ကယ်လ်ဆီယမ် – ကလေးမှာ ကျန်းမာတဲ့ အရိုးနဲ့သွားတွေကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သွေးတိတ်စေဖို့၊ အာရုံကြော၊ ကြွက်သားနဲ့နှလုံးစွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးရမယ့်အချိန်မှာ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။
သံဓာတ် – ခန္ဓာကိုယ်က ဆဲလ်တွေဆီအောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေပြီး အမြဲတက်ကြွလန်းဆန်းနေစေမှာပါ။
ဖောလိတ် – ကလေးအတွက် မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါ။ ဆဲလ်တွေဖွံ့ဖြိုးစေဖို့ရော ကျန်းမာစွာကြီးပြင်းစေဖို့ရော ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ပါ အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
အမျှင်ဓာတ် – အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ နဲ့ ကင်ဆာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။
ဗီတာမင် A – အမြင်အာရုံကောင်းစွာဖွံ့ဖြိုးစေဖို့၊ အရေပြားကျန်းမာစေဖို့၊ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်
ဗီတာမင် C – အအေးမိ၊တုပ်ကွေးဖြစ်တာတွေကနေ ကာကွယ်ပေးပြီး သွေးကြောနံရံတွေကိုကျန်းမာစေသလို အရေပြားကျန်းမာစေဖို့အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ အနာကျက်စေနိုင်ပြီး ကျန်းမာတဲ့ အရိုးနဲ့သွားတွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။
ဗီတာမင် D – ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုးနဲ့သွားတွေကို သန်မာစေနိုင်သလို တက်ကြွလန်းဆန်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သဘာဝကပေးတဲ့ ဗီတာမင်တစ်မျိုးပါ။
ဝါသနာကိုပျိုးထာင်ပေးဖို့ မမေ့ပါနဲ့
ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အာဟာပြည့်ဝအောင်ကျွေးမွေးတာအပြင် ဒီအချက်လေးတွေကိုလည်း လုပ်ဆောင်ပေးဖို့လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။