နှလုံးဆိုတာ မွေးကတည်းက အလုပ်လုပ်နေရတဲ့ ကိုယ်ခန္ဓာက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နှလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့သူ တာဝန်တွေကို ဆောင်ရွက်နေကြရပါတယ်။ နှလုံးက မရပ်မနားခုန်နေမှဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေကလည်း ကျုံ့လိုက်ဆန့်လိုက်နဲ့ မရပ်မနားအလုပ်လုပ်ပေးကြရပါတယ်။