ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ

ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင် မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။ ကလေးတစ်ယောက်အာဟာရပြည့်ဝစေဖို့လိုအပ်မယ့်အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲ.......... ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် ဗီတာမင် C ဗီတာမင် D ဖောလိတ် အမျှင်ဓာတ် ကယ်လ်ဆီယမ် Omega-3 fatty acid အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) သံဓာတ် တို့ပြည့်စုံစွာပါဝင်နေဖို့လိုပါမယ်။ စားချင်စဖွယ် ပြင်ဆင်ကွယ် ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင် အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့ ထမင်းကို အရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ - အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေပေးတဲ့ သဘာဝခြုံလွှာ

ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။ မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။ အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ အပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့် အရေပြားပြဿနာတွေ အလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။ ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။ ၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ

မိခင်တစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးလို့တွေးထားတာက ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရကို ဂရုစိုက်ပေးဖို့ပါပဲ။ မေမေတွေက ဒါကိုပဲ အလေးထားကြတော့ ကိုယ့်ဒုက္ခတွေကျမေ့ထားရတာပေါ့။ နို့ချိုတိုက်ကျွေးတဲ့ မေမေတွေရဲ့ဒုက္ခတွေထဲက အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ နို့နာ ဖြစ်ပါတယ်။ မိခင်တွေမှာဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းနာကျင်မှုက ယာယီဝေဒနာတစ်ခုဖြစ်တာကြောင့် စိုးရိမ်စရာတော့မရှိပါဘူး။ နို့တိုက်ကျွေးချိန်မှာ နာကျင်ရပေမယ့် စက္ကန့် ၃၀ ထပ်ပိုမကြာတာမျိုး။ ကလေးမွေးပြီးခါစမှာ နာကျင်ရတတ်ပေမယ့် နှစ်ပတ်လောက်အတွင်း သက်သာသွားတတ်ပါတယ်။ တချို့မေမေတွေမှာတော့ ပိုနာကျင်ရပေမယ့် နို့စတိုက်ခါစမှာပဲနာတတ်တာဖြစ်ပြီးတောက်လျှောက်နာကျင်နေတာ၊ နို့တိုက်ပြီးချိန်မှာပါနာကျင်နေတာဆိုရင်တော့ ပိုးဝင်တာလိုမျိုးပြဿနာရှိနေနိုင်ပါတယ်။ သာမန်ဖြစ်တတ်တဲ့ နို့နာ ကို သက်သာစေမယ့်နည်းလမ်း (၆) ချက် ကလေးနို့တိုက်တိုင်းနာကျင်နေရတဲ့မေမေတို့အတွက်ဝေဒနာသက်သာစေမယ့်အချက်လေးတွေ အကြံပြုလိုက်ပါတယ်နော် - (၁) နို့နာသက်သာအောင် နို့မတိုက်သေးတဲ့အချိန်တွေမှာ လိမ်းဆေး (nipple cream)တွေလိမ်းလို့ရပါတယ်။ ကလေးအတွက်လည်းဘေးကင်းအောင်ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေရှိတာကြောင့် နို့တိုက်ချိန်မှာတောင်ဆေးကိုသုတ်ပစ်၊ဆေးပစ်စရာမလိုဘဲ ထားလို့ရနိုင်ပါတယ်။ စိတ်မချရင်တော့ နို့တိုက်ခါနီးကျ သန့်စင်လိုက်ပါ။ (၂) နို့တိုက်တဲ့အခါ nipple shield အသုံးပြုရင် နာကျင်မှုသက်သာစေပါတယ်။ နာကျင်နေတဲ့ ဒါမှမဟုတ် […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်

Paraben ဆိုတာ ဘာလဲ Paraben ဆိုတာ အလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကလေးအသုံးအဆောင်တွေမှာ Paraben ပါဝင်မှု Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ Paraben ကဟော်မုန်းစနစ်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓာတ်နဲ့ အာဟာရဓာတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့မှုန့်ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓာတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းဖြစ်တဲ့ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း မိခင်နို့ရည် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ

ချစ်ဖို့ကောင်းပြီးချောမောလှပတဲ့ ကလေးငယ်လေးဖြစ်ဖို့ဆိုရင်ခေါင်းအစခြေအဆုံး ဂရုစိုက်ပေးဖို့လိုပါမယ်။ ခေါင်းပေါ်ကဆံသားကနေစလို့ခြေထောက်တွေအထိ အစစအရာရာကိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ဆံသားကျန်းမာလှပမှုကလည်း လူတစ်ယောက်ကို အလှတိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ရင်သွေးလေးမှာ ကျန်းမာသန်စွမ်းတဲ့ဆံသားပိုင်ဆိုင်ဖို့ဆိုရင် မိဘတွေက ငယ်ငယ်ကတည်းကသေချာဂရုစိုက်ဖို့လိုမှာပါ။ ကလေးငယ်ရဲ့ဆံသားနဲ့ပတ်သက်လို့သိထားသင့်တာတွေက ကလေးငယ်ဟာမွေးစထဲက ဆံပင်ခပ်ပါးပါးလေးပါလာတတ်ကြပါတယ်။ ဒီဆံသားလေးတွေက အရမ်းကိုနူးညံ့လွန်းပါတယ်။ မွေးစဆံပင်လေးတွေက ကလေးငယ်အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။ ကလေးရဲ့ ဆံသားအခြေအနေက အသက်အရွယ်အလိုက်တဖြည်းဖြည်းချင်းပြောင်းလဲလာတာနဲ့အမျှ မိဘတွေအနေနဲ့ကလည်းသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒါမှကလေးက ကျန်းမာသန်စွမ်းတဲ့ဆံသားကိုပိုင်ဆိုင်နိုင်မှာပါ။ ကလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ ၁ နှစ်ကနေ ၂ နှစ်အတွင်း - တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်လျှော်ပေးပါ။ ကလေးရဲ့ဦးရေပြားက အဆီပြန်တတ်တယ်ဆိုရင်ခေါင်းမလျှော်ခင်မှာ ကလေးရဲ့ ဦးရေပြားကိုသံလွင်ဆီ ဒါမှမဟုတ် Baby Oil လိမ်းပြီးဖြည်းညင်းစွာနှိပ်နယ်ပေးပြီး တစ်ပတ်ကို နှစ်ကြိမ် ကနေ ၃ ကြိမ်လောက်ခေါင်းလျှော်ပေးပါ။ ၂ နှစ် ကနေ ၄ နှစ် - တစ်ပတ်ကို ၃ ကြိမ်လောက်ခေါင်းလျှော်ပေးတာအကောင်းဆုံးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု

ကလေးတစ်ယောက်အတွက် လူကြီးတွေလို လုပ်စရာတာဝန်တွေက များများစားစားမရှိပါဘူး။ များသောအားဖြင့် သူတို့လုပ်တဲ့နေကျအလုပ်တွေက အိပ်မယ်၊ စားမယ်၊ ကစားမယ်ပေါ့။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးကို လူမှုဆက်ဆံရေး၊ အသိဉာဏ်ပညာဆိုင်ရာ၊ ဘာသာစကားစွမ်းရည်နဲ့ပြဿနာြေဖရှင်းနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ အရုပ်လေးတွေနဲ့ပေးကစားတာက ကလေးရဲ့ ကြွက်သားတွေကို သန်စွမ်းစေနိုင်သလို ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပါတယ်။ အရုပ်တွေနဲ့ လွတ်လပ်စွာပေးဆော့တာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘိုးလင်းလိုမျိုး အားကစားပစ္စည်းတွေနဲ့ပေးဆော့တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကိုတော်တော်လေးထိရောက်မှုရှိစေပါတယ်။ ဒီကစားစရာတွေက ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်သလို စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးလေးတွေကို ၃ နှစ်အရွယ်လောက်ကတည်းကဘောလုံးပေးဆော့တာမျိုးလုပ်လို့ရပါတယ်။ ၅နှစ် ကနေ ၁၄ အရွယ်ကလေးလေးတွေကိုတော့ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာ၊ဘောလုံးကန်တာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက

ကစားစရာ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့နေရာကနေပါဝင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကစားစရာတွေကပေးစွမ်းနိုင်ပါတယ်။ ကလေးလေးတွေရဲ့ အပျော်ရွှင်ဆုံးအချိန်က ကစားစရာ အသစ်လေးတွေရတဲ့အချိန်ပါ။ ကလေးဘဝတုန်းက ကစားစရာအသစ်လေးတွေရဖို့က အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ခဲ့ကြဖူးတယ်ဟုတ်။ ဒါကြောင့် ကိုယ်တိုင်က မိဘအရာရောက်လာတဲ့အခါ ရင်သွေးလေးကို သူတို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် အရုပ်လေးတွေကို ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။ အရုပ်တွေက ကလေးကိုပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်သလို ကလေးရဲ့ အာရုံခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ဆိုရင်ကလေးလေးတွေဖွံ့ဖြိုးလာတဲ့အလျောက် လိုက်ဖက်ညီမယ့် အရုပ်လေးတွေကိုရွေးချယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ကဲ ကလေးလေးတွေကို ဘယ်လိုအရုပ်လေးတွေနဲ့ပေးဆော့မှာလဲ။ ကလေးလေးတွေကို အသက်အရွယ်အလိုက် သင့်တော်မယ့်အရုပ်လေးတွေနဲ့ပေးကစားရင် ရရှိလာမှာတွေက ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိစေတယ်။ သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာမယ်။ ကလေးရဲ့ အာရုံစူးစိုက်မှုကိုကောင်းမွန်လာစေမယ်။ အရောင်တွေကိုခွဲခြားသိမြင်လာမယ်။ မျက်လုံးနဲ့လက်လှုပ်ရှားမှုကို ချိတ်ဆက်မိလာမယ်။ ကြွက်သားလှုပ်ရှားမှုတွေကောင်းမွန်လာမယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းလာမယ်။ အသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက ကလေးအသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက မွေးကင်းစ ကနေ အသက် ၈ လအထိ ဒီအရွယ်မှာတော့ ကလေးကိုသေးသေးကွေးကွေးလေးတွေပေးဆော့မယ့်အစား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ

ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊ မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။ မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့် လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။ ကလေးနဲ့ အဆင်ပြေနိုင်မယ့် လေယာဉ်ချိန်ကို ရွေးပါ ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ကလေးရဲ့အိပ်ချိန် ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဝတ်အစားအပို၊ သေးခံအပိုတွေပါပါစေ ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းအေးအေးမှာ ဘေဘီလေး တွေ နွေးထွေးစေဖို့

ဆောင်းဝင်လာပြီဆိုတာနဲ့ မိခင်တစ်ယောက်ရဲ့အတွေးကဘာဖြစ်မယ်ထင်လဲ။ ငါ့ကလေးလေးမှနွေးနွေးထွေးထွေးရှိရဲ့လား၊ ချမ်းနေမလားမသိဘူးဆိုတဲ့ ပူပန်မှု။ သူချမ်းလာတာနဲ့ ကလေးကို အနွေးထည်တွေအထပ်ထပ် အများကြီးဝတ်ပေးတတ်တဲ့အမေလည်းရှိရဲ့၊ ခံနိုင်ရည်ရှိမှ ကျန်းမာမှာဆိုပြီး အပြင်ကိုတောင် ဒီအတိုင်းခေါ်သွားတတ်တဲ့အမေလည်းရှိတယ်။ ကလေးကို သူ့နည်းနဲ့သူ ဂရုစိုက်ကြတာဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရ ပျမ်းမျှဆိုရရင် အအေးဒဏ် အပူဒဏ်တွေကို လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ ဘေဘီလေး တွေအတွက်က ပုံမှန်ထက်ပိုဂရုစိုက်သင့်ပါတယ်။ ကလေးမှာလည်း တူတူပဲနေမှာဆိုပြီး ကိုယ်ခံစားရတဲ့အသိနဲ့ တန်းတူမတွေးပါနဲ့။ အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီးကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်းရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome - SIDS)ရောဂါအန္တရာယ်ကိုဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင်ခေါင်းအုံးတွေ၊စောင်တွေ ထည့်သိပ်တာသိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ ကလေးကို ဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ကမေမေတို့အပေါ်မူတည်နေတယ်ဆိုတော့... ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။ ဘေဘီလေး ကို အနွေးထည်ဝတ်ပေးပါ အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့မခံစားရပေမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း