သကြားစားခြင်းရဲ့ အကျိုးဆက်က ဘာများလဲ…….
သကြားစားတာက ရေတိုအတွက်မကောင်းသလို ရေရှည်မှာလည်း ထိခိုက်မှုများတယ်လို့ပြောရတဲ့အကြောင်းအရင်းက
ချောင်းဆိုးတာ
သကြားအများကြီးစားတဲ့အခါ ကလေးမှာ ချောင်းဆိုးတာကိုခံစားရနိုင်ပါတယ်။ ဒါကတော့ အဖြစ်အများဆုံး သကြားစားခြင်းရဲ့ အကျိုးဆက်ပေါ့။
သွားပိုးစားမယ်
သကြားလုံးတွေ၊ အချိုပါတဲ့စားစရာတွေက သွားမှာကပ်ပြီး သွားကိုသေချာမသန့်ရှင်းမိတဲ့အခါ သွားပိုးစားတာ၊ သွားကိုက်တာတွေဖြစ်လာနိုင်ပါတယ်။
အာဟာရချို့တဲ့မယ်
ကလေးက တစ်ချိန်လုံးမုန့်အချိုတွေပဲစားမယ်၊ ထမင်းကို ကောင်းကောင်းမစားဘူး။ ကလေးစားပြီးရော ကျွေးမိမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကလေးက လုံလောက်တဲ့ အာဟာရကိုမရတော့ဘဲ အာဟာရချို့တဲ့မှုကိုခံစားလာရနိုင်ပါတယ်။ အကြောင်းကတော့ သကြားမှာ အဆီဓာတ်ပဲပါဝင်ပြီး အာဟာရတန်ဖိုးပါဝင်မှုမရှိတာကြောင့်ပါ။ ဒါကဘာဖြစ်နိုင်လဲဆိုတော့ ကြီးထွားဖွံဖြိုးမှု နှေးသွားတာပေါ့။
သွေးတွင်းသကြားဓာတ်မြင့်တက်မယ်
သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးကို ငယ်စဉ်မှာ အချိုတွေအများကြီးကျွေးတာက အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါကို ခံစားရတာမျိုးအထိဖြစ်စေနိုင်ပါတယ်။
အဝလွန်လာမယ်
သကြားအများကြီးစားမိတဲ့အခါ ခန္ဓာကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစားအသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမှာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။ ဒီတော့ ကလေးကို သကြားများများကျွေးနေတာက အဝလွန်ရောဂါဖြစ်အောင် တွန်းပို့နေတာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။