နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုး တတ်ရင် ဒါတွေရှောင်...........

သွေးတိုး တတ်ရင် ဒါတွေရှောင်........... သွေးတိုး တာက သေလောက်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ထင်စရာရှိပေမယ့် မဆင်မခြင်နေမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ အသေအချာပါ။ သွေးတိုး ကြောင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ သွေးတိုး ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မတက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။ သွေးတိုး တယ်ဆိုတာ သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ မအီမသာဖြစ်တာ ခေါင်းတစ်ခြမ်းကိုက်တာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ ချွေးစေးတွေပြန်တာမျိုး ဖြစ်နိုင်ပါတယ်။ သွေးတိုး ရှိရင် ဘာတွေဂရုစိုက်ရမလဲ............ သွေးတိုး ရှိမယ်ဆိုရင် အစားအသောက်ဂရုစိုက်ရပါမယ် နေထိုင်မှုပုံစံ ဂရုစိုက်ရပါမယ် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိနေဖို့ လိုပါမယ် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုရယူရပါမယ်။ သွေးတိုး တတ်ရင် ဒါတွေရှောင်........... သွေးတိုးရှိနေတယ်ဆိုရင် သွေးပေါင်ချိန်တက်လာမှ မဟုတ်ဘဲ။ နေ့စဉ်တိုင်းမှာလည်း […]


နှလုံးရောဂါ

ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။

ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။ ရင်ဘတ်အောင့် ပြီဆိုရင် ၁၀ယောက်မှာ ၈ယောက်လောက်က နှလုံးရောဂါလို့ ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ် ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။ ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။ ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။ ဆိုတော့ ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။ နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ် ပြောပေမယ့် တကယ်တမ်း နှလုံးရောဂါရှိတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ […]


နှလုံးကြွက်သားရောဂါများ

ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ

ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ၊ မိသားစုဝင်တွေ ကိုယ်ချစ်ချင်မြတ်နိုးတန်ဖိုးထားရသူတွေ ဆုံးပါးသွားတဲ့အခါ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေမှာ လူတွေရဲ့ စိတ်နှလုံးဟာ ပြင်းထန်စွာ နာကျင်ခံစားရတတ်ပါတယ်။ ဒါကို အသည်းကွဲတယ်လို့ ယျေဘုယျအားဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာဟာ ချစ်သူရည်းစားနဲ့ လမ်းခွဲလို့ ခံစားရရုံသက်သက်ဝေဒနာ မဟုတ်ပါဘူး။ ဒါဆို အသည်းကွဲတာ ရောဂါတစ်ခုလား? အသည်းကွဲတယ်ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ Broken Heart Syndrome လို့ လူသိများပေမယ့် Stress Cardiomyopathy ၊ Takotsubo Cardiomyopathy လို့လည်း ခေါ်ဝေါ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင် သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။ အသည်းကွဲတဲ့ရောဂါလက္ခဏာ […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

နှလုံးထိန်းစက်ထည့်ခြင်း အကြောင်း သိထားသင့်သမျှ

နှလုံးခုန်စည်းချက်ထိန်းစက် (pacemaker ) ဆိုတာ နှလုံးခုန်မူမမှန်ခြင်းကိုထိန်းချုပ်ဖို့ ရင်ဘတ်ထဲမှာထည့်သွင်းထားရတဲ့ အသေးစားစက်ကိရိယာလေးဖြစ်ပါတယ်။ ဒီစက်လေးက လျှပ်စစ်လှိုင်းအပျော့စားလေးတွေသုံးပြီးနှလုံးခုန်သံကိုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ နှလုံးခုန်နှေးတာလိုမျိုး နှလုံးခုန်သံမူမမှန်တဲ့ပြဿနာတွေမှာနှလုံးစည်းချက်ထိန်းစက်တွေကို ကုသမှုအဖြစ် ဆရာဝန်တွေက အသုံးပြုလေ့ရှိကြပါတယ်။ အသက်အရွယ်ကြောင့်၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း (heart attack) ဖြစ်ရာကနေ နှလုံးထိခိုက်တာကြောင့်၊ အာရုံကြောနဲ့ကြွက်သားရောဂါပြဿနာတွေကြောင့် ဒါမှမဟုတ် နှလုံးမှာလျှပ်စစ်လှိုင်းပြဿနာပေါ်စေတဲ့တခြားအခြေအနေတွေကြောင့် နှလုံးခုန်နှေးစေနိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေမှာ နှလုံးထိန်းစက်ထည့်ဖို့လိုတာလဲ နှလုံးထိန်းစက် ကို ဒီအခြေအနေတွေမှာ သုံးဖို့လိုအပ်လာတတ်ပါတယ် - Bradycardia ကတော့ နှလုံးစက်ထည့်ဖို့လိုအပ်တဲ့အဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက သိပ်နှေးနေတာ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခန္ဓါကိုယ်ရဲ့လိုအပ်ချက်တွေမပြည့်နိုင်တော့တာဖြစ်ပါတယ်။ Bradycardia ရဲ့လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ နွမ်းလျမောပန်းလွန်းခြင်း၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။ အသက်ကြီးလာတဲ့အခါ သို့မဟုတ် နှလုံးရောဂါရှိတဲ့အခါ sinus node လို့ခေါ်တဲ့ နှလုံးကိုသဘာဝအလျောက်စည်းချက်ထိန်းပေးတဲ့ ဆဲလ်အုပ်စုရဲ့လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်လာတဲ့အခါ နှလုံးခုန်သံတွေနှေးစေတာ သို့မဟုတ် […]


နှလုံးရောဂါ

နှလုံးလေးဖက်နာ အကြောင်း တစေ့တစောင်း

ရောဂါတစ်ခုက မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့မြန်မာနိုင်ငံမှာ အဖြစ်မများဘူးဆိုပေမယ့်ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးလေးဖက်နာ အကြောင်းကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။ နှလုံးလေးဖက်နာ ဆိုတာက လေးဖက်နာရောဂါဆိုတာက ခန္ဓါကိုယ်က အဆစ်တွေကိုရောင်ရမ်းစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ လည်ချောင်းနာတာကိုသေချာမကုသမိတာ ဒါမှမဟုတ် စကားလက်အဖျားရောဂါကိုသေချာမကုသမိတာရဲ့ အကျိုးဆက်အနေနဲ့လေးဖက်နာရောဂါကို ခံစားရတာများပါတယ်။ လည်ချောင်းနာတာနဲ့ စကားလက်အဖျားရောဂါကို အဓိကဖြစ်စေတဲ့အရာကတော့streptococcus ဘက်တီးရီးယားပါ။ ဒီအဖျားရောဂါနဲ့လည်ချောင်းနာတာက အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာအဖြစ်များပြီး ဒီအရွယ်မှာ စတင်ကူးစက်ခံရတာကနေ အသက်ကြီးတဲ့အထိ ဆက်လက်ခံစားကြရတာပါ။ လေးဖက်နာကြောင့်ဖြစ်တဲ့အဖျားက နှလုံးအဆို့ရှင်တွေအပါအဝင် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ.......... လေးဖက်နာ အဖျားရောဂါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ရောဂါခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး လက္ခဏာတွေလည်းပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို ခံစားရပြီး ၂ ပတ် ကနေ ၄ ပတ်အကြာမှာ အဖျားရောဂါကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ နှလုံးရောင်မယ် အဆစ်တွေရောင်မယ် အရေပြားရောင်ရမ်းမယ် အာရုံကြောစနစ်ရောင်ရမ်းမယ် အဖျားတက်မယ် […]


သွေးတိုးရောဂါ

သွေးပေါင်ကျခြင်း

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ သွေးပေါင်ကျခြင်း အကြောင်းပါ။ ဆေးရုံကို သွေးပေါင်ကျလူနာတွေ မကြာမဏ ရောက်ရှိလာတတ်ပါတယ်။ အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ယေဘုယျအားဖြင့် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ပါ ။ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက် နည်းရင် သွေးပေါင်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ ကျန်းမာနေတဲ့ လူတွေ့အဖို့ သွေးပေါင်ကျခြင်းက စိုးရိမ်စရာ မလိုပါဘူး ။ ဒါပေမဲ့ နဂိုရောဂါ အခံရှိတဲ့လူတွေနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ သွေးပေါင်ကျခြင်းကြောင့် နှလုံးနဲ့ ဦးနှောက်ကိုစီးတဲ့ သွေးတွေ နည်းသွားစေနိုင်ပါတယ်။။ အမြဲ သွေးပေါင်ကျနေတတ်ပြီး ဘာရောဂါလက္ခဏာမှ မပြတဲ့လူတွေအတွက်လည်း ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး ။ ဦးနှောက်ကို […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော် ဘာကြောင့် ဒီလို ပြောရသလဲဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ရင်တွေခုန်တယ်ဆိုတာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံမြန်တာကိုပဲ ရည်ညွှန်းကြတာပါ။ စိတ်လှုပ်ရှားလို့ ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ဒါက အကြောင်းကြုံကြိုက်တဲ့အခါ အခိုက်အတန့်တစ်ခုလောက်ပဲ ဖြစ်သင့်ပါတယ်။ အကြောင်းရင်းမရှိဘဲ အမြဲရင်ခုန်နေပြီဆို သင့်နှလုံးမှာ ပြဿနာရှိနေပါပြီ။ ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော် ရင်ခုန်သံ မြန်တယ် ဆိုတာက နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါ (Atrial fibrillation) ဆိုတာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ မြန်မြန်ရမ်းခါတဲ့ အခြေအနေပါ။ လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက နားနေချိန်မှာ 60 နဲ့ 100 ကြားမှာ ရှိသင့်တာဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေပြီဆို နှလုံးခုန် စည်းချက်က ပုံမှန် မဟုတ်ဘဲ တစ်ခါတစ်လေ အရမ်း မြန်နေတတ်ပါတယ်။ ရင်တုန်တာ၊ တလှပ်လှပ်ဖြစ်တာ၊ တဒုတ်ဒုတ် ခုန်တာတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်လိုမျိုးလဲ တော်တော်များများက မကြာခဏ […]


နှလုံးရောဂါ

နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

ငါးစားပေးသင့်တဲ့အကြောင်းအရင်းက တော်တော်လေးများပါတယ်။ လူတိုင်းဟာ သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေ ထဲမှာ ငါးကို ပါအောင်စားပေးသင့်ပါတယ်၊ လို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုတိုက်တွန်းထားပါတယ်။ နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ ! နှလုံးသွေးကြောကျဉ်းနေတာလား  နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ သွေးကြောနံရံတွေမှာ အဆီတွေစုပုံရာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ ပင်မ သွေးကြောပိတ်ဆို့သွားတဲ့ အနေအထားပေါ့။ နှလုံးသွေးကြောကျဉ်းလာတဲ့အခါ ရောဂါပြင်းထန်မှုအလိုက် အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။ ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ရင်ဘတ်ထဲက အောင့်တာ လက်ဖဝါးတွေ ချွေးစေးထွက်ပြီး အေးစက်လာတာ ခေါင်းမူးတာ မအီမသာဖြစ်တာ ရင်ထဲက တလှပ်လှပ်ဖြစ်တာ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ နှလုံးစည်းချက် မမှန်တာ ရုတ်တရက်နှလုံးရပ်တာ နှလုံးညှစ်အားကျတာတွေ ခံစားလာရနိုင်ပါတယ်။ နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ Fatty […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။ အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။ ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ် ခြေထောက်တွေထဲက နာကျင်နေခြင်း ခြေထောက်လေးလံခြင်း (အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက်) ခြေထောက်ဖောရောင်ခြင်း ခြေထောက်အပ်စူးသလို ခံစားရခြင်း (သို့မဟုတ်) ထုံကျဉ်ခြင်း […]


နှလုံးရောဂါ

နှလုံးမကောင်းရင်ဘာတွေဖြစ်နိုင်သလဲ

နှလုံးဆိုတဲ့အစိတ်အပိုင်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာအထူးပြောပြနေစရာတောင်လိုမယ်မထင်ပါဘူး။ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို တစ်ကိုယ်လုံးနေရာအနံှ့ရောက်အောင်ညှစ်ထုတ်ပေးနေသလို အခြေအနေအရလိုအပ်လာရင်လည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါသေးတယ်။ ဒီလိုပိုအားစိုက်ထုတ်ရတဲ့အကြိမ်ရေများလာရင် နှလုံးကြွက်သားတွေလည်း ပိုထူထဲလာပြီး သွေးကြောတွေကလည်း သွေးပမာဏများများပို့ပေးနိုင်အောင် ညှစ်ရတဲ့အတွက် ပုံမှန်ထက်ပိုကျဉ်းလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ နှလုံးကြွက်သားတွေပိုအားနည်းလာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးပမာဏမထောက်ပံ့ပေးနိုင်တော့ဘူးဖြစ်လာပါမယ်။ သွေးနဲ့အတူပါဝင်တဲ့အောက်ဆီဂျင်ပါ မရရှိတော့တဲ့နောက် မူးဝေေ၀ဖြစ်တာ၊ အသက်ရှုမဝတာ၊ ခြေလက်ဖောရောင်တာလို လက္ခဏာတွေပြပြီး နောက်ဆုံးနှလုံးမကောင်းတော့တဲ့ အခြေအနေဆီ ဦးတည်သွားပါတော့တယ်။ တကယ်တော့ နှလုံးမကောင်းတဲ့ပြဿနာက ပျောက်ကင်းအောင် ပြန်ကုသလို့မရဘဲ ရောဂါပိုမဆိုးလာအောင် ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ဆင်ခြင်တာ၊ ခွဲစိတ်ကုသတာမျိုးတွေပဲ ပြုလုပ်နိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ နှလုံးမကောင်းရင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြလိုက်ရပါတယ်။ နှလုံးခုန်စည်းချက်မမှန်တော့ခြင်း ပုံမှန်နှလုံးတစ်ခုမှာ နှလုံးရဲ့သွေးလွှတ်ခန်း၊ သွေးညှစ်ခန်း ၄ ခန်းက စည်းချက်ညီညီအလုပ်လုပ်ပြီး တစ်ကိုယ်လုံးကို သွေးတွေပျံ့နှံ့ရောက်ရှိစေပါတယ်။ ဒါပေမဲ့ နှလုံးကြွက်သားတွေမကောင်းတော့ရင် အလုပ်လုပ်တာစည်းချက်မမှန်တော့ဘဲ ပုံမှန်ထက် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း