ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေး တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

မိုးအကုန် ဆောင်းအကူး ကာလတွေမှာဆိုရင် ကလေး အများစု ဝမ်းပျက်တတ်ကြတယ်နော်။ ဝမ်းဝါဝါ အရည်ကျဲကျဲတွေ အများကြီး သွားနေတတ်တာမျိုးပေါ့။ ဒီလို အခါမျိုးမှာ ကိုယ့်ကလေးကို အဓိက သတိထားကြည့်ရမယ့် အချက် (၁၀) ချက်ရှိပါတယ်။ တစ်နေ့ကို ဘယ်နှခါသွားလဲ တစ်ခါသွားရင် ဘယ်လောက်များလဲ ဝမ်း အရောင်က ဘယ်လိုနေလဲ ဝမ်းအပြင် ဘာတွေပါလဲ လန်းလန်းဆန်းဆန်း ရှိရဲ့လား ကလေးက နို့/အစာ ဝင်ရဲ့လား မျက်တွင်းကျတာ... မျက်နှာချောင်တာ...နှုတ်ခမ်းအသားတွေခြောက်တာ စတဲ့ ရေဓာတ်ခမ်းနေတဲ့ လက္ခဏာတွေရှိနေပြီလား ဝမ်းမသွားခင် ထိုးအန်သေးလား ကိုယ်ပူသေးလား ဒီအချက်တွေကို သိထားမှ ဆရာဝန်က မေးတဲ့အခါ အလွယ်တကူဖြေနိုင်မှာဖြစ်ပြီး ရောဂါအမျိုးအစား သတ်မှတ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူပေးနိုင်တော့ ရောဂါ မြန်မြန် သက်သာတာပေါ့။ ခုလိုရာသီမှာတော့ Rota virus လို့ခေါ်တဲ့ တုပ်ကွေးပိုးတစ်မျိုးကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ

ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင် မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။ ကလေးတစ်ယောက်အာဟာရပြည့်ဝစေဖို့လိုအပ်မယ့်အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲ.......... ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် ဗီတာမင် C ဗီတာမင် D ဖောလိတ် အမျှင်ဓာတ် ကယ်လ်ဆီယမ် Omega-3 fatty acid အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) သံဓာတ် တို့ပြည့်စုံစွာပါဝင်နေဖို့လိုပါမယ်။ စားချင်စဖွယ် ပြင်ဆင်ကွယ် ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင် အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့ ထမင်းကို အရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ - အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေပေးတဲ့ သဘာဝခြုံလွှာ

ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။ မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။ အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ အပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့် အရေပြားပြဿနာတွေ အလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။ ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။ ၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ

ဘေဘီလေး တစ်ယောက် မွေးဖွားလာရင် သေးသေးကွေးကွေးလေးတွေကို ဘယ်လောက်ပဲ အသည်းယားတယ်ပြောပြော ကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားထားတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမှုကို ကိုယ်တိုင်ပဲလုပ်မိဖို့ကများပါတယ်။ ဖွားဖွားတွေရှိတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ကဘေးကနေ အမြဲလိုကူညီပေးနေရမှာ အသေအချာပါ။ ဒီလိုလုပ်ဆောင်ပေးရတဲ့အထဲမှာ ဘေဘီပိစိလေးရဲ့ ချက်ကြိုးနဲ့ ချက် ကို သန့်ရှင်းပေးရတာကလည်း မပါမဖြစ်ပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် အသုံးတည့်စေမယ့် ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။ ချက်ကြိုးနဲ့ ချက်ကို နေ့တိုင်းသန့်စင်ဖို့လိုမလား................. အရင်တုန်းကတော့ ကျွမ်းကျင်သူတွေက ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ချက်ကြိုးနဲ့ ချက်နေရာကို ဂွမ်းစလေးမှာ အရက်ပြန်ဆွတ်ပြီး သန့်စင်ပေးပါ။ပြီးရင် ခြောက်သွေ့အောင်သုတ်ပါလို့ပြောခဲ့ဖူးကြပါတယ်။ တကယ်တော့သေးခံလဲတိုင်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သန့်စင်ပေးရင်ကို လုံလောက်ပါပြီ။ ဘေဘီလေးရဲ့သေး ဒါမှမဟုတ်ရေစိုသွားတဲ့အခါမှာတော့ ချက်ကြိုးကိုသေချာလေး သုတ်ပေးဖို့လိုပါမယ်။ ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်မလဲ.......... ဘေဘီလေးရဲ့ ချက်ကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ဖို့လိုပါမယ်။ လိုအပ်တာတွေကိုပြင်ဆင်ပါ ဘေဘီလေးကို ချက်မသန့်စင်ပေးခင်မှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကြောက်စရာဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သကြား

သကြားလုံးစားမယ်......ဂျယ်လီစားမယ်ဆိုပြီး ငိုနေတိုင်း ကလေးငြိမ်ရင်ပြီးရောဆိုပြီး ကျွေးလိုက်ဖို့များစဉ်းစားနေလား။ ဒါက ကောင်းမွန်မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ လတ်တလောအဆင်ပြေသွားနိုင်ပေမယ့် ရေရှည်မှာ ကလေးမှာရော အုပ်ထိန်းသူမိဘတွေမှာပါ ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ကလေးဆိုတာကတော့ အချိုကြိုက်မှာပါပဲ။ မေမေ့ဗိုက်ထဲက ထွက်လာကတည်းက မေမေ့နို့ချိုချိုကိုသောက်ပြီး အာဟာရဖြည့်တင်းခဲ့တဲ့ ကလေးတစ်ယောက်အဖို့ ပထမဆုံးသူခံစားမိတဲ့ အချိုအရသာကိုကြိုက်တာ အဆန်းတကြယ်တော့မဟုတ်ဘူးပေါ့။ ပထမဆုံးသူခံစားမိခဲ့တဲ့ မေမေ့နို့ချိုက သဘာဝအချိုတစ်ခုဖြစ်ပြီး ကလေးကအရွယ်ရောက်လာတ့အခါ သူ့စိတ်ကြိုက်စားမိတာတွေက ပြုပြင်ထားတဲ့အချိုတွေဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ကျန်းမာရေးကိုထိခိုက်လာနိုင်စေတယ်ဆိုတဲ့စကားက ပြောတော့သာဘာမှမဟုတ်တယ် ဒီနောက်ဆက်တွဲကို နဖူးတွေ့ဒူးတွေ့ခံစားရတဲ့အခါ တော်တော်လေးတော့ မလွယ်ကူလှပါဘူး။ သကြားစားတိုင်းကောင်းရဲ့လား........ အချိုဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တာမှန်ပေမယ့် အများကြီးစားမိရင်မကောင်းတာအမှန်ပါ။ နောက်တစ်ခုက သကြားက စွဲလမ်းစေတတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်လည်းပါပါတယ်။ အချိုစားတဲ့အခါ စားပြီးရင်းစားချင်လို့ အတောမသတ်တော့တာသာကြည့်တော့လေ။ အချိုရည်သောက်တာ၊ သကြားလုံး၊ဂျယ်လီ၊ ကွတ်ကီး၊ Malted Drink တွေကနေစလို့ အခွံလှလှလေးတွေနဲ့ ထုပ်ပိုးထားတဲ့ ကလေးကြိုက်မုန့်တော်တော်များများက အချိုပါဝင်မှုမနည်းကြပါဘူး။ ဒီစားစရာတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။ ကိုယ်ခံအားဆိုတာ ဘာလဲ...... ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ.... ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။ ကလေး နဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

မုန့်ဈေးတန်းမှာ ကလေးထင်ရာတွေမစားစေဖို့ မေမေတို့ ဘာတွေပြင်ဆင်ပေးမလဲ

ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မွေးစကနေစလို့ ဘွဲ့ရတဲ့အထိ မေမေအတွက်တော့ ကိုးလလွယ် ဆယ်လဖွားထားရတဲ့ ကလေးက အရွယ်ကိုရောက်မလာဘူးနော်။ မေမေတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကြီးပြင်းလာတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့နိုင်မှုရလဒ်ကို မှတ်ကျောက်တင်ပေးနိုင်တာက ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာခြင်းပါ။ ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းလာစေဖို့ မေမေတို့ ကျော်ဖြတ်ခဲ့ရတဲ့ အခိုက်အတန့် ကိုးလလွယ် ဆယ်လဖွားရတဲ့ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ မေမေ့အနေနဲ့ အခုလိုအဆင့်လေးတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တာပါ။ မွေးစကနေ မူကြိုတက်ချိန် မူကြိုတက်ချိန် ကနေ မူလတန်းစတက်ချိန် မူလတန်း ကနေ အလယ်တန်းရောက်ချိန် အလယ်တန်း ကနေ အထက်တန်း အထက်တန်း ကနေ ဘွဲ့ရချိန်အထိပါ။ အလုပ်ခွင်ဝင်ချိန်မှာတော့ ဘေးကနေ ဖေးမပေးရုံလောက်ပဲလုပ်ပေးရတော့တာပေါ့။ မွေးစကနေ မူကြိုမတက်ခင်အထိကတော့ မနက်ကနေ ညအထိ ရင်အုပ်မကွာစောင့်ရှောက်ပေးရင်း အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်ပြင်ဆင်ပြီးကျွေးမွေးပျိုးထောင်ပေးနေချိန်ပေါ့။ ကလေးမတည့်တာတွေစားမိမှာကို သိပ်စိုးရိမ်စရာမလိုသလို ထိခိုက်မှုတစ်ခုခုမဖြစ်အောင်လည်း မေမေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ပိုအရေးကြီးတဲ့အရာ

ကလေးကို အကောင်းဆုံးသောအရာတွေပေးစွမ်းနိုင်တဲ့အချိန်နဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ပေးလိုက်လို့ သူတို့လေးတွေပျော်သွားတဲ့အချိန်က မေမေတိုင်းအတွက်  ပီတိအဖြစ်ရဆုံးပါ။ ဒီအခိုက်အတန့်လေးကို ကျေနပ်တာတစ်ခုတည်းနဲ့ သားသားမီးမီးတို့အကြိုက်ဖြစ်ရင်ပြီးရောဆိုပြီး မုန့်တွေဝယ်တဲ့အခါ သူတို့သဘောတွေ့စေမယ့် အပြင်အဆင်လှလှပပ အရောင်အသွေးလှလှပပလေးဖြစ်ရင်ရောဆိုပြီး မဝယ်လိုက်ပါနဲ့။ ကလေးကျန်းမာရေးအတွက်သင့်တော်ရဲ့လားဆိုတာကိုပါ စဉ်းစားပေးပါ။ ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ဂရုစိုက်သင့်တဲ့အချက်က ဘာများလဲ.......... ကလေးအတွက်မုန့်ဝယ်တဲ့အခါ သူတို့ကြိုက်တဲ့အရသာဖြစ်မယ်။ သူတို့ကြိုက်မယ့် အသွင်အပြင်ထုတ်ပိုးမှုလှလှလေးဖြစ်ရုံနဲ့ မပြီးပါဘူး။ ကလေးကို တကယ်ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင် သူတို့ကို ကျန်းမာအာဟာရပြည့်စေဖို့ပါ ဂရုစိုက်ဖို့လိုပါမယ်။ ကလေးအများစုကတော့ မုန့်စားတဲ့အခါ အရသာချိုချိုလေး ဖြစ်နေတာကို သဘောကျကြတာများပါတယ်။ အသွင်အပြင်ဆိုရင်လည်း ချစ်ဖို့ကောင်းနေတာမျိုး ဒါမှမဟုတ် တောက်တောက်ပပနဲ့ စွဲဆောင်မှုရှိနေတာမျိုးကို အရမ်းသဘောကျတတ်ကြပါတယ်။ အချို့သော စားစရာတွေက အသွင်အပြင်လှပအောင်လုပ်ထားတတ်ပေမယ့် အရသာပြည့်စုံမှုအားနည်းတတ်ာကပါတယ်။ ဒိလိုမျမဟုတ်ရင်လည်း ကလေးတွေအရမ်းကြိုက်အောင် အချိုတွေ အငန်တွေကဲထားတတ်ကြပါတယ်။ ဒီလိုအစားအစာတွေက ကလေးကိုရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီအစားအစာတွေက အာဟာရပါဝင်မှုနည်းနေတယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အာဟာရပါဝင်မှုထက် စားကောင်းစေဖို့နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ဝေဒနာအဖြစ်ပြောင်းလဲသွားတဲ့ မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ

လောကကြီးမှာ အချစ်နိုင်ဆုံးသူတွေက မိဘတွေပါနော်။ အခြားသူကိုမကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်နော်။ ခုချိန်ထိ ကိုယ့်အကြိုက်တွေကိုသိပြီး ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အလိုက်တသိကိုယ့်ကိုလုပ်ပေးနေတာက မေမေ၊ ကြိုက်တတ်တာလေးတွေကို ဝယ်လာပေးတတ်တာက ဖေဖေဟုတ်။ ပြောချင်တာက သားသမီးတွေအပေါ်မှာ မေတ္တာတရားအကြီးမားဆုံးက မိဘတွေဆိုတာပါ။ ငယ်စဉ်ကတည်းကစလို့ သားသမီးတွေကို လုပ်ပေးခဲ့သမျှတိုင်းဟာ မေတ္တာတရားအပြည့်နဲ့ပါ။ တကယ်လို့ ကလေးမှာ ထိခိုက်ခဲ့မယ်ဆိုရင်တောင် ဒါက စေတနာအမှားတွေလို့သာပြောပါရစေ။ ဝေဒနာအဖြစ်ပြောင်းသွားတဲ့ မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာ မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီလိုချစ်တဲ့စိတ်ကြောင့်ပဲ သားသမီးတွေလိုသမျှကို ဘာမဆိုဖြည့်ဆည်းပေးမိကြတယ်လေ။ လိုချင်သမျှကိုဝယ်ပေးတယ်၊ စားချင်သမျှကိုဝယ်ကျွေးတယ်ဆိုတာမျိုးပေါ့။ ဒီလိုဝယ်ကျွေးလိုက်တဲ့အခါ ကလေးက ပျော်သွားရင် ရင်ထဲမှာ အတိုင်းမသိပီတိဖြစ်မိတယ်ဟုတ်။ ဒီပီတိက အဓွန့်ရှည်ဖို့ဆိုရင် ကလေးကို မုန့်ဝယ်ကျွေးတဲ့အခါ ကလေးနဲ့တည့်တာဖြစ်ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်းဈေးကွက်ထဲမှာ ကလေးတွေကြိုက်အောင်လုပ်ထားတဲ့ အချိုကဲကဲ၊ အငန်ကဲကဲနဲ့ အရောင်အသွေးလှလှပပမုန့်တွေက ကလေးတွေကို လိုအပ်တဲ့အာဟာရတွေမရစေဘဲ အချိုများတာကြောင့် […]


ကလေးငယ်အာဟာရ

လက်ဦးဆရာ ပီသပါစေ

ကလေးတစ်ယောက်ရဲ့ လက်ဦးဆရာတွေကဘယ်သူများလဲ.... လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့စကားအတိုင်း ကလေးတစ်ယောက်အတွက် လက်ဦးဆရာတွေက မိဘနှစ်ပါးပါ။ လက်ဦးဆရာဆိုတာက အမည်နာမနဲ့ညီအောင် လက်ဦးဆရာပီသဖို့လည်း လိုပါမယ်။ ဒီလိုလက်ဦးဆရာပီသအောင်လုပ်ဆောင်တဲ့နေရာမှာ ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ လိုသလို သူတို့လေးတွေရဲ့ ပြင်းပြနေတဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အကောင်းဆုံးပျိုးထောင်ပေးတတ်ဖို့လည်း လိုပါမယ်။ လက်ဦးဆရာ ပီသစေဖို့ ကလေးတစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွားရုံနဲ့ တာဝန်ကျေတာမဟုတ်ပါဘူး။ အကောင်းဆုံးကြီးပြင်းအရွယ်ရောက်လာအောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းစေဖို့က အာဟာရပြည့်ဝစေဖို့လိုသလို ကောင်းမွန်တဲ့အလေ့အကျင့်အနေအထိုင်တွေဖြစ်ပေါ်လာအောင် အကောင်းဆုံးပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးဆိုတာမျိုးက ဖယောင်းလေးတွေလိုပါပဲ လိုသလိုပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာကတည်းက အကောင်းဆုံးပျိုးထောင်ပေးမှ အရွယ်ရောက်လာတဲ့အခါ ထူးချွန်ပြီးအရည်အသွေးပြည့်ဝသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းလာစေဖို့က ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင်ကျွေးမယ် ကလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော ဉာဏ်ရည်ဉာဏ်သွေးပါထူးချွန်ထက်မြက်သူအနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက ပရိုတင်း - ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း