ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာမေမေ၊ဖေဖေတို့မှာပဲဖြစ်တဲ့ခံစားမှုပါ။မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ခေါင်းအုံး မအုံးရတာကပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။