နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အစားအစာတွေကို ရက်ရှည်လများ ကြာရှည်ခံ၊ အထားခံအောင် ဓါတုဗေဒနည်းပညာတွေ အသုံးပြုတာတွေ အရင်ကထက် ပိုများလာပါတယ်။ တာရှည်ခံအစားအစာတွေမှာ ပုံမှန် အစားအစာတွေထက် ဆီ၊ ဆား၊ သကြား ပါဝင်မှုပိုများလာတဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်စေပါဘူး။ ဒါပေမယ့်လည်း ဒီလို ကြာရှည်ခံအောင် စီမံထားတဲ့ အစားအစာတွေကို ကလေးတွေက ပိုပြီး သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။