အဓိပ္ပါယ်ဖွင့်ဆိုချက်
Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။
Cardiac Arrest ဆိုတာ ရုတ်တရက် မမျှော်လင့်ဘဲ နှလုံးရပ်သွားတာကိုပြောတာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
နှလုံးမှာ နှလုံးခုန်နှုန်းရဲ့ ကြိမ်နှုန်းကို ထိန်းပေးတဲ့ အတွင်းလျှပ်စီးစနစ်တစ်ခုရှိပါတယ်။ ပုံမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖြစ်စေတဲ့ ပြဿနာတွေကိုတော့ arrhythmia လို့ခေါ်ပါတယ်။ ဒီပြဿနာမှာဆိုရင် နှလုံးခုန်တာ မြန်လွန်းတာ၊ နှေးလွန်းတာ ဒါမှမဟုတ် နှလုံးရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ Sudden cardiac arrest (SCA) ကတော့ နှလုံးမှာ arrhythmia ဖြစ်လာပြီး နှလုံးခုန်တာရပ်သွားစေတဲ့အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒီပြင်းထန်တဲ့ ပြဿနာဟာ heart attack နဲ့ မတူပါဘူး။ Heart attack တွေဟာ နှလုံးကို သွေးမရောက်တော့လို့ ဖြစ်ရတာပါ။ Heart attack သို့မဟတ်ု Myocardial infarction တွေက ပေးပို့တဲ့ သွေးမလုံလောက်မှုကြောင့် နှလုံးကြွက်သားတစ်သျှူးတွေ သေဆုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ cardiac arrest ကတော့ နှလုံးရဲ့ လျှပ်စီးစနစ် ပုံမှန်အလုပ်မလုပ်လို့ဖြစ်ရတာပါ။ ဒီအခြေအနေမှာဆိုရင် နှလုံးပုံမှန်အလုပ်မလုပ်ဘဲ ရုတ်တရက်ရပ်သွားတဲ့အခါ သေသွားသည်ထိဖြစ်စေပါတယ်။ ဒါပေမဲ့ နှလုံးထိခိုက်ခြင်း (Heart attack)ကလည်း တစ်ခါတစ်ရံမှာ လျှပ်စီးစနစ်ကို အနှောက်အယှက်ဖြစ်စေပြီး နှလုံးရုတ်တရက်ရပ်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒီအခြေအနေဟာ သေဆုံးသွားတာမျိုး၊ မလှုပ်ရှားနိုင်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ နှလုံးရပ်သွားတဲ့အချိန်မှာ သွေးတွေထဲ အောက်စီဂျင်ပြတ်လပ်သွားခြင်းဟာ မိနစ်အနည်းငယ်အတွင်း ဦးနှောက်ကို ပျက်စီးစေပါတယ်။ သေဆုံးခြင်း သို့မဟုတ် ရာသက်ပန် ဦးနှောက်ထိခိုက်ပျက်စီးခြင်းဟာ လေးမိနစ်ကနေ ခြောက်မိနစ်အတွင်း ဖြစ်သွားနိုင်ပါတယ်။ အသက်မရှူတော့ဘဲ သတိလစ်သွားတဲ့သူတစ်ယောက်ကို သင်ကူညီတဲ့အခါ အချိန်က အဓိကကျပါတယ်။ သင် သို့မဟုတ် သင်နဲ့အတူရှိနေတဲ့သူတစ်ယောက်ယောက်က ဒီရောဂါရဲ့ လက္ခဏာတွေပြလာပြီဆိုရင် အရေးပေါ် ဆေးကုသမှုကို ချက်ချင်းလုပ်ဆောင်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။