နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကဘာလဲ။ နှလုံးသွေးဝင်ခန်းတွန်းနှင်အားက AV node and/or His bundleကို ဖြတ်ရာမှာနှောင့်နှေးနေတာမျိုး သို့မဟုတ် လုံးဝကိုမဖြတ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါတယ်။ လူနာတွေမှာ လက္ခဏာမပြတတ်တာလည်းဖြစ်နိုင်သလို ရင်တုန်ခြင်း၊ မူးမေ့ခြင်းစတဲ့လက္ခဏာအမျိုးမျိုးကိုလည်း ကြုံတွေ့ရနုငိပါတယ်။ မိုဘစ်အမျိုးအစား၂မှာဆိုရင် AV blockကနေ နှလုံးတစ်ခုလုံး complete heart blockရတဲ့အထိဆိုးသွးာနိုင်ပြီး သေဆုံးနိုင်ချေများပါတယ်။ Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်နည်းပြီး အမျိုးသားရောအမျိုးသမီးရောမှာ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSecond Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လက္ခဏာမပြခြင်း ( သေချာထရိနိးလုပ်ထားတဲ့အားကစားသမားတွေနဲ့ နှလုံးပုံမမှန်ခြင်းကြောင့်ဖြစ်တဲ့နှလုံးရောဂါမရှိတဲ့လူနာတွေလိုမျိုး အမျိုးအစား၁လူနာတွေမှာပိုအဖြစ်များပါတယ်။ ) မူးနောက်နောက်ဖြစ်ခြင်း၊ လဲကျခြင်း ( […]


နှလုံးရောဂါ

Broken heart syndrome (နှလုံးကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken heart syndrome (နှလုံးကွဲခြင်း) ကဘာလဲ။ နှလုံးကွဲခြင်းဆိုတာ သောကများစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေ ( ချစ်ခင်ရသူ သေဆုံးသွားခြင်း) ကြုံရတဲ့အခါ ဖြစ်လာတဲ့ ယာယီအခြေအနေတစ်ခုပါ။ ပြင်းထန်တဲ့ကိုယ်ကျန်းမာရေးထိခိုက်မှုဖြစ်စေ၊ ခွဲစိတ်မှုတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေက ရုတ်တရက် ရင်ဘတ်အောင့်ခြင်း ခံစားရနိုင်ပြီး သူတို့မှာ နှလုံးရောဂါ ရှိနေတယ်လို့ စဉ်းစားတတ်ကြပါတယ်။ နှလုံးထိခိုက်တဲ့အခါမှာ နှလုံးရဲ့အစိတ်အပိုင်းတစ်ခုခုမှာ ပုံမှန်သွေးညှစ်မှုကို ယာယီအားဖြင့် မလုပ်နိုင်တာတွေ ရှိလာပါတယ်။ နှလုံးရဲကျန်တဲ့အစိတ်အပိုင်းတွေက ပုံမှန် သွေးညှစ်နေတာဖြစ်နိုင်သလို ပိုမိုအားထည့်ပြီး သွေးညှစ်နေတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဖိအားများတဲ့ အခါ ထွက်လာတဲ့ ဟော်မုန်းတွေကို နှလုံးက တုံ့ပြန်တဲ့ အတွက်ကြောင့် ဖြစ်ရပါတယ်။ ဒီလို အခြေအနေ ကို Takotsubo နှလုံးကြွက်သား ပြဿနာ လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ လက္ခဏာတွေက ကုသလို့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကဘာလဲ။ Chilblains – CHILL-blayns လို့လည်းခေါ်ပါတယ်။ အအေးဒဏ်၊ လေအေးတွေနဲ့ မကြာခဏထိတေ့ွရတဲ့အခါ ဖြစ်လာတတ်တဲ့ အရေပြားရှိ သေးငယ်သောသွေးကြောငယ်လေးများ ရောင်ရမ်းခြင်းဖြစ်တယ်။ Pernio လို့လည်းသိပြီး ခြေလက်တွေမှာ ယားယံခြင်း၊ အနီကွက်များထခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် တစ်ပတ်ကနေ သုံးပတ်အတွင်း ကောင်းသွားတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြန်လည်နွေးထွေးလာပါက ပိုကောင်းနိုင်ချေရှိတယ်။ နှစ်နဲ့ချီပြီး ရာသီအလိုက် ရောဂါပြန်ပေါ်နိုင်ပါတယ်။ ကုသမှုတွေမှာတော့ အအေးဒဏ်ကနေကာကွယ်ခြင်းတွေ၊ လက္ခဏာတွေသက်သာဖို့ လိုးရှင်းခရင်သုံးခြင်းတွေပါနိုင်ပါတယ်။ များသောအားဖြင့်တော့ အမြဲထိခိုက်ခြင်းမဖြစ်စေနိုင်ပေမယ့် မကုသဘဲထားပါက ရောဂါပိုးဝင်ပြီး ပြင်းထန်သောထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ အကောင်းဆုံးနည်းကတော့ အအေးဒဏ်မခံရအောင် အတတ်နိုင်ဆုံးကာကွယ်ပြီး နွေးနွေးထွေးထွေးဝတ်ဆင်ခြင်းဖြစ်တယ်။ Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ချေအတူတူပဲဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများChilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရအများဆုံးလက္ခဏာတွေကတော့- အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်နဲ့ လက်တွေမှာ သေးငယ်ပြီးယားယံသောအနီစက်များထွက်ခြင်း အရည်ကြည်ဖုပေါက်ခြင်း၊ […]


နှလုံးရောဂါ

Atrial Flutter (နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ နှလုံးခုန်မြန်တဲ့ဖြစ်ရပ်မှာ နှလုံးရဲ့ အပေါ်ခန်းတွေဟာ အလွန်လျင်မြန်စွာခုန်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းကို စည်းချက်ညီပြီး လျင်မြန်စေပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးစည်းချက်ချို့ယွင်းမှုတခုဖြစ်ပြီး နှလုံးထဲက လျှပ်စီးလမ်းကြောင်းပြသနာကြောင့် ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးခါခြင်းနဲ့ တူညီပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းဟာ နှလုံးခါခြင်းလောက် စည်းချက်ပျက်ယွင်းခြင်းမရှိပါဘူး။ တခါတရံမှာ နှလုံးခုန်မြန်ခြင်းရော နှလုံးခါခြင်းပါ ၂မျိုးလုံး ကြုံတွေ့ရပါတယ်။ Atrial Flutter (နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtrial Flutter (နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လျှပ်စစ်အချက်ပြမှုဟာ နှလုံးခုန်မြန်ခြင်းကို စုစည်းထိန်းချုပ်ပေးပါတယ်။ ဒီပြသနာရှိသူတွေဟာ နှလုံးထုန်နှုန်း ပုံမှန်ထက်မြန်နေပေမယ့် စည်းချက်ဟာ တည်ငြိမ်ပါတယ်။ တခါတရံ ဖြစ်မှန်းမသိပါဘူး။ တချို့ကတော့ အောက်ပါအတိုင်း ကြုံရပါတယ်။ ရင်တုန်ခြင်း (နှလုံးခုန်မြန်နေခြင်းကိုသိခြင်း) လျင်မြန်ပြီးတည်ငြိမ်သော သွေးခုန်နှုန်း အသက်ရှူမြန်ခြင်း နေ့စဉ် လေ့ကျင့်ခန်းနှင့် […]


နှလုံးရောဂါ

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကဘာလဲ။ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်းဆိုတာ နှလုံးမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှလုံးအပေါ်ခန်းနဲ့ အခန်း၂ခုခြားထားတဲ့ ကြွက်သားအလွှာထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ တွေ့ရအများဆုံးဖြစ်တဲ့ နှလုံးရဲ့ ပင်မအကျိတ်မျိုးဖြစ်ပါတယ်။ တိကျမှုမရှိတဲ့ လက္ခဏာတွေကြောင့် စောစီးစွာသိရှိရဖို့ ခက်ခဲပါတယ်။ ဘယ်ဘက် နှလုံးအပေါ်ခန်းအကျိတ်ဟာ နားကြပ်နဲ့ နားထောင်ချိန်မှာ ကြားရတဲ့အခါ မရှိသလို မကြားရတာလည်း ရှိပါတယ်။ ဒီအခြေအနေကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရင်ခွဲစစ်ဆေးမှုပေါင်း ၂၂ခုအရ မူလနှလုံးအကျိတ်ဟာ ဝ.၀၂% (ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၂၀၀) ရှိပါတယ်။ မူလအကျိတ်ရဲ့ ၇၅%ဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အကျိတ် ၅၀%ဟာ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၇၅ ခု […]


နှလုံးပျက်စီးခြင်း

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ Cardiac Arrest ဆိုတာ ရုတ်တရက် မမျှော်လင့်ဘဲ နှလုံးရပ်သွားတာကိုပြောတာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နှလုံးမှာ နှလုံးခုန်နှုန်းရဲ့ ကြိမ်နှုန်းကို ထိန်းပေးတဲ့ အတွင်းလျှပ်စီးစနစ်တစ်ခုရှိပါတယ်။ ပုံမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖြစ်စေတဲ့ ပြဿနာတွေကိုတော့ arrhythmia လို့ခေါ်ပါတယ်။ ဒီပြဿနာမှာဆိုရင် နှလုံးခုန်တာ မြန်လွန်းတာ၊ နှေးလွန်းတာ ဒါမှမဟုတ် နှလုံးရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ Sudden cardiac arrest (SCA) ကတော့ နှလုံးမှာ arrhythmia ဖြစ်လာပြီး နှလုံးခုန်တာရပ်သွားစေတဲ့အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒီပြင်းထန်တဲ့ ပြဿနာဟာ heart attack နဲ့ မတူပါဘူး။ Heart attack တွေဟာ နှလုံးကို သွေးမရောက်တော့လို့ ဖြစ်ရတာပါ။ Heart attack သို့မဟတ်ု […]


နှလုံးရောဂါ

Cardiasthenia (နှလုံးအားနည်းခြင်း)

Cardiasthenia (နှလုံးအားနည်းခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Cardiasthenia (နှလုံးအားနည်းခြင်း) ကဘာလဲ။ နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ် များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ Cardiasthenia (နှလုံးအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများ နှလုံးအားနည်းခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ မောပန်းလွယ်ခြင်း အသက်ရှုမဝခြင်း ရင်တုန်ခြင်း ချွေးပြန်ခြင်း ရင်ဘတ်အောင့်ခြင်း မူးဝေခြင်း တို့ဖြစ်ပါသည်။ လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ သာမန်ထက်နှလုံးခုန်မြန်နေခြင်းဖြစ်စေတဲ့ ပြင်းထန်တဲ့အခြေအနေဖြစ်ပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံနဲပအဆုတ်အတွက် သွေးတွေကို နှလုံးညှစ်နေစဉ်အတွင်း ထောက်ပံ့ပေးပြီး နှလုံးကိုယ်တိုင်အတွက်ကို နှလုံးမညှစ်ဘဲနားနေချိန်အတွင်း နှလုံးထောက်ပံ့သွေးကြောတွေကနေတစ်ဆင့် ထောက်ပံ့ပေးဖို့အတွက သာမန်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ၆၀-၈၀လောက် ခုန်ပါတယ်။ နှလုံးသွေးလွှတ်ခန်းနှလုံးခုန်မြန်ခြင်းမျာတော့ နှလုံးခုန်သံဟာအရမ်းများသွားပြီး တစ်မိနစ်မှာအကြိမ်၁၀၀ထက်ပိုများသွားပြီး နှလုံးခုန်စက်ဝန်းတစ်ခါလည်တိုင်းမှာ ပုံမှန်မဟုတ်တဲ့နှလုံးခုန်သံအနည်းဆုံး ၃ကြိမ်ပါနေပါတယ်။ နှလုံးခုန်မြန်ခြင်း၊ မူမမှန်ခြင်းရင်တလှပ်လှပ်ခုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်တွေမဖြစ်အောင်ကာကွယ်ဖို့ အရေးပေါ်ကုသမှုရဖို့ အရေးကြီးပါတယ်။ Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးရောဂါဖြစ်နေတဲ့လူနာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVentricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စက္ကန့်အနည်းငယ်လောက်သာ နှလုံးခုန်မြန်တာဆိုရင် စိုးရိမ်စရာမလိုပါဘူး။ အချိန်ကြာကြာမြန်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင်နှလုံးခုန်မြန်နေတာ၊ နှလုံးခုန်သံကျယ်နေတာ ဒါမှမဟုတ် နလုံးခုန်သံကျော်သွားပျေက်သွားတာမျိုး သတိထားမိနိုင်ပါတယ်။ ဒီလိုမျိုးနှလုံးခုန်သံအပြောင်းအလဲကို ရင်တုန်ခြင်းလို့ခေါ်ပါတယ်။ နှလုံးသွေးလွှတ်ခန်း […]


နှလုံးကြွက်သားရောဂါများ

Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း)

နှလုံး ဆိုတာ မွေးကတည်းက အလုပ်လုပ်နေရတဲ့ ကိုယ်ခန္ဓာက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နှလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့သူ တာဝန်တွေကို ဆောင်ရွက်နေကြရပါတယ်။ နှလုံးက မရပ်မနားခုန်နေမှဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေကလည်း ကျုံ့လိုက်ဆန့်လိုက်နဲ့ မရပ်မနားအလုပ်လုပ်ပေးကြရပါတယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်ကို ရောဂါတွေရဲ့ နှောင့်ယှက်မှုခံလာရတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးရောက်ဖို့အတွက် နှလုံးကြွက်သားတွေက သာမန်ထက်ပိုအလုပ်လုပ်လာရတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ မနိုင်ဝန် ထမ်းရတဲ့ ကြွက်သားတွေထုံးစံအတိုင်း ထူထူထဲထဲတွေဖြစ်လာတယ်၊ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေနည်းလာတယ်။ ဒီအခြေအနေကို Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း) လို့ ခေါ်ပါတယ်။ ကြွက်သားကြီးလာတဲ့နောက်မှာ နှလုံးအားနည်းလာတယ်။ နှလုံးအားနည်းရင် အမောဖောက်လာတယ်။ လုပ်ရိုးလုပ်စဉ်တွေတောင် မလုပ်နိုင်တော့ဘူး။ ခန္ဓာကိုယ်ကို သွေးတွေ ပုံမှန်မရောက်တော့ နှလုံးက ပိုအလုပ်လုပ်ပေးရှာတယ်။ ဒါပေမယ့် စည်းချက်တွေမမှန်တော့ဘူး။ ခုန်ချင်သလိုတွေ ခုန်လာတယ်။ နောက်ဆုံးလုံးဝမနိုင်တော့ဘူးဆိုရင် နှလုံးပျက်စီးသွားပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ Cardiomyopathy ( […]


သွေးတိုးရောဂါ

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

သွေးတိုးတယ်ဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ တလွှားမှာ သွေးတိုးရောဂါ ခံစားနေရသူဦးရေက ၁ ဘီလျံလောက် ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက် ထိန်းသိမ်းမှု မရှိဘူး ဆိုရင် နှလုံးရောဂါ နဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒီတော့ သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း တွေကို ကြည့်လိုက်ရအောင်နော်။ သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။ ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။ သွေးတိုးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ အချက်များ ဆားအစားများတာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ အဝလွန်တာ အရက်အလွန်အကျွံသောက်သုံးတာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း