နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။   Diuretics Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။ Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။   Angiotensin converting enzyme (ACE) inhibitor ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။ တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီး တချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။ သွေးတိုးသမားတွေအတွက် စိတ်မချရသောဆေးဝါးများ NSAID NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ - အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။ ချောင်းဆိုးနဲ့ […]


မွေးရာပါနှလုံးရောဂါများ

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား

မွေးရာပါ နှလုံးရောဂါရှိသော မိန်းကလေးများသည် အောင်မြင်စွာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်ပါသည်။ သို့သော် သေသေချာချာ ပြင်ဆင်ပြီးမှ ယူရပါမည်။ ကလေးမယူခင် ဆရာဝန်ကို ပြောရမလား။ ကိုယ်ဝန်မရခင် မိမိတွင် မွေးရာပါနှလုံးရောဂါ ရှိကြောင်း မိမိ၏ သားဖွားမီးယပ် ဆရာဝန်ကို ကြိုတင်၍ ပြောပြထားရပါမည်။ လူတစ်ဦးနှင့် တစ်ဦးသည် ဆေးစစ်ပုံခြင်း မတူနိုင်ပါ။ မိမိ၏ ဆရာဝန်က ဘယ်နှစ်လ တစ်ကြိမ် ဆေးစစ်ချက် ခံယူရမည်ကို ပြောပါလိမ့်မည်။ သူတို့ ပြောပြသည့်အတိုင်း ဆေးစစ်မှုခံယူပြီး လက္ခဏာတစ်ခုခု ပေါ်လာပါကလည်း ချက်ချင်း အသိပေးရပါမည်။   ဆေးဝါးများမှာ အဘယ်နည်း။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးသော ဆေးဝါးများသည် ကလေးကို ထိခိုက်နိုင်ပါသည်။ သို့သော် ကောင်းကျိုးသည် ဆိုးကျိုးထက် ပို၍များပါက ဆရာဝန်သည် အကောင်းဆုံးဆေးနှင့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။ ဆေးကိုလည်း ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ ကိုယ့်ဘာသာကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးရောဂါက လူကြီးတွေမှာ အဖြစ်များတယ် ဆိုပေမဲ့ လူငယ်တွေလည်း မပေါ့ဆသင့်ပါဘူး။ ဒီနေ့ခေတ်ရဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့် အရွယ်မတိုင်ခင် သွေးတိုးဖြစ်သူတွေ များလာပါပြီ။ သွေးတိုးရောဂါကို သေချာမထိန်းဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ နှလုံးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးထိန်းတဲ့နေရာမှာ ဆေးတစ်ခုတည်းကို အားကိုးလို့ မရပါဘူး။ ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုပါ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်ကို မျှဝေပေးချင်ပါတယ်။ သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက် (၁) ကျန်းမာစွာစားသုံးပါ။ အစားအစာဆိုတာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေးမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။ အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေလည်း […]


သွေးတိုးရောဂါ

Home Blood Pressure Test ( အိမ်မှာ သွေးပေါင်ဘယ်လိုချိန်မလဲ )

အိမ်မှာ သွေးပေါင်ချိန်တိုင်းတယ်ဆိုတာ ဘာလဲ။ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ သင့်သွေးပေါင်ချိန်ကို အိမ်မှာနေရင်းနဲ့ တိုင်းတာနိုင်ခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ချိန်ဆိုတာကတော့ သင့်သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းတာခြင်းအား ဆိုလိုပါတယ်။ အိမ်မှာ သွေးပေါင်ချိန်တဲ့ လူအများစုကတော့ အလိုလျောက်တိုင်းတာနိုင်တဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုလေ့ရှိပါတယ်။ သင့်လက်မောင်းမှာပတ်ထားတဲ့ အပတ်လေးကို တင်းပြီးဖောင်းလာအောင် လေညှစ်ထည့်ပေးခြင်းအားဖြင့် သွေးပြန်ကြောထဲမှာရှိတဲ့ သွေးစီးဆင်းမှုကို ယာယီရပ်ဆိုင်းသွားစေပါလိမ့်မယ်။ လက်မောင်းအပတ်ထဲက လေကို ဖြည်းဖြည်းချင်းပြန်လည် ထုတ်နေတဲ့အချိန်အတွင်း ဘယ်ဖိအားအတိုင်းအတာမှာ သွေးပြန်လည် စီးဆင်းသလဲဆိုတာကို စက်ကမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ သွေးပေါင်တိုင်းတာတဲ့အခါ ဂဏန်းနှစ်ခုကို အသုံးပြုပြီး မှတ်တမ်းတင်ပါတယ်။ ပထမဂဏန်းကို အပေါ်သွေးလို့ ခေါ်ပြီး သင့်နှလုံးညှစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အများဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ ဒုတိယဂဏန်းကတော့ အောက်သွေးဖြစ်ပြီး နှလုံးခုန်သံ တချက်နဲ့ တချက်အကြား သင့်နှလုံးဖြေလျှော့နေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အနည်းဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ သွေးပေါင်ချိန်တိုင်းတာတဲ့ မူလကိရိယာတွေဟာ ပြဒါး […]


ကိုလက်စထရောလ်

Corinda Leaf (နံနံပင်)

နံနံပင် (Corinda Leaf)နံနံပင်အရွက်ကရော အစေ့ကိုပါ ဟင်းချက်ရာမှာအသုံးပြုကြပါတယ်။ နံနံပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀လောက်ကတည်းက ကမ္ဘာပေါ်မှာပေါက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ နံနံပင်ရဲ့အရွက်နဲ့ အစေ့တွေက အစားအသောက်တော်တော်များများမှာထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လာကြပြီဖြစ်ပါတယ်။ နံနံပင်ကိုရှေးယခင်ကာလတွေကတည်းက အစာကျောညက်စေဖို့ ၊ အစာအိမ်ဆိုင်ရာဝေဒနာတွေ၊ကျောက်ပေါက်တာ၊အော့အန်တာ၊သွေးအားနည်းတာ၊ အဖျားတက်တာ၊ဝက်သက်ပေါက်တာ၊အအေးမိတာ၊အူကျွံတာတွေကိုကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ နံနံပင်က အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့ အရွက်မှာ သံဓါတ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနိနဲ့ ဗီတာမင်အေ၊ဘီနဲ့စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ cineole လို့ခေါ်တဲ့ နံနံပင်မှာပါတဲ့phytochemicalတစ်မျိုးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။ နံနံပင်က ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ အရေးပါတဲ့ဆေးဖက်ဝင်အပင်တွေထဲကတစ်မျိုးပါ။ နံနံပင်စားသုံးပေးမှုကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုဖော်ပြလိုက်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများထိရောက်တဲ့ ပဋိဇီဝဆေးအဖြစ်အသုံးပြုနိုင်ခြင်း နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာborneol ခေါ် ဓါတုပစ္စည်း တစ်မျိုးပါဝင်နေတာကြောင့်E.coli ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နံနံပင်မှာ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးပါဝင်ပါတယ်။Dodecenal […]


ကိုလက်စထရောလ်

အထီးကျန်စိတ်ဝေဒနာရောဂါ သည် HDLကို ကျဆင်းစေသည်

Autism အထီးကျန်စိတ်ဝေဒနာရောဂါ နှင့် ပတ်သတ်၍ ကျွန်ုပ်တို့အနည်းငယ် နားလည်အောင် ပြုလုပ်ရန်ပင် များစွာလိုသေးသည်။ Autism ဖြစ်သူများတွင် တစ်ယောက်နှင့် တစ်ယောက်လက္ခဏာချင်းမတူကြသလို ဖြစ်ပွားရခြင်းအကြောင်းရင်းလည်းမတူ၊ ကုသပုံလည်း မတူကြပေ။ သိပ္ပံပညာရှင်များနှင့် သမားတော်များသည် ဤရောဂါနှင့် ပတ်သတ်၍ပိုမိုသိရှိနိုင်ရန် ကြိုးစားလေ့လာနေကြပါသည်။ Autism Spectum disorder ဆိုသည်မှာ အဘယ်နည်း။ Autism သို့မဟုတ် Austism spectrum disorder သည်လူမှုဆက်ဆံရေး၊ စကားပြောခြင်းနှင့် စကားမပြောပဲ ဆက်သွယ်ခြင်း၊ ထပ်တလဲလဲလုပ်တတ်သော အပြုအမူများနှင့် အခြားသောထူးခြားသော အချက်များနှင့် ခြားနားချက်များ အမျိုးစုံအခြေအနေများနှင့် တွေ့ရတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ Autism ရှိသူတိုင်းသည် တစ်မျိုးတစ်စားတည်း မဟုတ်ပဲ လက္ခဏာမတူညီကြပေ။ ထို့ကြောင့် ရောင်စဉ်တန်းများကဲ့သို့ပင် ကွဲကြားခြားနားသဖြင့် spectrum ဟူသော စကားလုံးကိုသုံးကြသည်။ ရောဂါသည် တစ်ဦးတစ်ယောက်ချင်းစီ၏ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုများပေါ်တွင် မူတည်သည်။ ပထမဆုံးလက္ခဏာသည် အသက်နှစ်နှစ်နှင့်သုံးနှစ် […]


ကိုလက်စထရောလ်

Cholesterol And Triglycerides Tests (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်ကို စစ်ဆေးနည်းတွေက)

အခြေခံကိုသိရှိခြင်းကိုလက်စထရော (cholesterol) နဲ့ ထရိုင်ဂလစ်စရိုက် (triglycerides) ကို စစ်ဆေးနိုင်မယ့် နည်းလမ်းတွေက ဘာတွေလဲ ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်တွေကို စစ်ဖို့ သွေးနမူနာယူပြီး စစ်ဆေးနည်းတွေ လုပ်ရပါတယ်။ အဲဒီနည်းတွေက သွေးထဲမှာ အဆီနဲ့ဆိုင်တဲ့ အရာတွေ (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်) တွေ စုစုပေါင်း ပမာဏ ဘယ်လောက် ရှိနေတယ် ဆိုတာကို တိုင်းတာပေးပါတယ်။ ကိုလက်စထရောဟာ ပရိုတင်းတစ်ခုနဲ့ အတူတွယ်ဆက်ပြီး သွေးထဲမှာ သွားလာနေပါတယ်။ အဲဒီလို ပရိုတင်းနဲ့ ကိုလက်စထရော အတွဲကို lipoprotein (လိုင်ပို ပရိုတင်း) လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် lipoprotein (လိုင်ပို ပရိုတင်း) ကို စစ်ဆေးခြင်းအားဖြင့် စုစုပေါင်း ကိုလက်စထရော၊ LDL ကိုလက်စထရော၊ HDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကဘာလဲ။ နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးခုန်နှုန်းခြင်းကို ဖြစ်စေရန် ထောက်ပံ့ပေးသည့် နှလုံးလျှပ်စီးစနစ်ပြတ်တောက်ခြင်းဖြစ်သည်။ နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း ခြင်းဆိုသည်မှာ နှလုံးသွေးလက်ခံခန်းနှင့် သွေးလွှတ်ခန်းတို့၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်မှု မူမမှန်ခြင်းကြောင့် ယင်းတို့ကြားရှိ လျှပ်စစ်ထုတ်လွှတ်မှုတွင်အနှောက်အယှက်ဖြစ်ကာ နှောင့်နှေးသွားခြင်းဖြစ်သည်။ ရောဂါမပြင်းထန်သောသူများတွင် နှလုံးခုန်နှေးခြင်းနှင့် စည်းချက်လွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ယင်းအခြေအနေမျိုးသည် အလွန်အဖြစ်များပြီး ရောဂါရှိသူများ ခွဲစိတ်ခံရသူများနှင့် နှလုံးကို ထိခိုက်စေသော ဆေးများသောက်နေရသူများတွင် ပို ဖြစ်ပါသည်။ ထို့ပြင် အဆင့် (၃) ပိတ်ဆို့မှုသည် အမျိုးသမီးများတွင် ပိုဖြစ်ကြောင်းတွေ့ရသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများAtrioventricular […]


သွေးကြောတွင်းအဆီများခြင်းနောက်ဆက်တွဲပြဿနာများ

Atherosclerosis (သွေးကြောကျဉ်းခြင်း)

သွေးကြောကျဉ်းခြင်း သည် သွေးလွှတ်ကြောများအတွင်း အဆီချပ်ပြားများ စုပုံလာသော ရောဂါဖြစ်သည်။ သွေးလွှတ်ကြောများသည် အောက်စီဂျင်ပါသည့် သွေးများကို သယ်ပေးသော သွေးကြောများဖြစ်သည်။ ချပ်ပြားများကို အဆီများ၊ ကိုလက်စထရောများ၊ ကယ်လ်စီယမ်နှင့် သွေးထဲတွင်တွေ့ရသော တခြားအရာများနှင့် ဖွဲ့စည်းထားသည်။ အချိန်ကြာလာသည်နှင့် ချပ်ပြားများသည် မာကြောလာကာ သွေးလွှတ်ကြောများကို ကျဉ်းသွားစေသည်။ ထိုအခါ အောက်စီဂျင်ပါသောသွေးများ ကိုယ်အင်္ဂါများနှင့် တခြားအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုကို ဟန့်တားသွားစေနိုင်ပါသည်။ သွေးကြောကျဉ်းခြင်းသည် ပြင်းထန်သည့်ရောဂါများဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သလို အသက်ပါသေစေနိုင်ပါသည်။ Atherosclerosis (သွေးကြောကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးကြောကျဉ်းခြင်းသည် အသက်ကြီးလာလေလေ အဖြစ်များလေလေ ဖြစ်သည်။ သင်အသက်ရလာသည်နှင့် သွေးကြောကျဉ်းခြင်းနိုင်ချေ ပိုများလာ၏။ မျိုးရိုးဗီဇနှင့် လူနေမှုပုံစံများကြောင့် အသက်ရလာသည်နှင့် သွေးလွှတ်ကြောများအတွင်း ချပ်ပြားများစုပုံမှုကို ဖြစ်လာစေနိုင်သည်။ အမျိုးသားများတွင် အသက် ၄၅ ကျော်ပါက ဖြစ်နိုင်ချေ တိုးလာ၏။ အမျိုးသမီးများတွင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း