backup og meta

နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ ကိုယ့်အသဲတုန်း ကလေးတွေ နေမကောင်းဖြစ်ရင် ရတက်မအေးဖြစ်ပြီး စိတ်ပူရတာ မိဘတိုင်းပါ။ ကိုယ့်သားသမီးကိုယ့်ရင်သွေးလေး ဝေဒနာခံစားနေရတာကို ဘယ်မိဘမှ ကြည့်မနေနိုင်ရက်သလို သူတို့လေးတွေဖျားနာနေမကောင်းဖြစ်တဲ့အခါ ပြုစုရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ မိဘတွေအသိဆုံးပါ။ နုနယ်တဲ့ကလေးတွေ ဆိုတော့ လူကြီးတွေလောက်ခံနိုင်ရည် မရှိဘဲ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တယ် စိုးရိမ်ရတာလည်း ပါတာပေါ့။ ဖျားတယ်နာတယ်ဆိုတာကလည်း ဝင်လာတော့မယ်ဆိုပြီး အသိပေးတတ်တဲ့ အရာမဟုတ်ဘူးလေ။ ကိုယ်လက်ကိုက်ခဲ အပူတွေတက်၊ နေထိုင်ရတာ မသက်သာတော့မှ ဖျားနေပြီ နေမကောင်းဖြစ်နေပြီဆိုတာသိရတာမလား။ ကလေးဖျားပြီဆိုလို့ကတော့ ဖေဖေမေမေတို့ ပင်ပန်းဖို့သာပြင်ထားကြပေတော့ပေါ့။ ဒီဆောင်းပါးလေးမှာတော့ နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက် မြန်မြန် ပြန်ပြီး နေကောင်းလာအောင် မိဘတွေဘက်က ဘယ်လိုဂရုစိုက်ပေးရမလဲ ။ ။

ကလေးတစ်ယောက်ဖျားပြီဆို လူကြီးတွေနဲ့ မတူပါဘူး။ သူတို့က ငယ်သေးတော့ ခံနိုင်ရည်အား မရှိသေးတဲ့အပြင် ကလေးအတွက် သင့်တော်တဲ့ ဆေးပမာဏကို ချိန်ဆတိုက်ဖို့အရေးကြီးသေးတာကြောင့် ဆေးတိုင်းကို တွေ့ကရာလျှောက်သောက်လို့မရပါဘူး။ အရေးကြီးတာက မိဘတွေရဲ့ ပြုစုစောင့်ရှောက်ပေးတဲ့ ကဏ္ဍပါ။ ဒီတော့ နေမကောင်းတဲ့ ကလေးတစ်ယောက်မြန်မြန်ပြန်ကျန်းမာလာအောင် မိဘတွေ ဘက်က ဘယ်လိုသေသေချာချာပြုစုပေးကြမလဲ။

၁ – အာဟာရသည်သာ အရေးအကြီးဆုံးပါ။

ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေကို အဓိက ဦးစားပေးပါ – ပရိုတင်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ခုခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ခုခံအားနည်းနေတဲ့ နေမကောင်းဖြစ်နေချိန်တွေဆို ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေဟာ ခုခံအားရဲ့ မဟာမိတ်တပ်တွေပဲလေ။ ဒီတော့ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသားငါး၊ နို့တွေ ၊ ဥတွေ ကို များများစားပေးဖို့လိုတာပေါ့။ အသားတွေစားပေးရမယ်ဆိုတော့ ဘယ်အသားကရတဲ့ ပရိုတင်းက အကောင်းဆုံးလဲ။ ဝက်သားဆို အဆီများပြီးကျန်းမာရေးနဲ့ မညီညွတ်တဲ့ပြင် အမဲသားကျတော့လည်း လူတိုင်း မစားဘူးလေ။ ပြီးတော့ကလေးတွေက ငါးဆို မကြိုက်ကျတော့ လူတိုင်းလည်းစား၊ အာဟာရလည်း ပြည့်၊ လူတိုင်းနဲ့လည်းတည့်တဲ့ ကြက်သားကသာ အဓိကပေါ့။

ကြက်သားက ဘာကြောင့် ကောင်းရတာလဲ – အဆီမပါတဲ့ အသားဖြစ်တဲ့အပြင် ပရိုတင်း( အသားဓါတ်) တွေလည်း အများကြီးပါတာကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဥတွေဆိုရင်တောင် ဓါတ်မတည့်တဲ့ကလေးတွေရှိနိုင်ပြီး အရိုးများတဲ့ ငါးကျတော့ ကလေးအရိုးစူးနိုင်တာကြောင့် နေမကောင်းဖြစ်တဲ့ကလေးတွေ အတွက် ကြက်သားကရတဲ့ ပရိုတင်းကသာ အကောင်းဆုံးပါ။ ဒီတော့ ကလေးနေမကောင်းဖြစ်ရင် ကြက်ပြုတ်ရည်လေးပဲဖြစ်ဖြစ်၊ ကြက်သားဆန်ပြုတ်လေးပဲဖြစ်ဖြစ်တိုက်ပါ။ ဒါမှမဟုတ်ရင် အလုပ်ရှုပ်လည်းသက်သာ အရည်အသွေးပြည့်ဝတဲ့ပရိုတင်းဓါတ်ကိုလည်း အပြည့်အဝရရှိနိုင်တဲ့ BRANDS’ ကြက်သားမှုန့်ကို တိုက်ကျွေးလို့ရပါတယ်။ ကလေးကိုကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းစေဖို့အထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် ၁၈ မျိုးပါဝင်ပြီး လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ အရည်အသွေးမြင့်အာဟာရတစ်မျိုးပေါ့။ ကြက်သားစစ်စစ်ကထုတ်ထားလို့ ကြက်သားမှာပါတဲ့ အာဟာရတွေ အကုန်ရနိုင်တဲ့အပြင် နို့မှုန့်တို့၊ ကွေကာအုပ်တို့လို ဖျော်သောက်လိုက်ရုံပဲဆိုတော့ ကလေးလည်း အပြောင်းအလဲလေးဖြစ်၊ မေမေတို့အတွက်လည်း အဆင်ပြေတာပေါ့။

ဒါ့အပြင် ခုခံအားအတွက် အားဖြည့်ပေးမယ့် အခြားဗီတာမင်တွေဖြစ်တဲ့

ဗီတာမင် C ( လိမ္မော်သီး သံပရာသီး)ညဗီတာမင် D ( နို့၊ ဆယ်လ်မွန်ငါး၊ တူနာငါး) နဲ့ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ( အမဲသား၊ ဂဏန်း၊ ပုစွန်ဆိတ်) ကျွေးဖို့လည်း မမေ့ပါနဲ့။

၂ – ရေဓါတ်ပြည့်ဝနေပါစေ။ ။

နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် ရေဓြါတ်ပည့်ဝနေဖို့က အရေးကြီးပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် ပိုပြီးနုန်းခွေသွားနိုင်တဲ့အပြင် ကျောက်ကပ်ဆီလည်း ရေတွေ ကောင်းကောင်းမရောက်နိုင်တော့ သောက်နေရတဲ့ဆေးတွေကို ကိုယ်ခန္ဓါကနေ စွန့်ထုတ်ဖို့လည်း ခက်သွားပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားနိုင်ရတာကြောင့် ကလေးတွေ နေမကောင်းဖြစ်ရင် အရည်များများတိုက်ဖို့ လိုအပ်ပါတယ်။ အရည်ဆိုတော့ ရေ၊ နို့်၊ အသီးဖျော်ရည် အကုန်ပါပါတယ်။ အဓိက ကလေး သောက်ဖြစ်ဖို့ပါ။

၃ – အိပ်ရေးဝဝ ပေးအိပ်ပါ။

ကလေးဆိုတာ နဂိုတည်းကမှ အိပ်ချိန်များများလိုအပ်တာ နေမကောင်းဖြစ်ရင် ပိုလို့တောင် လိုအပ်ပါသေးတယ်။ များများအိပ်မှ အားလည်းမြန်မြန်ပြည့် ခုခံအားလည်း ပြန်အားကောင်းမှာပါ။

၄ – ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။

နေမကောင်းဖြစ်နေလို့ ရေမချိုးပေးဘူးဆိုတာကိုတော့ လက်ခံလို့ရပါတယ်။ လုံးဝ ရေမထိရဘူးဆိုတာကတော့ မဟုတ်သေးပါဘူး။ နေမကောင်းဖြစ်လို့ ရေမချိုးရတဲ့ကလေးတွေကို ရေပတ်တိုက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးတော့ လုပ်ပေးသင့်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုတဲ့နေရာမှာ ခံတွင်းသန့်ရှင်းရေးကို ချန်ခဲ့လို့မရပါဘူး။ အစားအသောက်တွေ အားလုံးက ဒီခံတွင်းကိုပဲ ဖြတ်လာရတာဆိုတော့ သူသန့်ရှင်းနေမှလည်း ဖြစ်မှာပေါ့။

၅ – မိဘတွေတစ်ချိန်လုံး ဘေးမှာနေပေးပါ။

ကလေးဆိုတာ မိဘတွေကို အတွယ်တာဆုံး၊ အားအကိုးဆုံးမို့ ကိုယ့်ကလေးနေမကောင်းဖြစ်နေချိန်ဆို ကလေးအနားမှာပဲနေပြီး အားပေးပါ။ ကစားပေးပါ။ သူနဲ့ အတူတူအချိန်ဖြုန်းပေးပါ။ ဒီလို ဂရုစိုက်ပေးရင် နေမကောင်းဖြစ်နေတဲ့သင့်ကလေးရဲ့ ဝေဒနာ တစ်ဝက်ကျော်ကျော်လောက် သက်သာသွားပါလိမ့်မယ်။ ။

ဘယ်အချိန်မှာ ဘာကြောင့် ဘယ်လို နေမကောင်းဖြစ်သွားမယ်ဆိုတာ ကြိုတွက်လို့ မရတာကြောင့် နေမကောင်းဖြစ်နေတဲ့ အချိန်တွေကိုသာ မိဘတွေ သေချာဂရုစိုက်ပေးပါ။ ကလေးအမြန်ပြန်ကျန်းမာလာမယ်ဆိုတာ လုံးဝကို အာမခံပါတယ်။ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဖွံဖြိုးမှု၊ ကြီးထွားမှုအားလုံးက မိဘတွေ အပေါ်မှာပဲ မူတည်နေတာမဟုတ်လား ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement