လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့သိနိုင်မယ့် နှလုံးရောဂါဖြစ်နိုင်ခြေ
နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကိုအသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါကို သွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။
အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။
ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးက သွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ လက်မာင်းကို ပတ်ထားပြီး သွေးခုန်နှုန်းတိုင်းတာမှု မလုပ်ခင်နဲ့လုပ်ပြီးချိန်မှာ လက်ချောင်းထိပ်လေးမှာရှိနေတဲ့ သွေးစီးဆင်းမှုကို တိုင်းတာတာပါ။ ဒီစစ်ဆေးမှုက သွေးကြောနံရံတွေကျန်းမာမှုရှိလားဆိုတာကို စစ်ဆေးတာပါ။ ကျန်းမာနေတဲ့သွေးကြောလေးတွေရဲ့ လုပ်ဆောင်မှုက နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းဖို့ အကောင်းဆုံးအထောက်အကူပြုပေး နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။