ကလေးတစ်ယောက်ကို အရွယ်တော်တော်လေးရောက်မှ အစားအစာတွေကို စတင်ကျွေးမယ်ဆိုရင် ကလေးအနေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အဖိုးတန်ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုလက်လွတ်သွားနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေချိန်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေမပြည့်ဘူးဆိုတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေမှာအသေအချာပါ။ ခန္ဓါကိုယ်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေနှေးသွားမှာပါ။
ကလေးကို အစောဆုံးအနေနဲ့ ၄ လခွဲနောက်အကျဆုံးက ၆ လမှာကျွေးရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင်တော့ ကလေးရဲ့အာရုံခံနိုင်စွမ်းထိခိုက်စေနိုင်သလို စကားပြောဆိုနိုင်မှုစွမ်းရည်နဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ အစားစားဖို့နဲ့စကားပြောဖို့အတွက်လိုအပ်တဲ့ အာရုံခံစားမှုနဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကို အစောပိုင်းကာလအတွင်း အစားစားရင်းကနေရမယ့် ဝါးစားတာ၊မျိုချတာတွေကနေ အတွေ့အကြုံရယူရတာပါ။ ဒါကြောင့်ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင် ကလေးက ဒီသင်ယူခွင့်ကို ကန့်သတ်ခံလိုက်ရမှာဖြစ်ပါတယ်။
ကလေးက အသက် ၆ လလောက်ရောက်လာပြီဆိုရင် ထမင်း၊ ကန်ဇွန်းဥ၊မုန်လာဥနီ၊ရွှေဖရုံသီး၊ ပန်းဂေါ်ဖီစိမ်းတို့ကိုကြိတ်ခြေပြီး စစားလို့ရပါပြီ။ ဒါက သူတို့အတွက် အာဟာရပြည့်ဝတဲ့ solid food ပါ။ ဒီကနေမှ ၇ လလောက်အရွယ်ရလာတဲ့အခါ ကြက်သားလိုမျိုးအရာတွေကို စပြီးကျွေးလို့ရပါပြီ။ ဒါတွေအပြင် ကလေးကို မိခင်နို့တိုက်ဖို့လိုသလို အာဟာရဖြည့်ပေးနိုင်မယ့် နို့မှုန့်တိုက်ဖို့လည်းလိုပါလိမ့်မယ်။ ဒီလိုဖွံဖြိုးဖို့အတွက် အရေးပါတဲ့ ကာလတွေမှာ ကလေးကို အာဟာရပြည့်ဝအောင်မကျွေးမိတာက ဘယ်လောက်တောင် ထိခိုက်စေလိုက်မလဲ။ ကလေးရဲ့ အသက်က ၆ လပြည့်ပြီဆိုတာနဲ့ ကလေးက ပိုးပြီးလိုအပ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အာဟာရလိုအပ်ချက်အတွက်ဖြည့်တင်းပေးနိုင်ဖို့ အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို အသက် ၆ လ ဆိုတာနဲ့ တတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပြီး အစားစကျွေးဖို့ပြင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။