြီးလာတဲ့အခါ ကိုယ့်ဘာသာစီစဉ်ဆုံးဖြတ်နိုင်စွမ်းနည်းလာမယ်။
  • သူတို့ရဲ့ အစာစားချင်စိတ်ကိုနှောင့်ယှက်လိုက်သလိုဖြစ်စေပြီး ကြိုက်နှစ်သက်တဲ့စားစရာ၊ မကြိုက်နှစ်သက်တဲ့စားစရာ ခွဲခြားရွေးချယ်မှုသိပ်မရှိတော့ပါဘူး။
  • အတင်းအကျပ်စားခိုင်းတဲ့အခါ သူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရပမာဏကို ကွက်တိမရနိုင်တော့ပါဘူး။
  • မဆာလည်း စားရ၊ ဗိုက်ပြည့်လည်း ရပ်မရတဲ့အခါ အစာခြေစနစ်မှာလည်းပြဿနာရှိလာနိုင်ပါတယ်။
  • ဒီလိုစားရတဲ့ ထမင်းစားချိန်ကို ပတ်ရှောင်ပြေးဖို့ပဲ စဉ်းစားတော့မှာဖြစ်သလို ထမင်းစားချိန်ကို မုန်းလာတာတွေဖြစ်လာနိုင်တယ်။
  • ငိုယိုပြီး ထမင်းစားရတယ်၊ မဆာဘဲ စားရတယ် ဆိုတဲ့အခါ ဒေါသစိတ်နဲ့ မဝါးဘဲမျိုချမိတာ၊ ကြောက်ပြီး အမြန်စားမိတာတွေကြောင့် ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
  • ကလေးတွေမှာ အဝလွန်တာတွေဖြစ်လာနိုင်တယ်။
  • အစားအစာတွေရဲ့အာဟာရတန်ဖိုးကို နားလည်အောင်မပြောပြဘဲနဲ့ ကလေးတွေက အစားအစာမှန်ကန်စွာရွေးချယ်လာနိုင်မှာ မဟုတ်ဘူး။
  • နောက်တစ်ချက်က အတင်းအကျပ်အစားစားခိုင်းတဲ့အခါ ကလေးကို အစာနင်စေ၊ သီးစေနိုင်တယ်၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုဖြစ်လာစေနိုင်တယ်။ ထမင်းမစားရင်ရိုက်မယ်လို့ခြိမ်းခြောက်၊ ရိုက်တဲ့မိဘတွေမှာ ကလေးကကြောက်ပြီး အတင်းစားလိုက်တဲ့အခါ တစ်ဆို့ပြီး ရုတ်တရက်အသက်ဆုံးရှုံးရတဲ့အခါ အမေတွေရင်ကျိုးရတာမျိုးဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ကလေးကို အစားစားအောင် နည်းလမ်းရှာပြီးပြင်ဆင်ပါ၊ချော့မော့ကျွေးပါ၊ နားလည်အောင် ရှင်းပြပါ၊ အာဟာရဖြစ်မယ့်အစာတွေ ကို ကလေးစားချင်လာအောင် မိတ်ဆက်ပေးပါ။ ကလေးတွေကို အစားအသောက်ကျွေးတဲ့ကိစ္စမှာဆုပေးဒဏ်ပေးစနစ်ကို မကျင့်သုံးဖို့ အာဟာရပညာရှင်တွေက အကြံပြုထားတာကို မမေ့ပါနဲ့။ ကိုယ့်ကလေးကို မှန်ကန်တဲ့ အာဟာရတွေပေးနိုင်ဖို့နဲ့ ကလေးရဲ့ဘဝ ကောင်းကျိုး၊ဆိုးကျိုးဟာ ဖေဖေမေမေတို့ လက်ထဲမှာပါလို့။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။