backup og meta

Wide pulse pressure ( အပေါ်သွေးပေါင်ချိန် အောက်သွေးပေါင်ချိန်ခြားနားမှုများနေခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Wide pulse pressure ( အပေါ်သွေးပေါင်ချိန် အောက်သွေးပေါင်ချိန်ခြားနားမှုများနေခြင်း)

    Wide pulse pressure ဆိုတာ ဘာလဲ

    သွေးပေါင်ချိန်တစ်ခု ကောင်းမကောင်းဆိုရင်

    • systolic pressure – နှလုံးတစ်ချက်ညှစ်လိုက်တိုင် းရလာတဲ့ သွေးပေါင်ချိန်
    • diastolic pressure – သွေးကြောတွေထဲမှာ ရှိတဲ့ သွေးပေါင်ချိန်
    • pulse pressure – systolic pressure ထဲကနေ diastolic pressure ကို နှုတ်လိုက်ရင် ရလာတဲ့ သွေးပေါင်ချိန် ဆိုတဲ့ ၃ မျိုးကို ကြည့်ရပါတယ်။

    အားလုံးသိကြမှာပါ။ သွေးပေါင်တိုင်းလိုက်လို့ သွေးပေါင်ချိန် 120/80 mmHg ရှိတယ်ဆိုရင် ကိုယ့်သွေးပေါင်ချိန်က ပုံမှန်ဆိုတာ။ ဒီ ၁၂၀/၈၀ မှာ ၁၂၀က အပေါ်သွေး ( systolic pressure) ၈၀ က အောက်သွေး ( diastolic pressure)ဖြစ်ပါတယ်။ pulse pressure ကိုလိုချင်ရင် အပေါ်သွေး ၁၂၀ထဲက အောက်သွေး ၈၀ ကို နှုတ်ရမှာဆိုတော့ ၄၀ ရပါလိမ့်မယ်။

    ၁၂၀/၈၀ က ပုံမှန်သွေးပေါင်ချိန်ဆိုတော့ သူတို့ခြားနားလိုက်လို့ ရလာတဲ့ pulse pressure က ၄၀ mmHg ကလည်း ပုံမှန်ရှိသင့်တဲ့ ပမာဏပါ။ ဒီတော့ပုံမှန် pulse pressureဆို ပမာဏ ၄၀-၆၀ mmHg အတွင်းရှိရမှာပါ။ ဒါပေမယ့် တစ်ချို့ အပေါ်သွေးထဲက အောက်သွေးကို နှုတ်လိုက်လို့ရလာတဲ့ pulse pressure ပမာဏ ၆၀ ထက်ကျော်နေတဲ့သူရှိပါတယ်။ ဒါကိုတော့ wide pulse pressure လို့ခေါ်ပါတယ်။

    ဘာ့ကြောင့်လဲ။ Wide pulse pressure က အရေးကြီးလို့လား။

    အရေးကြီးပါတယ်။ ပုံမှန် ၄၀ ကနေ ၆၀ ပမာဏအတွင်းရှိရမှာကို သွေးပေါင်ချိန်ပြီး အပေါ်သွေးထဲ အောက်သွေးနှုတ်ကြည့်လိုက်လို့ရလာတဲ့ ပမာဏက ၆၀ ထကိကျော်နေပြီဆိုရင် သင့်နှလုံးနဲ့ နှလုံးရဲ့ စွမ်းဆောင်းရည်တွေမှာ အပြောင်းအလဲရှိနေပြီလို့ ပြောချင်တာပါ။ သွေးပေါင်ချိန်တိုင်းလိုက်လို့ wide pulse pressure ဖြစ်နေပြီဆိုရင် ဒီလို ကျန်းမာရေးအခြေအနေတွေကို သတိထားရပါတော့မယ်။

    • နှလုံးအဆို့ရှင် မလုံခြင်း- နှလုံးအဆို့ရှင်တွေ မလုံတော့ နှလုံးတစ်ခါညှစ်လိုက်တိုင်း သွေးတွေ နှလုံးထဲ ပြန်ပြန်ဝင်နေလို့ အခြားနေရာတွေဆီ သွေးတွေ လုံလုံလောက်လောက်မရောက်နိုင်တော့ပါဘူး ။ ဒီတော့ သွေးတွေပိုလို ပိုလိုတော့ နှလုံးကပိုညှစ်ရလိုက်နဲ့ နှလုံးတစ်ခါညှစ်တိုင်းဖြစ်လာတဲ့ အပေါ်သွေးပေါင်ချိန် ( systolic pressure ) က လိုက်တာလာပါတော့တယ်။
    • Aortic stiffening – နှလုံးပင်မသွေးကြောကြီး aorta ေတာင့်နေ၊ ကျဉ်းနေတာကြောင့်လည်း wide pulse pressure ဖြစ်နိုင်ပါတယ်။
    • ပြင်းထန် သံဓါတ်ချို့တဲ့ သွေးအားနည်းြခင်း – သံဓါတ်မလုံလောက်လို့ဖြစ်ရတဲ့ သွေးအားနည်းခြင်း ပြင်းထန်တဲ့ပြဿနာတွေမှာ ဆို ဒီလို wide pulse pressure ကို တိုင်းတာရတတ်ပါတယ်။
    • သိုင်းရွိုက်ဟော်မုန်းများနေတဲ့ ပြဿနာမှာလည်း wide pulse pressure က လက္ခဏာတစ်ခုပါ။

    ဒီလို wide pulse pressure အကြောင် းအရေးတယူပြောရတာကတော့ wide pulse pressure ရှိနေတာ ကြာလာရင်နောက်ပိုင်း atrial fibrillation ခေါ်တဲ့ နှလုံးခုန် စည်းချက် မမှန်တဲ့ပြဿနာဆက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း နှလုံးစွမ်းဆောင်ရည်လုံးဝကျဆင်းသွားပြီး နှလုံးလုပ်ဆောင်ချက် ပုံမှန် မဟုတ်တော့တာမျိုး၊ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေ ဆက်ဖြစ်လာတတ်လို့ပါ။

    Wide pulse pressure က အရေးကြီးတယ်ဆိုတော့ ကုသလို့ ပျောက်ကင်းတတ်လား။

    ပြောရမယ်ဆို Wide pulse pressureဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာဖြစ်တာကြောင့် အောက်ခံ ရောဂါကြီးတွေကိုသာ ကုသလိုက်မယ်ဆိုရင် သက်သာသွားမှာပါ။ အပေါ်သွေး အောက်သွေး ခြားနားချက်ကြောင့် ဒီ Wide pulse pressure ပြဿနာပေါ်လာတဲ့အတွက် ဆရာဝန်တွေ ညွှန်ကြားတဲ့ သွေးပေါင်ချဆေးတွေ သောက်လိုက်ရင် ဖြစ်နေတဲ့ Wide pulse pressure လည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ခံရောဂါ အရင်းမြစ်ကို သေချာသိပြီး ကုသဖို့လည်း လိုပါသေးတယ်။

    ဒီတော့ သွေးပေါင်ချိန် ပုံမှန်ပမာဏအတွင်းပဲရှိနေအောင် ကိုယ့်ရဲ့နေထိုင်မှု ပုံစံတွေကို ပြောင်းလဲ ဂရုစိုက်ဖြစ်ဖို့လည်း လိုပါသေးတယ်။

    • တစ်နေ့ကိုအနည်းဆုံး မိနစ် ၃ ဝလောက် လေ့ကျင့်ခန်းလုပ်မယ်
    • အဝလွန် နေတယ်ဆိုရင် ဝိတ်ချမယ်
    • သွေးပေါင်မတက်အောင်လို့ အငန်တွေ လျှော့စားမယ်
    • အရက်လျှော့သောက်မယ်။
    • သွေးကြောတွေကို အဓိက ထိခိုက်စေတဲ့ ဆေးလိပ်ြဖတ်မယ်။
    • စိတ်ဖိစိးမှုတွေ အတတ်နိုင်ဆုံး လျှော့ချမယ် ဆိုရင် သွေးပေါင်ချိန်ကို ပုံမှန်အတွင်းမှာပဲ ရှိနေအောင် ထိန်းထားနိုင်မှာပါ။ ဒါဆိုရင် Wide pulse pressure လည်း မဖြစ်တော့ဘူးပေါ့။

    ကဲ ဒီလို Wide pulse Pressure ရဲ့ အရေးကြီးပုံကို သိပြီးပြီးဆိုတော့ နောက်တစ်ခါ သွေးပေါင်ချိန်တိုင်း အပေါ်သွေးနဲ့ အောက်သွေး ခြားနားချက် ဘယ်လောက်ရှိလဲဆိုတာ နှုတ်ကြည့်ဖို့ မမေ့နဲ့နော် ။ စောစောသိ စောစောကု စောစောပျောက်တာပေါ့ မဟုတ်ဘူးလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement