မျိုချရအခက်အခဲဖြစ်စေနိုင်ပါတယ် – အသက် ၆ လမတိုင်ခင်မှာ ကလေးရဲ့
အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အစားအစာတွေကို မျိုချဖို့ အခက်အခဲကြုံရမှာ အသေအချာပါပဲ။
အစာသီးမယ်၊ နင်မယ် – အစာကိုမျိုချတတ်တဲ့လူကြီးတွေမှာတောင် အခန့်မသင့်ရင်
အစာနင်တာမျိုးဖြစ်စေနိုင်တယ်ဆိုရင် အစာခြေစနစ်မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေမှာ အစာနင်တာ၊သီးတာဖြစ်မယ်ဆိုတာကပြောနေစရာတောင်လိုမယ်မထင်ပါဘူးနော်။ အခန့်မသင့်ရင် အစာနင်တာကြောင့် အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ် – အာဟာရြဖစ်အောင်ကျွေးတာပဲ။ ထိခိုက်စရာမရှိလောက်ပါဘူး၊လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုမဟုတ်ပါဘူးနော်။ အစာခြေစနစ် မဖွံ့ဖြိုးသေးတဲ့ကလေးတစ်ယောက်ကို အစာတွေကျွေးတာက အစာခြေစနစ်ကိုထိခိုက်စေနိုင်သလို ဓါတ်မတည့်တာ၊ အရေပြားြပဿနာခံစားရတာ၊ အဝလွန်တာ၊ဆီးချိုလိုမျိုးနာတာရှည်ဝေဒနာတွေကိုခံစားရစေနိုင်ပါတယ်။ ဂလူတန်နဲ့ဓါတ်မတည့်မှုကြောင့် အူရောင်တာမျိုးလည်းခံစားရနိုင်ပါတယ်။
ဒါတွေအပြင်ကလေးကို ၄ လမတိုင်ခင်မှာ အစာကျွေးတာကြောင့် ကလေးကညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတာမျိုးလည်းမရှိပါဘူး။ အခုလောက်ဆိုရင်တော့ ကလေးတွေကို ဘာလို့ အရွယ်မရောက်ခင် အစားမကျွေးပါနဲ့၊လို့ပြောရလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်နော်။ ကလေးက အရွယ်ရောက်လာရင်လည်း စားရမှာဖြစ်လို့ ကလေးကို အစောကြီးစားစရာတွေကျွေးတာမျိုးမလုပ်ပါနဲ့။ ချစ်လို့လုပ်မိတဲ့စေတနာအမှားတွေကြာင့် ကလေးမထိခိုက်စေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ကလေးက အစားစကျွေးလို့ရပြီဆိုတဲ့အရွယ်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးကျွေးဖို့ အကြံပြုပါရစေ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။